၇ နှစ်ပြည့် မွေးနေ့လေးဖြစ်ပါတယ်။

သမီးကြီး ပြေသုဒြာအတွက်ဖေဖေ ပြေတီဦးက အခုလို မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ်။ တကယ်ကို လည်လွန်း၊ တက်လွန်းပြီး ချစ်စရာကောင်း တဲ့ သမီးနဲ့ သားကို ပိုင်ဆိုင်ထားတဲ့ ဖေဖေ ပြေတီဦးကတော့ အရမ်းကို ပျော်ရွှင်နေရပါတယ်။

Photo: ပြေတီဦးဖေ့စ်ဘွတ်




သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးနဲ့ သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင် တို့ရဲ့ သမီးကြီး ပြေသုဒြာက အောက်တိုဘာလ ၁၄ ရက်နေ့ (ဒီနေ့)မှာပဲ အသက် ၇ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ သမီးကြီးအတွက် မွေးနေ့ ဆုတောင်း စကားကိုလည်း ဖေဖေပြေတီဦးက အခုလို ပြောပြထားတာ တွေ့ရပါတယ်။

'' Happy Birthday ပါ ဖေ့ဖေ့သမီးရေ။ ဖေဖေ့သမီး စိတ်ဓါတ်ကြံ့ခိုင်ပြီး အရာရာကို မှန်ကန်စွာ စဉ်းစားဆုံးဖြတ်နိုင်တဲ့ သမီးလေးဖြစ်ပါစေ'' ဆိုပြီးတော့ အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သမီးလေးအတွက် မွေးနေ့ ဆုတောင်းပေးရင်း အမှတ်တရ ဓာတ်ပုံလေး တစ်ပုံ တင်ခဲ့ပါတယ်။

Photo: ပြေတီဦးဖေ့စ်ဘွတ်


ပြေတီဦးမှာ ချစ်စရာကောင်းတဲ့ သမီးကြီး ပြေသုဒြာနဲ့ ချစ်စရာကောင်းတဲ့ သားငယ်လေး ပြေဓီရ တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အရမ်းကို လည်လွန်း တတ်လွန်းကြတဲ့ သားသမီးလေးတွေကြောင့် မေမေ အူဝဲကတောင် မနာလို ရတဲ့အကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ စနောက်ပြီး ပြောပြခဲ့ပါတယ်။

'' သားသားက ပိုကပ်တယ်။ သုသုက အရင်တုန်းက နေတာအရမ်းအေးတယ်။ သူက သူ့ဖီလင် သူ့ Mood နဲ့ သူနေတာ။ အခုနောက်ပိုင်း သား သားက အဖေကို အရမ်းချစ်ပြီး အရမ်းကပ်တဲ့အခါကျတော့ သူကပါ ရောရောပြီးကပ်တော့ သားရော၊ သမီးရောက အဖေကို အရမ်းကပ် နေတယ်။ အဲ့ဒါကို သူတို့ အမေက မနာလိုတွေ ဖြစ်နေတာပေါ့'' လို့ ပြေတီဦးက ပြောပါတယ်။

Photo: ပြေတီဦးဖေ့စ်ဘွတ်

ဘဝမှာအရသာ အရှိဆုံးအချိန်တွေကို ပြောပြလိုက်တဲ့ ပြေတီဦး 

ပြေတီဦးဟာ အာဒံရယ်၊ဧဝရယ်၊ဒဿရယ် ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၀ခုနှစ်အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် မှာ "လက်ပံ" ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၁၃ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ ၂၀၁၄ခုနှစ်မှာ နှလုံးသားဖြင့် ပြုလုပ်သည် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းအမျိုးသားဇာတ် ဆောင်ဆုကို ရရှိခဲ့သူတစ်ဦး ဖြစ် ပါတယ်။

Photo: ပြေတီဦးဖေ့စ်ဘွတ်


အကယ်ဒမီပြေတီဦးဟာအနုပညာနဲ့ ပတ်သက်ပြီး အကယ်ဒမီဆုတွေလည်း ပိုင်ဆိုင်ထားသလို အနုပညာလုပ်ငန်းကနေရရှိလာတဲ့ ငွေကြေး နဲ့ တည်ထောင်ခဲ့တဲ့ ပြေတီဦး ဖောင်ဒေးရှင်းကြီးရဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်ပါတယ်။ ပြေတီဦးဟာ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူး နေရသလို ပရဟိတအလုပ်တွေလည်းလုပ်ရင်း မိသားစုကိုပါ အချိန်ပေးနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က