Liam လေးအတွက် ပထမဆုံး အတွေ့အကြုံလေးပါ။

ယွန်းဝတီလွင်မိုးက မြန်မာနိုင်ငံ ပြန်ရောက်နေတုန်းမှာ သားသားလေးနဲ့အတူ ရန်ကုန်မြို့ထဲ လျှောက်လည်ဖြစ်တယ်လို့ သိရပါတယ်။



Liam လေးရဲ့ ပထမဆုံး Night out ထွက်တဲ့ပုံ

 

ယွန်းဝတီလွင်မိုးက မြန်မာနိုင်ငံ ပြန်ရောက်နေတုန်းမှာ သားသားလေးနဲ့အတူ ရန်ကုန်မြို့ထဲ လျှောက်လည်ဖြစ်တယ်လို့ သိရပါတယ်။ သား လေး Liam နဲ့ night out အတူတူ ထွက်ဖြစ်တယ်ဆိုတဲ့ အကြောင်းလေးကိုလည်း သူမရဲ့ အင်စတာဂရမ်မှာ တင်ထားတာတွေ့ရပါတယ်။ သားလေးနဲ့ ပထမဆုံး Night Out ထွက်ဖြစ်တဲ့ နေရာလေးက ရန်ကုန်မှာရှိတဲ့ Fisherman's Wharf Fish Hotpot MM ဆိုင်ပါတဲ့။

Photo : ယွန်းဝတီလွင်မိုး IG

 

သားသားနဲ့အတူ Night out ထွက်တဲ့ပုံလေးကို ယွန်းဝတီလွင်မိုးက သူမရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့တာပါ။ ချစ်ဖို့ကောင်းတဲ့ သားသားနဲ့ အတူတူ ရိုက်ထားတဲ့  ပုံလေးကိုလည်း ယွန်းဝတီလွင်မိုးရဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်တယ်နော်။ယွန်းဝတီလွင်မိုးဟာ လက်ရှိမှာ သားလေး Liam နဲ့အတူ မြန်မာနိုင်ငံကို ပြန်ရောက်နေတာ ဖြစ်ပါတယ်။ သားလေး Liam ဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က (၂) လပြည့် သွားခဲ့တာပါ။

အခုနောက်ပိုင်းမှာ သားလေးနဲ့ ပုံလေးတွေကို သူမရဲ့ အင်စတာဂရမ်မှာ ပရိသတ်တွေ တင်ပေးဖြစ်တာတွေ့ရပါတယ်။သားလေးဟာ လက်ရှိမှာ ကျန်းကျန်းမာမာရှိသလို အရမ်းကိုလည်း ထွားတယ်လို့ ယွန်းဝတီလွင်မိုးလေးက ပြောပြခဲ့ပါသေးတယ်။ သားလေးကို ယခုလက်ရှိမှာ Liam လို့ပေးထားပြီး မြန်မာနာမည်ပေးဖို့ကိုလည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။

Photo : ယွန်းဝတီလွင်မိုး IG

မွေးနေ့မတိုင်ခင် Surprise အလုပ်ခံလိုက်ရတဲ့ ယွန်းဝတီလွင်မိုး 

Liam လေးရဲ့ ထူးခြားလေးတစ်ခုက အရမ်းအေးတဲ့ကလေးထဲမှာ ပါတယ်တဲ့။ သူဗိုက်ဆာတဲ့အချိန်၊ ဒိုက်ဘာ ညစ်ပတ်နေတဲ့အချိန်တွေသာ အသံထွက်တတ်ပြီး ကျန်တဲ့အချိန်တွေမှာဆို ပျော်နေတတ်တဲ့ ကလေးလေးဖြစ်တယ်ဆိုပြီး စက်တင်ဘာ(၂) ရက်နေ့က ပရိသတ်တစ်ယောက် ချင်းဆီရဲ့ မွေးခွန်းလေးတွေကို ယွန်းဝတီလွင်မိုးက စိတ်ရှည်စွာ ဖြေဆိုပေးထားပါတယ်။

ယွန်းဝတီ လွင်မိုးကတော့ မင်းသားကြီးလွင်မိုးနဲ့ ဒေါ်မေသူတို့ရဲ့  သမီးကြီးလေးဖြစ်သလို ဖခင်နဲ့ မိခင်တို့ရဲ့ ချောမောတဲ့ ရုပ်ရည်လေးကို အမွေဆက်ဆံထားသူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။ယွန်းဝတီလွင်မိုးဟာ သရုပ်ဆောင် လွင်မိုးရဲ့သမီးဖြစ်ပြီး ကြော်ငြာအချို့မှာလည်း ပါဝင်ထားတဲ့သူမဟာ ချစ်ဖို့ကောင်းပြီး လှပတဲ့အတွက် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားသူလေးပဲ ဖြစ်ပါတယ်။

Photo : ယွန်းဝတီလွင်မိုး IG

 

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်မယ့် ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က