ရဲတိုက်၊ နေနော်၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်း ကြည်၊ အိချောပိုတို့ပါဝင်ပါတယ်။

ဒါရိုက်တာရာဇဝင်ကိုက မိန်းမကြမ်းကြီးများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရဲတိုက်၊ နေနော်၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ခိုင် သင်းကြည်၊ အိချောပိုတို့နဲ့ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုလည်း သူကိုယ်တိုင် ဇာတ်ညွှန်းရေးထားတာပါတဲ့။

 

ဒါရိုက်တာ ရာဇဝင်ကို တစ်ယောက် မိန်းမကြမ်းကြီးများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို နာမည်ကျော်မင်းသမီး၊ မင်းသားတွေနဲ့ ရိုက်ကူးတော့ မယ်လို့ သိရပါတယ်။ သူဟာ ဟာသဇာတ်ကား ကောင်းတွေကို အမြဲဖန်တီးရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ သူရိုက်ကူး တဲ့ ဇာတ်ကားတွေကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူ ကျပါတယ်။

'' မိန်းမကြမ်းကြီးများ ရုပ်ရှင်ဇာတ်ကားကြီးကို ရာဇဝင်ကို ကိုယ်တိုင် ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင် ရဲတိုက်၊ နေနော်၊ မို့မို့မြင့်အောင်၊ စိုးမြတ် သူဇာ၊ ခိုင်သင်းကြည် နဲ့ အိချောပို တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာပါ။  ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ရာဇဝင်ကို နဲ့အတူ မင်းတော် ဝင်က ရေးထားတာပါ။ ဇာတ်လမ်းအနေနဲ့ ကိုတော့ ရာဇဝင်ကို ကိုယ်တိုင် ရေးသားခဲ့ပါတယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: ရာဇဝင်ကို ဖေ့စ်ဘွတ်

ပျော်ပျော်ပါးပါးရိုက်ကူးနေကြတဲ့ ပင်လယ်လုပွဲရုပ်ရှင်ဇာတ်ကား 

ပရိသတ်တွေကို ဟာသရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ မရိုးအောင်ရိုက်ကူးပုံဖော်လေ့ရှိတဲ့ ဒါရိုက်တာရာဇဝင်ကို ကတော့ ဟာသရုပ်ရှင် ဇာတ် ကားအပြင် မိဘမဲ့ကလေးတစ်ယောက်ရဲ့ အကြောင်းဖြစ်တဲ့ ဒရာမာရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးထားတယ် လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

'' ဒရာမာဇာတ်ကားတွေလည်း ရိုက်ဖို့ရှိပါတယ်။ မြင့်မိုရ်ညီလို့ ကြွေတဲ့ကြယ် ဆိုတဲ့ဒရာမာဇာတ်ကားလေးတစ်ကားလည်းရိုက်ထား ပါ တယ်။ အဲ့ဒါကတော့ မိဘမဲ့ကလေးတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ထားတာပေါ့'' ဆိုပြီးတော့ဖြေဆိုခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားကောင်း တစ်ကား ဖြစ်တာကြောင့် ပရိသတ်အကြိုက်တွေ့မှာပါလို့လည်း ဆက်လက်ပြောပြထားပါတယ်။

Photo: ရာဇဝင်ကို ဖေ့စ်ဘွတ်

 

ဒါရိုက်တာရာဇဝင်ကိုရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ဖေ့စ်ဘွတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီး၊ ငါ့အကယ်ဒမီ ရုပ်ရှင်ဇာတ်ကား ကြီး တို့ကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာကြောင့် အောင်မြင်မှုရရှိလာခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီ နောက် နာမည် ကျော်ရုပ်ရှင် သရုပ်ဆောင်များစွာနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူပါ။

Photo: ရာဇဝင်ကို ဖေ့စ်ဘွတ်

 

အခုလက်ရှိ မှာလည်း ပင်လယ်လုပွဲ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် ရန်အောင်၊ ရဲအောင်၊ ဇေရဲထက်၊ စိုးမြတ်သူဇာ၊ သွန်းဆက်၊ နန်းမြတ်ဖြိုးသင်း တို့နဲ့ အတူ ချောင်းသာကမ်းခြေမှာရိုက်ကူးထားတယ်လို့ သိရပါတယ်။ သူကိုယ်တိုင် ရိုက်ကူးထားတဲ့ အဆိုတော်တွေ နေတဲ့ရွာ ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်က ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က