ပျော်စေချင်လို့ စလိုက်တာတကယ်ထင်သွားကြတယ်တဲ့။

ပရိသတ်တွေရဲ့ အချစ်တော် အိစိကွေးက သူခေါ်ထားတဲ့ Challenge ကြောင့် တော်တော့်ကို အကြပ်ရိုက်သွားစေခဲ့ပါတယ်။ Like 10K , Comment 10K ရရင် Crush နဲ့ပုံကို Cover Photo ချိန်းမယ်ဆိုပြီး ပရိသတ်တွေနဲ့ သူငယ်ချင်းတွေကို Challenge ခေါ်ခဲ့တာပါ။

Photo : အိစိကွေး FB

 

ပရိသတ်တွေရဲ့ အချစ်တော် အိစိကွေးက သူခေါ်ထားတဲ့ Challenge ကြောင့် တော်တော့်ကို အကြပ်ရိုက်သွားစေခဲ့ပါတယ်။ Like 10K , Comment 10K ရရင် Crush နဲ့ပုံကို Cover Photo ချိန်းမယ်ဆိုပြီး ပရိသတ်တွေနဲ့ သူငယ်ချင်းတွေကို Challenge ခေါ်ခဲ့တာပါ။ သူငယ်ချင်း တွေ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် သူ့ရဲ့ Challenge က အောင်မြင်ခဲ့ပြီး Crush နဲ့ ရိုက်ထားတဲ့ ပုံကို အိစိကွေးရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။

Photo : အိစိကွေး FB

 

Crush ရဲ့ မျက်နှာကို စတစ်ကာ အုပ်ထားခဲ့ပေမယ့် ပရိသတ်တွေက ဟန်နာယူရီရဲ့ ပုံမှန်း သိခဲ့ကြပါတယ်။ အိစိကွေးဟာ ပုံတင်ပြီး တစ်နာရီ အတွင်း crush ရဲ့ ပုံကို ပြန်ဖျက်ခဲ့ပြီး "Crush တော့ Crush လိုက်တာပဲလေပြီးရင် ဘာမှဆက်မဖြစ်တော့တာလေးတစ်ခုပဲ" ဆိုတဲ့ စာသားလေး ကို တင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာ  အိစိကွေးတစ်ယောက် အားလုံးကို ပျော်စေချင်လို့ စနောက်ပြီး တင်လိုက်ပေမယ့် အကုန်လုံးက တကယ်ထင်သွားတဲ့အတွက် မဖြေရှင်းတော့ဘူးဆိုပြိး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၁၆) ၇က်နေ့ထပ်ရေးထားတာတွေ့ရပါတယ်။

Photo : အိစိကွေး FB

ပရိသတ်နဲ့ အဆက်မပြတ်အောင် အနုပညာအလုပ်တွေ ချပြဦးမယ့် အိစိကွေး 

"အားလုံးကိုလည်းပျော်စေချင်လို့စနောက်ပြီး တင်လိုက်တာပဲ တကယ်ထင်သွားတာတော့ မတတ်နိင်ဘူးဗျာ   နောက် ဘာ Challenge မှလည်း မလုပ်တော့ဘူူး ကိုယ့်ဘာသာပဲပျော်အောင်နေတော့မယ်။အများကြီးလည်းမဖြေရှင်းချင်တော့ဘူး။ထင်ချင်သလိုထင်ကြပါ Thats all" ဆိုပြီး ဆက်လက်ရေးသားထားပါတယ်။

အိစိကွေးနဲ့ ဟန်နာယူရီဟာ အိစိကွေးရဲ့ "အလွမ်းရဲ့ အရသာ" ဆိုတဲ့ သီချင်းလေးမှာ အတူတူ သရုပ်ဆောင်ထားပါသေးတယ်။ အဲ့ဒီသီချင်းလေး ဟာလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။

Photo : အိစိကွေး FB

 

အိစိကွေးဟာ သရုပ်ဆောင်အလုပ်တွေသာမက ဂီတအပိုင်းမှာလည်း ဝါသနာတစ်ခုအနေနဲ့ အောင်မြင်ဖို့ ကြိုးစားနေသူ တစ်ယောက်ဖြစ်ပါ တယ်။ အောက်တိုဘာလ ၁ ရက်နေ့က ထွက်ရှိခဲ့တဲ့ '' အလွမ်းရဲ့ အရသာ'' ဆိုတဲ့ သီချင်း MTV လေးကိုလည်း သူကိုယ်တိုင် ရေးပြီး သူ ကိုယ်တိုင် ဆိုထားခဲ့တာပါ။

'' သီချင်းနာမည်ကတော့ အလွမ်းရဲ့ အရသာပါ။ ဒီသီချင်းက အိစိကိုယ်တိုင်ရေးထားတယ်။ အိစိကိုယ်တိုင်လည်း ဆိုထားတယ်။ အမြဲတမ်း အလိုလို ပရိသတ်နဲ့ အဆက်မပြတ်အောင်တော့ လုပ်နေရတာပဲလေ။ အိစိရဲ့ ဇာတ်ကားလေးတွေ မထွက်ခင်မှာ အိစိရဲ့ အနုပညာအလုပ် လေးတွေကို ပရိသတ်တွေဆီချပြခွင့်ရတယ်။ ပရိသတ်တွေနဲ့လည်း အဆက်မပြတ်သွားအောင် စဉ်းစားပြီးတော့ လုပ်ဖြစ်သွားတာပါ။

Photo : အိစိကွေး FB

 

အိစိကွေးဟာ ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ ဇာတ်ကားတွေ အများကြီးရိုက်ကူးခဲ့ဖူးပါတယ်။ အဲ့ဒီနောက် ၁၀ ကျော်သက်အရွယ် ရောက်လာတဲ့ အချိန်မှာလည်း ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးထားတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က