ဘယ်လိုတွေတောင် ချစ်ဖို့ကောင်းလဲ ကြည့်လိုက်နော်။

ရှုတင်နားချိန်မှာ လူမင်းက ဦးဟိန်းမင်းကို မျက်လှည့်တစ်ခုပြခဲ့တာပါ။ လူမင်းရဲ့ မျက်လှည့်ပြကွက်ထဲကို ဦးဟိန်းမင်းတစ် ယောက် မျောပါသွား ခဲ့ပြီး အငိုက်မိသွားခဲ့တာဖြစ်ပါတယ်။



Photo : လူမင်း FB

 

ဒီနေ့ (အောက်တိုဘာ၁၆ရက်)မှာ လူမင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယိုဖိုင်လေးတစ်ဖိုင် တင်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်လေးက ဦးဟိန်းမင်းကို လူမင်းတစ်ယောက် မျက်လှည့်ပြနေတဲ့ ဖိုင်ပါ။ ရှုတင်နားချိန်မှာ လူမင်းက ဦးဟိန်းမင်းကို မျက်လှည့်တစ်ခုပြခဲ့တာပါ။ လူမင်းရဲ့ မျက်လှည့်ပြကွက်ထဲကို ဦးဟိန်းမင်းတစ်ယောက် မျောပါသွား ခဲ့ပြီး အငိုက်မိသွားခဲ့တာဖြစ်ပါတယ်။

Photo : လူမင်း FB

ဗီဒီယိုထဲမှာ လူမင်းက ရေဘူးတစ်ဘူးရဲ့ အောက်မှာ ကြွေစိထားပြီး ဟိန်းမင်းကို ရေသန့်ဘူးအဖုံးဖွင့်ခိုင်းခဲ့ပါတယ်။ ဦးဟိန်းမင်းတစ်ယောက် လည်း လူမင်းပြောတဲ့ အတိုင်း ရေဘူးအဖုံးကို ဖွင့်ပြီး ရေဘူးထဲသို့ ငုံ့ကြည့်လိုက်ပါတယ်။  အဲ့ဒီအချိန်မှာ လူမင်းက ရေဘူးကို ညှစ်လိုက်ပြီး ဦးဟိန်းမင်းရဲ့ မျက်နှာကို ရေတွေစင်အောင် လုပ်ခဲ့တာ ဖြစ်ပါတယ်။

မျက်နှာကိုရေတွေစင်သွားတာကြောင့် ဦးဟိန်းမင်းတစ်ယောက် လန့်လည်း လန့်သွားသလို ဒေါသတွေလည်း ဖြစ်သွားခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုလေးကို ကြည့်ပြီး အနုပညာ ညီအစ်ကို မောင်နှမတွေကောပရိသတ်တွေကပါ သဘောကျနေကြတာတွေ့ရပါတယ်။  ဦးဟိန်းမင်းရဲ့ ဒေါသဖြစ်တဲ့ပုံလေးကိုကြည့်ပြီး ပရိသတ်တွေက သဘောကျနေကြပါတယ်။ လူမင်းစနောက်ထားတဲ့ ဗီဒိယိုဖိုင်လေးကိုလည်း ပရိသတ်တွေ တွေ့မြင်နိုင်အောင် တင်ပေးလိုက်တယ်နော်။

လူမင်းနဲ့ ဦးဟိန်းမင်းတို့က လက်ရှိမှာ ဇာတ်ကားအတူတူရိုက်ကူးနေကြတာပါ။ သူတို့နှစ်ယောက်စလုံးဟာ ဇာတ်ကားတွေ တော်တော် များများ မှာ အတူတူသရုပ်ဆောင်ဖူးသူသလို တစ်ယောက်နဲ့ တစ်ယောက် အချိတ်အဆက်မိမိ သရုပ်ဆောင်နိုင်သူတွေလည်း ဖြစ်ပါတယ်။

 

အနုပညာဆိုတာ လက်ညှိုးထိုးဝေဖန်ရမယ့် လောကမဟုတ်ကြောင်းပြောတဲ့လူမင်း 

ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။

လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး ဥက္ကဌရာထူးကို ဆက်ခံပြီးနောက်ပိုင်း အကယ်ဒမီဆုများနဲ့ ဝေးကွာနေသူ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : လူမင်း FB

 

၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ယခုလက်ရှိမှာတော့ ဥက္ကဌတာဝန်ကနေ အနားယူခဲ့ပြီး သူဝါသနာပါရာအနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က