အစာအိမ်မှာလည်း အနာဖြစ်နေတယ်တဲ့။

အစာအိမ်မှာ အနာအကြီးကြီးဖြစ်နေတာကြောင့် ဒီနေ့(အောက်တိုဘာ၁၇ရက်)ကစပြီး အစားအသောက်ကို အချိန်မှန်မှန်နဲ့ ဆင်ခြင်ပြီး စားရတော့မှာ ဖြစ်သလို ခန္ဓာကိုယ်အတွက် ဝိတ်ချတော့မယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။



Photo : သားညီ FB

 

အနုပညာအလုပ်တွေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကိုတောင် ဂရုမစိုက်မိခဲ့တဲ့ သားညီကတော့ အခုချိန်ကနေ စပြီး ကျန်းမာရေး ဂရုစိုက်တော့ မယ်လို့ ဆိုပါတယ်။ ဗိုက်ထဲမှာ အစာမရှိလဲနာ အစာရှိလဲ နာနေလို့ မှန်ပြောင်းထည့်ပြီး ကြည့်လိုက်တဲ့အခါ အစာအိမ် မှာ အနာဖြစ်နေတာကို ဆေးစစ်ကြည့်မှ သိခဲ့ရပါတယ်။

အစာအိမ်မှာ အနာအကြီးကြီးဖြစ်နေတာကြောင့် ဒီနေ့(အောက်တိုဘာ၁၇ရက်)ကစပြီး အစားအသောက်ကို အချိန်မှန်မှန်နဲ့ ဆင်ခြင်ပြီး စားရတော့မှာ ဖြစ်သလို ခန္ဓာကိုယ်အတွက် ဝိတ်ချတော့မယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : သားညီ FB

 

"ဗိုက်ထဲမှာ အစာမရှိလဲ နာတယ်ဗိုက်ထဲမှာ အစာရှိလဲ နာတယ်။ အဲ့ဒီတော့ ဗိုက်ထဲ မှန်ပြောင်းလေးထည့်ကြည့်လိုက်တာပေါ့ ။တွေ့တယ်လေ အစာအိမ်မှာ အနာကိုဖြစ်လို့နည်းတဲ့အနာကြီးမှ မဟုတ်တာ .ဒီနေ့ကစပြီး အစားအသောက်ကို  အချိန်မှန်မှန်နဲ့ ဆင်ဆင်ခြင်ခြင် စားရ တော့မယ်။ အပူအစပ်တွေရှောင်ရတော့မယ် ။နှလုံးအတွက် ပေါင် 200 ကနေတစ်နှစ်အတွင်း ပေါင် 40 ချရမယ်တဲ့ ။ကဲ စိန်စိန်တို့

ကျန်းမာရေးကို ဂရုစိုက်ပြီလေ ။မိတ်ဆွေတို့လည်း ဂရုစိုက်ကြပါဗျာ ။ကြိုတင်ကာကွယ်ခြင်းဟာကုသခြင်းထက် ပိုကောင်းပါတယ် ခင်ဗျ။ ဝိတ်ချတော့မယ့် စိန်စိန် ." ဆိုပြီး အောက်တိုဘာ(၁၇) ရက်နေ့ နေ့လည်(၁)နာရီလောက်က ရေးသားထားတာဖြစ်ပါတယ်။

Photo : သားညီ FB

အိမ်ထောင်သက်တမ်း ၁၂ နှစ်ပြည့်ပြီဆိုတဲ့ သားညီတို့ဇနီးမောင်နှံ 

သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ အနုပညာညီအစ်ကို မောင်နှမတွေက ဂရုစိုက်ဖို့ ပြောထားကြပါတယ်။ သားညီဟာ သရုပ် ဆောင် တစ်ယောက်ဖြစ်သလို ဒါရိုက်တာ တစ်ယောက်လည်းဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒါရိုက်တာအဖြစ် ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေတာ တွေ့ရပါတယ်။

ဒါရိုက်တာသားညီဟာ သရုပ်ဆောင်ဒွေး(ခ) ကိုသားကြီးရဲ့ ချစ်လှစွာသော ညီအရင်းတစ်ယောက်ဖြစ်ပါတယ်။ အရင်က သရုပ်ဆောင် အလုပ် တွေ ကိုလည်း အစ်ကိုဖြစ်သူနဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့ပါသေးတယ်။ ဒွေးသေဆုံးသွားပြီးတဲ့နောက် သားညီကလည်း အနုပညာလောကနဲ့ အနည်းငယ် ဝေးကွာသွားခဲ့ပါသေးတယ်။

Photo : သားညီ FB

ခုနောက်ပိုင်းမှာတော့ အနုပညာလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက် ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက် တစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။

သားညီအနေနဲ့ သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူး တွေမှာ ဖြေဆိုဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က