ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့ဖြစ်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင် ရဲ့ မွေးနေ့ အလှူကို ဗဟန်းမြို့နယ်မှာရှိတဲ့ မဟာဝိသုဒ္ဓါရုံကျောင်းမှာ အလှူအတန်း တွေပြုလုပ်ခဲ့ပါတယ်။ ဒီအလှူမှာတော့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အနုပညာလောကသားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Photo: Zin Yaw Fb

 

ဒီနေ့(အောက်တိုဘာလ ၁၇ ) ရက်နေ့ က အကယ်ဒမီ ဒါရိုက်တာစင်ရော်မောင်မောင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာတော့ အနုပညာ လောကသားတွေနဲ့ အတူ ဗဟန်းမြို့နယ်မှာရှိတဲ့ မဟာဝိသုဒ္ဓါရုံကျောင်းမှာ ရှိတဲ့ သံဃာတော် အပါး ၁၄၀ တို့ကိုအလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

'' ကျွန်တော့်ရဲ့ မွေးနေ့မင်္ဂလာ အဖြစ် ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်းတွင် သီတင်းသုံးတော်မူသော ယောဆရာတော်ကြီးအား အမှူး ထား၍ သံဃာတာ်အပါး(၁၄၀)အား ဆွမ်းကပ်လှူဒါန်းခဲ့ပါသည်။ နတ်လူသာဓု ခေါ်တော်မူကြပါခင်ဗျာ။ ချစ်ခင်လေးစား စွာ ဖြင့် မောင် စင်ရော်'' ဆိုပြီးတော့ အောက်တိုဘာလ ၁၇ ရက်နေ့ နေ့လည် ၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: Zin Yaw Fb

 

စင်ရော်မောင်မောင် ကိုယ်တိုင် ရိုက်ကူးပုံဖော်ခဲ့တဲ့ ထာဝရအမေဇာတ်ကားကြီးဟာ ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်းရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ အဲဒီဇာတ်ကားမှာ နေတိုး၊ ဝတ်မှုံရွှေရည်နဲ့ မေသန်းနုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး မိခင်ရဲ့မေတ္တာကို ဖော်ကျူးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ပရိသတ်က အသိအမှတ်ပြုထားပါတယ်။

Photo: Zin Yaw Fb

သားရှိတဲ့ အမေရိကသို့ အလည်ရောက်နေကြတဲ့ စင်ရော်မောင်မောင်နဲ့မေသန်းနု

ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ ၂၀၁၇ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာဆု ကို ရရှိခဲ့ပါတယ်။ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၉၄ ခုနှစ်မှာ "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ "လျှို့ဝှက်သောနှင်း" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။

Photo: Zin Yaw Fb

 

ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင် တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြားတောင် ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု ရရှိခဲ့ပါတယ်။ ဒါကြောင့် အခု ဒါရိုက်တာဆုနဲ့ဆိုရင် စင်ရော်မောင်မောင် ဟာ ဒါရိုက်တာဆု ၃ ဆု၊ ဇာတ်ကားဆု ၃ ဆု၊ စုစုပေါင်း အကယ်ဒမီဆု ၆ ဆု ပိုင်ဆိုင်ထားပါပြီ။

Share

Loading Next Article...
က္က