TV ဖန်သားပြင်ပေါ်မှာ ပြန်လည်မြင်တွေ့ရတော့မှာပါ။

ဇာတ်ကားမရိုက်တာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်ကို မကြာခင် TV ဖန်သားပြင် ထက်မှာ ပြန်လည် မြင်တွေ့ရတော့မှာပါ။

Photo : မျိုးစန္ဒီကျော် FB

 

ဇာတ်ကားမရိုက်တာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်ကို မကြာခင် TV ဖန်သားပြင်ထက်မှာ ပြန်လည် မြင်တွေ့ရတော့မှာပါ။ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့သူမဟာ အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ရတာပါ။ အခုတော့ သူမဟာ သမီးလေးနဲ့ မိသားစုအတွက် အရင်ကထက် အလုပ်တွေ ပိုပြိး ကြိုးစားတော့မယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

Photo : မျိုးစန္ဒီကျော် FB

 

"မနက်ဖြန်စရိုက်မယ့်Sky Net ကလွှင့်မယ့် ဇာတ်လမ်းတွဲပါ ကားမရိုက်တာလေးနှစ်ကျော်ငါးနှစ်ရှိပါပြီ ဂျိုးကိုချစ်တဲ့သူများက ပြန်ရိုက်ဖို့ တိုက်တွန်းကြ တာရော ကိုယ်တိုင်ကလည်း ဒီအလုပ်ကိုချစ်တဲ့ အတွက်ပြန်လုပ်ပါပြီ။သမီးလေးနဲ့ဂျိုးရဲ့မိဘ မိသားစုအတွက် အရင်ကထက်အ လုပ်ကိုပိုပြီးကြိုးစားပါ့မယ် ဂျိုးကိုချစ်တဲ့သူများအားပေးကြပါအုံးနော်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၁၇) ရက်နေ့ နေ့လည် (၁)နာရီခွဲလောက်က ရေးသားထားပါတယ်။

Photo : မျိုးစန္ဒီကျော် FB

ခင်ပွန်းအဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာလိုက်တဲ့ မျိုးစန္ဒီကျော် 

မျိုးစန္ဒီကျော်ဟာ အောက်တိုဘာ(၁၈) ရက်နေ့မှာ ရွှေသံလွင် မီဒီယာက ထုတ်လုပ်ပြီး ဒါရိုက်တာ သစ္စာပိုင်စိုး ရိုက်ကူးမယ့် "ရှပ်4ချစ်သူ" ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ယင်းဇာတ်လမ်းတွဲမှာ မင်းသူ၊ ဇေယျ၊ စိုးရန်အောင်၊ မြတ်သူအောင်၊ ငြိမ်းသူအောင်၊ ပိုပိုနဲ့အတူ သူမက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Photo : မျိုးစန္ဒီကျော် FB

 

မျိုးစန္ဒီကျော်ဟာ အနုပညာအလုပ်တွေနဲ့ ကင်းကွာနေခဲ့တာ(၄)နှစ်ကျော်လောက် ရှိနေခဲ့ပြီး ဇာတ်ကားတွေ မရိုက်ကူးဖြစ်တာ ကတော့ (၅)နှစ်လောက်ရှိခဲ့ပါပြီ။ သူမက အနုပညာအလုပ်တွေနဲ့ ကင်းကွာနေပေမယ့် သမီးလေးကတော့ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေတာလည်း တွေ့ရပါတယ်။

Share

Loading Next Article...
က္က