သမီးလေးက ၇ လပြည့်ပါပြီ။

ဖေဖေ မိုးမိုး တစ်ယောက် သမီးလေး မိုးအိပ်မက်လွှာ အကြောင်းတွေ ပြောပြလာပါတယ်။ သမီးလေးကတော့ အခုဆိုရင် ၇ လ ပြည့်ပြီးပြီလို့ ဆိုပါတယ်။

Photo: မိုးမိုးဖေ့စ်ဘွတ်

 

အဆိုတော် မိုးမိုးတစ်ယောက် သူ့ရဲ့သမီးလေး မိုးအိပ်မက်လွှာအကြောင်းတွေ ပြောပြလာပါတယ်။ သမီးလေးက အဖေ အနား ကပ်လွန်းလို့ ဘယ်သူမှတောင် ခေါ်လို့ မရဘူးလို့ သူကဆိုပါတယ်။

'' အဖေပေါ်မှာဆို ပြုံးလို့ပျော်လို့ ဘယ်သူမှ ခေါ်လို့လဲမရတော့ဘူး။ တဖြည်းဖြည်းပိုသိလာလေ အဖေ ပိုကပ်လေပဲ ။ မောင်မိုးမိုး သာဒီးလူ ပြီလေ(ကျွန်တော်ရူးနေသည်ပေါ့)'' ဆိုပြီးတော့ အောက်တိုဘာလ ၁၈ ရက်နေ့ နေ့လည် ၁၁ နာရီ ၁၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: မိုးမိုးဖေ့စ်ဘွတ်

 

အဆိုတော်မိုးမိုး နဲ့ မြတ်ပီတိမိုးတို့ရဲ့ တစ်ဦးတည်းသော သမီးလေး မိုးအိပ်မက်လွှာ ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးကိုတော့ ပရိသတ်တော်တော်များများက ဖေဖေ မိုးမိုးနဲ့  တူတယ်လို့ပြောကြတာကို တွေ့ရပါတယ်။ မိုးအိပ်မက်လွှာ လေးကတော့ အခုဆိုရင် ၇ လပြည့်ပြီးဖြစ်ပါတယ်။

Photo: မိုးမိုးဖေ့စ်ဘွတ်

ဇနီးဖြစ်သူက ဒုတိယရင်သွေးလေး လွယ်ထားရပြီဆိုတဲ့ မိုးမိုး 

တနင်္ဂနွေမိုးရေစက်များ ဆိုတဲ့ တေးစီးရီးကနေ ပရိ သတ် အားပေးမှုအများကြီးရရှိခဲ့တဲ့ အဆိုတော် မိုးမိုး ကတော့ ဖျော်ဖြေရေးတွေမှာလည်း ပါဝင်သီဆိုနေရသလို၊ Group Song အခွေ တွေမှာ လည်း ပါဝင်သီဆိုနေရတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ EP ဆိုတဲ့ တစ်ကိုယ်တော်အခွေ MTV ရိုက်ဖို့ ဝိတ်ချနေတယ်လို့ ပြောပါတယ်။

Photo: မိုးမိုးဖေ့စ်ဘွတ်

 

အဆိုတော်မိုးမိုးဟာ သူ့ရဲ့တစ်ကိုယ်တော်တေးစီးရီးကိုအတီးပိုင်းတွေပြန်လုပ်ရမှာဖြစ်တဲ့အတွက်သိပ်မကြာဘူးလို့ဆိုပါတယ်။သီချင်းပုံစံ တွေ ကလဲ ပျော်စရာတွေ၊ စိတ်ညစ်စရာအကြောင်းတွေပါဝင်တာကြောင့် ကိုယ်ပိုင်ခံစားချက်မဟုတ်ပဲ ပရိသတ်တွေ အတွက်သာ ဖန်တီးထားတာ ဆိုပြီးတော့လည်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က