ဒီနေ့ မနက်မှာပဲ ကွယ်လွန်ခဲ့တာပါ။

ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ ဖခင်ဖြစ်သူ ဦးဝင်းသျှင်(မြန်မာစာ)က ဒီနေ့(အောက်တိုဘာလ ၁၈ ရက်နေ့) မနက်ပိုင်းက ကွယ် လွန် ခဲ့ တာဖြစ် ပါတယ်။ အမျိုးသမီး ဒါရိုက်တာတစ်ယောက်အဖြစ် ရပ်တည်နေတဲ့ ကြည်ဖြူသျှင်က သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကလည်း အောင်မြင်မှုရရှိခဲ့ပါတယ်။

Photo: ကြည်ဖြူသျှင်ဖေ့စ်ဘွတ်



ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ ဖခင်ဖြစ်သူ ဦးတင်ဝင်းသျှင်(မြန်မာစာ)က ဒီနေ့(အောက်တိုဘာလ ၁၈ ရက်နေ့) မနက်ပိုင်းက ကွယ်လွန်သွား တယ်လို့ သိရပါတယ်။ သေဆုံးချိန်မှာ အသက် ၇၇ နှစ်ရှိပြီး ရွှေဂုံတိုင် ဆေးရုံ ICU အထူးကြပ်မတ်ဆောင်မှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။

'' ကျွန်မရဲ့ဖေဖေ ဦးတင်ဝင်းသျှင် ( မြန်မာစာ) အသက် ( ၇၇ ) နှစ်၊ SSC ရွှေဂုံတိုင်ဆေးရုံ ၊ ICU အထူးကြပ်မတ်ဆောင်တွင် ၊ ဒီမနက် (၆ နာရီ - ၂၅ မိနစ်) ၌ကွယ်လွန်သွားပါပြီ။ ဆေးရုံတင်ရန်ကူညီပေးခဲ့သော ရွှေကြာ( လူမှူကူညီရေးအသင်း) အစ်မ မရွှေကြာ နှင့် အဖွဲ့၊အထူးကု


ဆရာ ဝန်ကြီး Dr. ဦးဆန်းလွင်း ၊Dr. ဒေါ်မိမိချို SSC ဆေးရုံ ICU မှတာဝန်ကျဆရာဝန် များ၊သူနာပြုများအားလုံး ကိုအထူးပင် ကျေးဇူးတင်ရှိ ပါသည်။ စိတ်ပူပေးကြသော၊ဆွေမျိုးမိတ်ဆွေများအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်'' ဆိုပြီးတော့ စက်တင်ဘာလ ၁၈ ရက်နေ့ မနက် ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ကြည်ဖြူသျှင်ဖေ့စ်ဘွတ်

ဦးတင်ဝင်းသျှင်ဟာ သရုပ်ဆောင်အကယ်ဒမီ ဒေါ်ခင်လေးသိမ့်ရဲ့ ခင်ပွန်းဖြစ်ပြီး သမီးဖြစ်သူ နုရွှေရည် နဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်တို့ရဲ့ ဖခင်ဖြစ်ပါတယ်။

ကြည်ဖြူသျှင်ဟာ ၂၀၁၇ ခုနှစ်အတွင်းကလည်း ဇာတိမြေဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ခဲ့ပါတယ်။ ဇာတိမြေ ရုပ်ရှင်ဇာတ်ကားဟာ ၁၉၈၈ နောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးသမားတွေ ရဲ့ခံစားချက် တွေကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဇာတိ မြေ ရုပ်ရှင်ဇာတ်ကားထဲမှာ အောင်ရဲလင်း၊ မိုရီဆာကီဝင်း၊ ရန်အောင် နဲ့ ဝတ်မှုန်ရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင် ထားတာဖြစ် ပါတယ်။

Photo: ကြည်ဖြူသျှင်ဖေ့စ်ဘွတ်

ဇာတိမြေရုပ်ရှင်အတွက် စိတ်မကောင်းဖြစ်နေတဲ့ ကြည်ဖြူသျှင်  

ဒါရိုက်တာကြည်ဖြူသျှင် ရဲ့ တီဗီကြော်ငြာ၊ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အမြဲတမ်း အောင်မြင်မှုတွေရရှိထားသူဖြစ်ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများစွာထဲကမှ နောက်ဆုံးရုံတင်ဖြစ်လိုက်တဲ့ ဇာတိမြေ ရုပ်ရှင် ဇာတ်ကားက မြန်မာနိုင်ငံမှာရော၊ ဂျပန်နိုင်ငံမှာပါ အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။

Photo: ကြည်ဖြူသျှင်ဖေ့စ်ဘွတ်


ဇာတိမြေရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၂၇ ရက်နေ့က စပြီး ရုံတင်ပြသတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်း အမှတ် တစ်ခုအဖြစ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားရုံမတင်ခင် အွန်လိုင်းပေါ်မှာ ပျံ့နှံခဲ့တာဖြစ်တဲ့အတွက် ဇာတ်ကား ကောင်း ဖန်တီးချင်ကြတဲ့ အနုပညာရှင်တွေအတွက်တော့ မျှော်လင့်ချက်တွေ ပိုနည်းလာနိုင်တယ်လို့လည်း ဒါရိုက်တာ ကြည်ဖြူသျှင် က ပြောပြခဲ့ပါ သေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က