ချစ်စရာကောင်းတဲ့ သားလေး ပိုင်ဆိုင်ထားပါတယ်။

သရုပ်ဆောင် မိုးယုစံနဲ့ ခင်ပွန်းဖြစ်သူ ကိုစွမ်းသူမိုး တို့ကတော့ ဒီနေ့မှာပဲ မင်္ဂလာ သက်တမ်း ၂နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ဒီ ၂ နှစ်အတွင်းမှာ ချစ်စရာကောင်းတဲ့ သားဦးလေး Austin လေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

Photo: မိုးယုစံဖေ့စ်ဘွတ်

 

သရုပ်ဆောင် မိုးယုစံနဲ့ ခင်ပွန်းဖြစ်သူ ကိုစွမ်းသူမိုး တို့က ဒီနေ့(အောက်တိုဘာလ ၁၈ ရက်နေ့)မှာပဲ မင်္ဂလာသက်တမ်း ၂ နှစ်ပြည့်ပြီလို့ ဆိုပါ တယ်။ လက်ရှိမှာလည်း သူချစ်ရတဲ့ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖြစ်နေတယ်လို့ မိုးယုစံရဲ့  ရင်ဖွင့်စကားသံကို အခုလို ပြော ပြထားပါတယ်။

'' ဂွမ်းရတုမြောက်ခဲ့ပီ ရတုပေါင်းများစွာကို ချစ်သားလေး ချစ်ခင်ပွန်း ချစ်ရတဲ့မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရင်း။ ဒီချိန်လေးကို အမြဲ အမှတ်ရ နေမှာပါ'' ဆို ပြီးတော့ အောက်တိုဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၂၀ က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မင်္ဂလာဆောင်တုန်းက အမှတ်တရ ဓာတ်ပုံတွေကိုလည်း အတူတွဲတင်ခဲ့ပါတယ်။

Photo: မိုးယုစံဖေ့စ်ဘွတ်

 

ကိုစွမ်းသူမိုး နဲ့ မိုးယုစံတို့ရဲ့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း  အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ  ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုးယုစံတို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Photo: မိုးယုစံဖေ့စ်ဘွတ်

ပွဲလမ်းသဘင်တွေရောက်ရင် စိတ်ညစ်ရတယ်ဆိုတဲ့ မိုးယုစံ 

အဲ့ဒီနောက် မိုးယုစံက သူမတို့ရဲ့ သားဦးလေး Austin ကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၁ ရက်မှာ အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။ သားလေး Austin (ခ) ကောင်းသိင်္ခမိုးသူ ကလည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူလေးပါ။ မိုးယုစံက သားလေးကို စောင့်ရှောက်ရင်း လိုအပ်တဲ့ ပညာရပ် တစ်ခုကို လည်း သင်ယူ နေပါတယ်။ သားလေးရဲ့ အချိန်ထဲကနေ့ ဖဲ့ပြီး ဒီဇိုင်နာ မေမြတ်ဝါဆိုဆီမှာ ဒီဇိုင်နာ သင်တန်းတက်နေတယ်လို့ ဆိုပါတယ်။

Photo: မိုးယုစံဖေ့စ်ဘွတ်

 

မိုးယုစံဟာ သူမဝါသနာပါရာ အလုပ်လေးတွေကို သင်ယူနေသလို အလှူအတန်းတွေကိုလည်း အမြဲဆိုသလို လုပ်ဖြစ်နေသူတစ်ဦးပါ။ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ပရိသတ်တွေနဲ့ အမြဲတမ်း စကားပြောဖြစ်ပြီး သူမရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေသိအောင် ပြောပြဖြစ်နေသူ လည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က