သူမအကောင့်အစစ်နဲ့မှားမှာဆိုးလို့တဲ့။

သူမရဲ့ နာမည်နဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခု ပေါ်လာတာကြောင့် ပရိသတ်တွေအထင်မမှားစေဖို့အတွက် သူမရဲ့ ဖေ့စ်ဘွတ်အ ကောင့် ကနေ ယခုလို သတိပေးထားတာတွေ့ရပါတယ်။

 

သရုပ်ဆောင် ဆုမြတ်နိုးဦးက လက်ရှိမှာ (Hsu Myat Noe Oo) ဆိုတဲ့ အကောင့်ကိုပဲ အသုံးပြုနေတာ ဖြစ်ပါတယ်။ သူမရဲ့ နာမည်နဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခု ပေါ်လာတာကြောင့် ပရိသတ်တွေအထင်မမှားစေဖို့အတွက် သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ယခုလို သတိပေးထားတာတွေ့ရပါတယ်။

"Hsu Myat Noe Oo ဆိုတဲ့ အခုသုံးနေတဲ့ fb အကောင့်တခုကလွဲပြီး မြတ်နိုးတခြားတခြားသောဘယ်အကောင့်ကိုမှမသုံးပါဘူးရှင့် မြတ်နိုးနာမည်နဲ့အကောင့်သစ်တခုပေါ်နေပါတယ်။ မြတ်နိုးရဲ့လက်ရှိအကောင့်ကသူတော်တော်များများကိုလိုက် add ထားပီး တချို့နဲ့လဲ fri ဖြစ်နေပါတယ်Page ပါရှိနေသေးတယ် (တူတူပဲလား မတူတာလားတော့မသိ) အကောင့် အသစ်ဖွင့်ထားတာ လားဆိုပြီး လာမေးနေကြတဲ့သူတွေ စိတ်ပူပြီး သတိပေးကြတဲ့ သူတွေအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။

 

အသစ်ဖွင့်ထဲတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖုန်းနံပါတ်လည်း ပါနေတာကြောင့် အရှုပ်အရှင်းတွေဖြစ်မှာစိုးလို့ အခုလိုမျိုး ပြောပြခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

"အဲ့အကောင့်ကဖုန်းနံပါတ်ပါထည့်ထားတဲ့အတွက် အဲ့ဖုန်းနံပါတ်ဟာလဲမြတ်နိုးရဲ့ဖုန်းမဟုတ်ပါဘူးနော်.. တခုခု အရှုပ်အရှင်း အထင်မြင်လွဲမှားစရာ တွေဖြစ်လာမှာ စိုးလို့ကြိုအသိပေးထားခြင်းပါ" ဆိုပြီး အောက်တိုဘာ(၁၈)ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ် တွေကို ရှင်းပြထားတာတွေ့ရပါတယ်။

ကျော်ကျော့်ရဲ့ နာမည်ပြောင်ကို ဖွင့်ပြောလာတဲ့ ဆုမြတ်နိုးဦး 

ဆုမြတ်နိုးဦးဟာ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတာတွေ့ရပါတယ်။ သူမရဲ့ ဖေ့စ်ဘွတ်ကနေ လည်း သူမရဲ့ လှုပ်ရှားမှုများကို ပရိသတ်တွေနဲ့ အဆက်မပြတ်အောင်တင်ပေးလေ့ရှိသလို သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ကျော်ကျော်နဲ့ ညီထွဋ်ခေါင်တို့နဲ့ စနောက်နေတဲ့ ပုံများ ဗီဒီယိုများကိုလည်း တင်လေ့ရှိပါတယ်။

 

သရုပ်ဆောင် ဆုမြတ်နိုးဦးရယ်၊ သရုပ်ဆောင် ကျော်ကျော်ရယ်၊ သရုပ်ဆောင် ညီထွဋ်ခေါင် တို့ရယ် က မောင်နှမအရင်းတွေလို ချစ်ကြတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ ကျော်ကျော်၊ ညီထွဋ်ခေါင် နဲ့ ဆုမြတ်နိုးဦးတို့ဟာ သွားအတူ၊ လာအတူ သူငယ်ချင်းတွေဖြစ်ပြီး အမြဲတမ်း တစ်တွဲတွဲ ဆုံနေကြသူတွေ ဖြစ်ပါတယ်။

သရုပ်ဆောင် ညီထွဋ်ခေါင်ရယ်၊ ကျော်ကျော်ရယ်၊ ဆုမြတ်နိုးဦး တို့ဟာ တကယ်ကို ချစ်စရာလည်းကောင်း ပျော်စရာလည်းကောင်းတဲ့ အနု ပညာမောင်နှမ ၃ ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း များသောအားဖြင့် ၃ ယောက် အတူတူ ပါဝင်သရုပ်ဆောင်ထားတာတွေလည်း ရှိပါသေးတယ်။

Share

Loading Next Article...
က္က