ပရိသတ်တွေအတွက် ဓာတ်ပုံလေးတွေ ပြန်တင်ပေးတာတဲ့။

ဝတ်မှုံရွှေရည်ဟာ မှော်ဘီမြို့မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ တရားစခန်းဝင်ခဲ့တာဖြစ်ပြီး တရားစခန်းဝင်ချိန် မှတ်တမ်း တင်ထားတဲ့ ပုံလေးကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှထားတာ ဖြစ်ပါတယ်။



Photo : ဝတ်မှုံရွှေရည် FB

 

သရုပ်ဆောင် ဝတ်မှုရွှေရည်က ပရိသတ်တွေအတွက် တရားစခန်းဝင်ခဲ့တဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ပေး ထားတာတွေ့ရပါတယ်။  သူမက မှော်ဘီမြို့ အောင်ဇဗ္ဗူတောရကျောင်းမှာ တရားစခန်း ဝင်ခဲ့တာ ဖြစ်ပြီး တရားစခန်းဝင်ချိန် မှတ်တမ်း တင်ထားတဲ့ ပုံလေးကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှထားတာ ဖြစ်ပါတယ်။

Photo : ဝတ်မှုံရွှေရည် FB

 

တရားစခန်းဝင်ချိန်က ပုံလေးတွေကို တင်ရင်းနဲ့ ယခုလို စာသားလေးကိုလည်း ရေးသားထားတာတွေ့ရပါတယ်။

"တရားစခန်းဝင်နေတုန်း ပုံလေးတွေ ကြည့်ချင်နေကြတယ်ဆို လို့ အိမ်ကကောင်မလေး မရိုက်တတ်ရိုက်တတ် နဲ့ ရိုက်ပေးထားတဲ့ snap လေးတွေတင်ပေးလိုက်တယ်နော်။အားလုံးပဲ အေးချမ်းပျော်ရွှင်ကြပါစေနော်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ အောက်တိုဘာ(၁၈) ရက်နေ့က ရေးသားထားတာပါ။

Photo : ဝတ်မှုံရွှေရည် FB

 

ယောဂီဝတ်စုံလေးနဲ့ ဘာသာရေးကို သေသေချာချာ ကြိုးစားနေတဲ့ သူမကို ကြည့်ပြီး ပရိသတ်တွေက သာဓုခေါ်ဆိုထားတာကိုလည်း တွေ့ရပါတယ်။ သရုပ်ဆောင်အကယ်ဒမီဝတ်မှုန်ရွှေရည်ရဲ့ အသက် ၃၀ ပြည့်မွေးနေ့ အလှူကို သူမချစ်ရတဲ့ မိသားစု၊ We Love Wutt Mhone Shwe Yee အဖွဲ့ နဲ့အတူ  သြဂုတ်လ ၁၀ ရက်နေ့က  မှော်ဘီမြို့နယ် အောင်ဇမ္ဗူ တောရ ရိပ်သာမှာ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းရင်းနဲ့ နေ့ဆွမ်း အလှူအဖြစ် ဒန်ပေါက်ဆွမ်း ဆပ်ကပ်ခဲ့တာဖြစ်ပါတယ်။

Photo : ဝတ်မှုံရွှေရည် FB

အလန်းစာဖက်ရှင်တွေနဲ့လှနေတဲ့ ပါရီရောက် မြန်မာမင်းသမီးလေး ဝတ်မှုံရွှေရည် 

ဝတ်မှုံရွှေရည်က ၁၉၈၈ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာ လော ကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့သလို ကြော်ငြာများနဲ့လည်း လူကြိုက်များ လာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

Photo : ဝတ်မှုံရွှေရည် FB

ကြော်ငြာများနဲ့အတူ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဝတ်မှုံရွှေရည်ဟာ တီဗီကြော်ငြာ ၃၀၀၊ ဗီဒီယိုဇာတ်ကားများ ၂၀၀ကျော်နဲ့ ရုပ်ရှင်ဇာတ် ကား ၃၀ကျော်တို့မှာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့လာခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ် ၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်း တိုက်မှာ လှူဒါန်းခဲ့ပါတယ်။ ဆက် လက်ပြီး သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ် ကားကြီး နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆိုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က