မိခင်ဖြစ်စေချင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါပြီ။

နေနော်က  အောက်တိုဘာလ ၁၈ ရက်နေ့(ဒီနေ့)မှာကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ကို အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့ တာ ဖြစ်ပါတယ်။ သူ့ကို သရုပ်ဆောင် တစ်ယောက်ဖြစ်စေချင်ခဲ့တဲ့ မိခင်အတွက် ရည်စူးပြီးတော့ အလှူတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

Photo: နေနော်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် နေနော်က ဒီနေ့(အောက်တိုဘာလ ၁၈ ရက်နေ့)မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ကို အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တာဖြစ်ပါ တယ်။ ဒီအလှူမှာလည်း ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်အတွက် ရည်စူးပြီး ဖားအောက်တောရကျောင်းတိုက် မှာရှိတဲ့ ဆရာတော်၊ သံဃာတော် များနဲ့ ယောဂီသူတော်စင်တို့ကို အာရုံဆွမ်း လှူခဲ့တယ်လို့ သိရပါတယ်။

'' ၁၈.၁၀ လ ကျွန်တော်မွေးနေ့မှာ အမေအတွက်ရည်စူးပြီ ဖားအောက်တောရ ဆရာတော်နှင့်သံဃာတော်များ၊ယောဂီများ အားလုံး အာရုံ ဆွမ်း လှူဒါန်းခဲ့ပါသည်။ အမေလည်း သာဓုခေါ်ဆိုနိုင်ပါစေ။ ကျွန်တော်ပရိတ်သတ်များနှင့်တကွ ၇ရက်သားသမီးနှင့်ရာဟု သားသမီး များ အားလုံး ကျန်းမာချမ်းသာပြီ လိုအင်ဆန္ဒအားလုံးပြည့်စုံပါစေ'' ဆိုပြီးတော့ အောက်တိုဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: နေနော်ဖေ့စ်ဘွတ်

 

သရုပ်ဆောင်နေနော်ဟာ သရုပ်ဆောင်အလုပ်ကို အရမ်းရူးသွပ်လွန်းလို့ မီးထိုး၊ မှန်ထိုး ဘဝက တက်ခဲ့ရတယ်လို့ ဆိုပါတယ်။ အခုချိန်မှာ ကိုယ်ဖြစ်ချင် တဲ့ ဘဝ ဖြစ်လာတဲ့အတွက် ဝမ်းလည်းဝမ်းသာသလို တန်ဖိုးလည်းထားတတ်ပြီး ကြုံတွေ့ခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းမှုတွေ အကြောင်းကိုလည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' အမှန်အတိုင်းပြောရရင် ကျွန်တော်က ဒီအလုပ်ကို အရမ်းရူးခဲ့တာလေ။ ကျွန်တော် မီးထိုး၊ မှန်ထိုးဘဝက တက်ခဲ့ရတာလေ။ ဒီအလုပ်ကို အခုချိန်မှာ ကိုယ်လုပ်ချင်တာနဲ့ ကိုယ်ဖြစ်ချင်တာ တစ်ထပ်တည်းကျတဲ့အတွက် ပျော်လည်းပျော်တယ် ဝမ်းလည်းဝမ်းသာတယ်။ တန်ဖိုးလည်း ထားတယ်။ ကိုယ်က ခဲရာခဲစစ်လာခဲ့ရတဲ့အတွက်ကြောင့်ပါ'' လို့ ဆိုပါတယ်။

Photo: နေနော်ဖေ့စ်ဘွတ်

မီးထိုး၊မှန်ထိုး ဘဝကနေ ပရိသတ်လက်ခံတဲ့ မင်းသားတစ်ယောက်ဖြစ်လာတဲ့ သရုပ်ဆောင်နေနော် 

နေနော်ဟာ အနုပညာအလုပ်ကို ဝါသနာပါလွန်းတာကြောင့် နယ်မြို့အဝေးကြီးကနေ ရန်ကုန်ကို ရောက်ရှိလာတာလို့ ဆိုပါတယ်။ မိခင်ဖြစ်သူ ကလည်း သူ့ကို သရုပ်ဆောင် တစ်ယောက်ဖြစ်စေချင်တဲ့ ဆန္ဒတွေ အများကြီးရှိတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူ သရုပ်ဆောင် တစ်ယောက်ဖြစ်လာချိန်မှာတော့ မိခင်ဖြစ်သူက ကွယ်လွန်သွားပြီလို့ ဆက်လက်ပြောပြခဲ့ဖူးပါတယ်။

Photo: နေနော်ဖေ့စ်ဘွတ်

 

ခက်ခဲကြမ်းတမ်းမှုတွေကြားထဲက ပရိသတ်လက်ခံလာတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နေနော်ကတော့ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း လက်ခံရိုက်ကူးလာရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း စီနီယာ အနုပညာရှင်တွေ နဲ့ အတူ ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးလျှက်ရှိပြီး ပရိသတ်အခိုင်အမာရရှိထားသူဖြစ်လို့နေပါပြီ။

Share

Loading Next Article...
က္က