ဒီနေ့ကတော့ သူ့ရဲ့ မွေးနေ့ဖြစ်ပါတယ်။

မေဘရဏီသော်က အောက်တိုဘာလ ၁၉ ရက်နေ့မှာကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မတိုင်ခင်မှာအလှူအတန်း ကုသိုလ်ရေးတွေနဲ့ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ သရုပ်ဆောင်တစ်ယောက်သာမက မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်ဖြစ်တဲ့ Miss Universe Myanmar 2015 ဆုကို လည်းရရှိထားသူပါ။

Photo: မေဘရဏီသော်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် မေဘရဏီသော်ဟာ ဒီနေ့(အောက်တိုဘာလ ၁၉ရက်နေ့) မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့အတွက် အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက အလှူအတန်းတွေနဲ့ ဖြတ်သန်း နေတယ်လို့ သိရပါတယ်။ ဒီအလှူကို ကုက္ကိုင်းလူငယ် ဖွံ့ဖြိုးရေးကျောင်းမှာပဲ နေ့လည်စာ နဲ့အတူ မုန့်တွေကိုလည်ူ သွားရောက် လှူဒါန်းခဲ့တယ် လို့ ဆိုပါတယ်။

'' မွေးရက်က၁၉ မွေးနေ့က သောကြာ ဒီနှစ် မွေးရက်ရော မေသော့်ကို မွေးတဲ့နေ့ပါ တိုက်ဆိုင်သွားတယ်။ လှူချင်တဲ့နေရာက နှစ်ခုဖြစ်နေလို့ မနေ့က Pre Birthday အနေနဲ့ ကုက္ကိုင်းလူငယ်ဖွံ့ဖြိုးရေးကျောင်းမှာ နေ့လည်စာနဲ့ မေသော်တို့် အိမ်လုပ် ပေါင်မုန့်လေးတွေသွားလှူဖြစ်တယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: မေဘရဏီသော်ဖေ့စ်ဘွတ်

 

သူမရဲ့ မွေးနေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ခင်းစောစောပိုင်းမှာတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးဆီသွားပြီး ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ကပ်လှူပူဇော်ခဲ့တယ်လို့ ဆို ပါတယ်။ မေဘရဏီသော်ကတော့ ၂၀၁၅ခုနှစ်က Miss Universe Myanmar 2015 ရဲ့ အလှမယ် တစ်ယောက်ဖြစ်ခဲ့ပြီး နိုင်ငံတကာ စင်မြင့့်ထက် တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ဇာတ် လမ်းတွဲတွေ ရိုက်ကူးထားပါသေးတယ်။

Photo: မေဘရဏီသော်ဖေ့စ်ဘွတ်

အစီအစဉ်တင်ဆက်သူအဖြစ် မြင်တွေ့ရဦးမယ့် မေဘရဏီသော် 

သရုပ်ဆောင် စိုးပြည့်သဇင်၊ မြနှင်းရည်လွင်၊ ခင်သဇင် တိုနဲ့အတူ  ဇနီးချောများကွန်ယက်ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း မေဘရဏီ သော် က ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အခုလို သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်လာတာကလည်း ပရိသတ်တွေရဲ့ တွန်းအားကြောင့် ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။

Photo: မေဘရဏီသော်ဖေ့စ်ဘွတ်

 

သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလောကထဲမှာ ရပ်တည်နေတဲ့ မေဘရဏီသော်ကတော့ သူ့ရဲ့ အချစ်ရေးက အခုလက်ရှိမှာ အေးအေး ဆေးဆေး ပါပဲတဲ့။ ခရီးတွေသွားမယ်၊ ပျော်ပျော်နေတယ် ဆိုတဲ့ Single is the best အဖြစ်ကို ခံယူထားတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဆက်လက်ပြောပြခဲ့တာပါ။

Share

Loading Next Article...
က္က