မင်္ဂလာရက်ကိုလည်း ကြေညာထားပါသေးတယ်။

စေ့စပ်လက်ထပ်ပွဲကို သီးခြားမလုပ်လိုက်ရတဲ့အတွက် သူ့ရဲ့ သူငယ်ချင်း မိတ်ဆွေတွေ အားလုံးကို ကြိုပြီး တောင်းပန် ထား ပါသေးတယ်။

Photo : အောင်မင်းခန့် FB

 

"မနေ့ကဖြစ်သည်" (၂) ထဲက သုတအဖြစ် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် အောင်မင်းခန့်က မထင်မှတ်ပဲ လက်မှတ်ထိုးလိုက်ရတယ်လို့ ဆိုပါတယ်။ စေ့စပ်လက်ထပ်ပွဲကို သီးခြားမလုပ်လိုက်ရတဲ့အတွက် သူ့ရဲ့ သူငယ်ချင်း မိတ်ဆွေတွေ အားလုံးကို ကြိုပြီး တောင်းပန်ထားတာကိုလည်း တွေ့ရပါတယ်။

Photo : အောင်မင်းခန့် FB

 

မင်္ဂလာရက်ကိုတော့ ဝါကျွတ်အပြီးမှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောထားပါတယ်။

"မထင်မှတ်ပဲ လက်မှတ်ထိုးလိုက်ရလို့စေ့စပ်လက်ထပ်ပွဲ သီးခြားမလုပ်လိုက်ရတဲ့အတွက် သူငယ်ချင်းမိတ်ဆွေ အားလုံးကို ကြိုပြီး တောင်းပန်ပါရစေ.။မင်္ဂလာရက်ကတော့ ဝါကျွတ်အပြီး နိုဝင်ဘာလ ၃ဝ ရက်နေ့လောက်မှာဘိုကင်ယူထားတယ် Confirm တယ်ဆို တာ သေချာရရင် ပြန်ပြောပေးပါ့မယ်။အချိန်ကတော့ မနက်ပိုင်းဖြစ်ပါမယ်.။ ရန်ကုန်မှာရှိတဲ့ မိတ်ဆွေသူငယ်ချင်းများနဲ့ Facebook ပေါ်က ခင်မင်ရင်းနှီးသူများ အားလုံးကိုလည်း အခုကတည်းက ကြိုဖိတ်ပါရစေ... (နီးရင် ဖိတ်စာနဲ့တကွ လူကိုယ်တိုင် လာဖိတ်ပါဦး မယ်နော် )" ဆိုပြီး အောင်မင်းခန့်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၁၉) ရက်နေ့က ရေးသားထား တာတွေ့ရပါတယ်။

Photo : အောင်မင်းခန့် FB

ကာရိုက်တာဆန်းဆန်းနဲ့ တွေ့ရမယ့် အောင်မင်းခန့် 

အောင်မင်းခန့်က အဲ့ဒီစာသားလေးနဲ့အတူ မင်္ဂလာဖိတ်စာကိုလည်း တင်ထားပါသေးတယ်။ တကယ်တော့ မင်္ဂလာဆောင်က သူ့ရဲ့ မင်္ဂလာဆောင်မဟုတ်ပါဘူးဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။

"ဆောင်မယ့်သူက ဘယ်သူမှန်းမသိပါဘူး။သူတို့အစားကူပြီးရှင်းပြတာလေရတယ်မလား" ဆိုပြီး ပရိသတ်တွေကို စနောက်ထား တာဖြစ် ပါတယ်။

Photo : အောင်မင်းခန့် FB

 

အောင်မင်းခန့်ရဲ့ ပရိသတ်တွေကတော့ သူစထားပေမယ့်လည်း ချစ်သူကောင်မလေးကို အလင်းပြဖို့အတွက် တောင်းဆိုထားတာ တွေလည်း တွေ့ရပါတယ်။ တချို့ပရိသတ်တွေကတော့ အောင်မင်းခန့်စနောက်ထားတာသိပေမယ့် တချို့ပရိသတ်တွေကတော့ တကယ်ထင်နေကြတာတွေ့ရပါတယ်။

ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်ရင်ထဲ နေရာတစ်နေရာ ရရှိခဲ့တဲ့ အောင်မင်းခန့်က "ထာဝရမန္တလေး"၊ "ဝင်္ကပါစံအိမ်"၊ "ဝိညာဉ်ရှိုက်သံ" စတဲ့ဇာတ်လမ်းတွဲတွေကနေ ပရိသတ်အားပေးမှု ရရှိထားတာပါ။ အခုလက်ရှိ ပြသနေတဲ့ "မနေ့ကဖြစ်သည် ၂" မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Share

Loading Next Article...
က္က