မကြာခင် ပရိသတ်တွေလက်ထဲ အရောက်ပို့ပေးနိုင်တော့မှာတဲ့။

အဆိုတော် လင်းလင်းရဲ့ (၅)ခွေမြောက် တစ်ကိုယ်တော်အခွေကို မကြာခင် ပရိသတ်တွေလက်ထဲ အ ရောက်ပို့ပေးနိုင် တော့မှာလို့ ဆိုပါတယ်။ မကြာခင်မှာ သီချင်းအမိုက်စားတွေ နားထောင်ရတော့မှာပါ။



Photo : လင်းလင်း FB

 

အဆိုတော် လင်းလင်းရဲ့ (၅)ခွေမြောက် တစ်ကိုယ်တော်အခွေကို မကြာခင် ပရိသတ်တွေလက်ထဲ အ ရောက်ပို့ပေးနိုင်တော့မှာလို့ ဆိုပါတယ်။သူကိုယ်တိုင် ဦးဆောင်ပြီး ဂီတအတွက် အားစိုက်ထုတ်ထားတဲ့ လင်းလင်းရဲ့ တစ်ကိုယ်တေ်ာအခွေကို "ပထမ"လို့ နာမည်ပေးထားတယ်တဲ့။

Photo : လင်းလင်း FB

 

"ကျွန်တော်ကိုယ်တိုင် ဦးဆောင် , လူစု , နာမည်ပေး , logo ရွေးချယ်ပြီး အနာဂတ်မှာ လုပ်တတ်သလောက်, လုပ်နိုင်သလောက် ဂီတတွေကိုပုံဖော်မယ့်B R B ( Burma Revolution Band ) နှင့်အတူ 'ပထမ' (first) ဟု album title ပေးထားသော ကျွန်တော့်ရဲ့ ၅ ခွေမြောက် Creation Album ဟာ ‘ FG Entertainment နဲ့ ပူးပေါင်းပြင်ဆင်ပြီး မကြာမီ လ အနည်းငယ်အတွင်းမှာ ထွက်ရှိ လာပါ တော့မယ်"ဆိုပြီး လင်းလင်းက သူ့ရဲ့ ဖေစ်ဘွတ်မှာ အောက်တိုဘာ(၁၉) ရက်နေ့က ရေးသားထားတာပါ။

Photo : လင်းလင်း FB

မွေးနေ့မှာ မိဘဆရာတွေကို ကန်တော့ရင်း ရိုးရှင်းစွာဖြတ်သန်းခဲ့တဲ့ လင်းလင်း 

မကြာခင် ထွက်တော့မယ့် သူ့ရဲ့ သီချင်းခွေထဲမှာ ပါဝင်မယ့် Bonus သီချင်းသုံးပုဒ်ကို တစ်ပုဒ်ချင်းစီ အွန်လိုင်းမှာ တင်ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

"Album Release မလုပ်ခင်မှာ ခွေထဲတွင် bonus အနေနဲ့ ပါဝင်မယ့် သီချင်း သုံးပုဒ်ခန့်အား တစ်လ တစ်ပုဒ်နှုန်းလောက်ဖြင့် ကျွန်တော့် ရဲ့ B R B band page နှင့် FG Entertainment page တို့တွင် online တင်ပေးသွားမှာ ဖြစ်တဲ့အကြောင်း ကောင်းလွန်းတာ ထပ်ပိုသော သတင်းကောင်းအား စာလွှာမဟုတ်ဘဲ အွန်လိုင်းလွှာအဖြစ် စကားပါးပါရစေဗျ" ဆိုပြီး ဆက်လက်ပြောထားတာ တွေ့ရပါတယ်။

Photo : လင်းလင်း FB

 

လင်းလင်းဟာ လက်ရှိမှာ မိသားစုနဲ့အတူ ခရီးတွေ ဆက်တိုက်သွားနေတာ တွေ့ရပါတယ်။ အင်းလေးကို မိသားစုနဲ့အတူ ခရီးထွက်ဖြစ်နေတာပါ။ အဆိုတော်လင်းလင်းဟာ ဂီတဘက်ထူးချွန်သူတစ်ယောက်ပါ၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတွေကလည်း ပရိသတ်အကြိုက် နဲ့ ထပ်တူ ကျခဲ့တဲ့ သီချင်းတွေပါပဲ။

Photo : လင်းလင်း FB

 

လင်းလင်းဟာ ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ လင်းလင်း ကတော့ အဆိုတော်ချစ်သုဝေရဲ့ ခင်ပွန်း၊ ပရိသတ်တွေရဲ့ အချစ်တွေအများကြီး ကိုပိုင်ဆိုင် ထားတဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာ သစ် တို့ရဲ့ ဖေဖေ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က