လေဒီဂွမ်းရိုက်ကွင်းပေါ်မှာ ဖြစ်ပါတယ်။

ဒါရိုက်တာ ပြည်ဟိန်းသီဟ နဲ့ တက္ကသိုလ်ဂွမ်းပုံ တို့အနုပညာမောင်နှမ နှစ်ဦးက သီတင်းကျွတ်အခါသမယအနေနဲ့ လေဒီဂွမ်း ရုပ်သံ ဇာတ်လမ်း တွဲ ရိုက်ကွင်းပေါ်က စက်အဖွဲ့သားတွေကို မုန့်ဖိုးပေးခဲ့တယ်လို့ သိရပါတယ်။ လေဒီဂွမ်း ရုပ်သံဇာတ်လမ်းတွဲမှာ ဂွမ်းပုံလေးက ခေါင်းဆောင် မင်းသမီးအနေနဲ့ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo: ပြည်ဟိန်းသီဟဖေ့စ်ဘွတ်

 

ဒါရိုက်တာ ပြည်ဟိန်းသီဟ နဲ့ တက္ကသိုလ်ဂွမ်းပုံ တို့ အနုပညာမောင်နှမ နှစ်ဦးက လေဒီဂွမ်း ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေစဉ်မှာ သီတင်း ကျွတ် အနေနဲ့ စက်အဖွဲ့သားတွေကို မုန့်ဖိုးပေးခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ပေးတဲ့ မုန့်ဖိုးကြောင့်လည်း ရိုက်ကွင်းပေါ်မှာရှိတဲ့ စက်အဖွဲ့သားတွေက ပျော်ရွှင်နေကြပါတယ်။

'' သီတင်းကျွတ်အတွက် စက်အဖွဲ့တွေအား တစ်ဦးလျှင်ကျပ် ၂ သောင်းနှုန်းဖြင့် ယနေ့ မုန့်ဖိုးပေးပါသည်။ အလှူရှင် ဒါရိုက်တာ ပြည်ဟိန်း သီဟ၊ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံ ( လေဒီဂွမ်းရိုက်ကူးစဉ်အမှတ်တရ)'' ဆိုပြီးတော့ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတာဖြစ်ပါတယ်။

Photo: ပြည်ဟိန်းသီဟဖေ့စ်ဘွတ်

 

တက္ကသိုလ် ဂွမ်းပုံဟာ လေဒီဂွမ်း ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီး တစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ ခပ်တုံးတုံး နေရင် လူလိမ် လူညာခံရနိုင်တယ် ဆိုတဲ့ အကြောင်းကိုလည်း သင်ခန်းစာ ပေးထားတယ်လို့ ဆိုပါတယ်။

'' မဂွမ်းကတော့ အခု လက်ရှိမှာ လေဒီဂွမ်း ဆိုတဲ့ နာရီဝက်စာ ဇာတ်လမ်းတွဲလေး ရိုက်နေပါတယ်။ ကာရိုက်တာက ရွာမှာ ထုံထုံအအ နေတဲ့သူ၊ မသိပဲနဲ့ လုပ်လိုက်တာတွေကလည်း တစ်လွဲတွေဖြစ်၊ ရန်ကုန်ကို တက်လာတော့လည်း လူတိုင်းက နှိမ်တာပေါ့။ ဘယ်လောက်ပဲ ရိုးသားပါစေ နုံတာတွေ မဖြစ်ပါစေနဲ့ လူလိမ် လူညာတွေ ပေါတယ်လို့ မက်ဆေ့ချ်ပေးချင်တယ်'' လို့ သူကဆိုပါတယ်။

Photo: ပြည်ဟိန်းသီဟဖေ့စ်ဘွတ်

လွပ်လပ်စွာအနုပညာပုံဖော်ခွင့်ရချင်တယ်ဆိုတဲ့ ပြည်ဟိန်းသီဟ 

ဒါရိုက်တာပြည်ဟိန်းသီဟ ကတော့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဟာသရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးဖန်တီး ပေးလေ့ရှိတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးခဲ့ရသလို ဆင်ဆာကိစ္စနဲ့ ပတ်သက်တဲ့ ပြဿနာလေးတွေရှိခဲ့ဖူးသူဖြစ်ပါတယ်။

Photo: ပြည်ဟိန်းသီဟဖေ့စ်ဘွတ်

 

ဂွမ်းပုံလေးရဲ့ အနုပညာသက်တမ်းကတော့ အရမ်းကို ကြာနေပါပြီ။ ရုပ်ရှင်ဇာတ်ကား အဖြူအမည်း ခေတ်ကတည်းက အနုပညာအလုပ်ကို ဆောင်ရွက်လာတဲ့သူဖြစ်ပါတာ်။ သူ့အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ မင်းသမီးရဲ့ သူငယ်ချင်းနေရာ၊ အဒေါ်နေရာ၊ အမေ နေရာ နဲ့ အစ်မကြီး နေရာတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က