၁၅ နှစ်လောက်ကြာပြီလို့ သိရပါတယ်။

ကြက်ဖ ဟာ တစ်ကိုယ်တော်အခွေထွက်နိုင်ဖို့ ၁၅ နှစ်လောက် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ ကြိုးစားမှု တွေ ပါဝင်တဲ့ ''တစ်ယောက်တည်းတိုက်တဲ့ တိုက်ပွဲ'' ဆိုတဲ့ တေးစီးရီးကို နိုဝင်ဘာလ အတွင်းမှာ ထွက်ရှိတော့မှာဖြစ်ပါတယ်။

 

အဆိုတော် ကြက်ဖရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ''တစ်ယောက်တည်း တိုက်တဲ့ တိုက်ပွဲ''ဆိုတဲ့ အခွေကို နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထွက်ရှိမယ်လို့ သိရပါတယ်။ ကြက်ဖရဲ့ တေးသီချင်းအမြူး အသစ်တွေကို နားထောင်ချင်ကြတဲ့ ပရိသတ်တွေအတွက် ကြက်ဖကိုယ်တိုင်က အခုလို ပြောပြထားပါတယ်။

'' Show ဝင်ခွင့်(အခွေ)အရေအတွက် ကန့်သတ်ထားမှာဖြစ်ပါတယ်။ ညနေ ၄:၀၀မှာ ပွဲစမယ်၊ တကယ်စ မှာနော်။ မစောင့်ဘူး '' ဆိုပြီးတော့ အောက်တိုဘာလ ၁၉ ရက်နေ့ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ကြက်ဖရဲ့ တစ်ကိုယ်တော် တေးစီးရီး အသစ်ကို စောင့်နေကြတဲ့ ပရိသတ်တွေကလည်း ဝမ်းသာနေကြတာကို တွေ့ရပါတယ်။

Photo: ကြက်ဖဖေ့စ်ဘွတ်

 

အဆိုတော် ကြက်ဖရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ '' တစ်ယောက်တည်း တိုက်တဲ့ တိုက်ပွဲ'' တေးစီးရီးကို နိုဝင်ဘာလ ၁၇ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချီသွားမှာဖြစ်ပါတယ်။ အခွေရဲ့ ပရိုမိုးရှင်းရှိုးကိုလည်း နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီက စပြီး ကန်တော် ကြီး မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ Show ပွဲ အပေါက်ဝမှာ ရောင်းချတဲ့ မူရင်းအခွေကို ဝယ်ယူခြင်းဖြင့် ရှီုးပွဲကြည့်ရှုနိုင် မှာဖြစ်တယ်လို့ သိရပါတယ်။

Photo: ကြက်ဖဖေ့စ်ဘွတ်

ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးကို စွန့်လွှတ်ခဲ့တဲ့ ကြက်ဖ 

'' တစ်ယောက်တည်း တိုက်တဲ့ တိုက်ပွဲ'' တေးစီးရီး ပရိုမိုးရှင်းရှိုးမှာ အဆိုတော် ကြက်ဖ နဲ့ အတူ မျိုးကျော့်မြိုင်၊ J-Me ၊ G-Tone ၊ Ghetto Pillz ၊ 9MM ၊ Sone Phyo ၊ ချစ်မင်း၊ ကိုပိုင် နဲ့ မင်းခန့်တို့က ပါဝင်ဖျော်ဖြေပေးသွားမယ်လို့ သိရပါတယ်။ ကြက်ဖအတွက် ဂုဏ်ပြုစကားကိုလည်း သူငယ်ချင်းဖြစ်သူ အဆိုတော် ယုန်လေးက အခုလိုပြောပြထားပါသေးတယ်။

'' ဒီ အရူးကြီး တစ်ကိုယ်တော်ခွေထွက်မယ်ဆိုတာ ၁၅ နှစ်လောက်ကြာသွားတယ်။ တကယ်ထွက်ပါစေ။ ငါကောင်ကြီး  Congratulation'' ဆို ပြီးတော့ အောက်တိုဘာလ ၁၈ ရက်နေ့ည ၁၂ နာရီ ကျော်က ယုန်လေးရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ပြောပြထားတာဖြစ်ပါတယ်။

Photo: ကြက်ဖဖေ့စ်ဘွတ်

 

အနုပညာအလုပ်တွေ ပြန်လည်လုပ်ဆောင်လာတဲ့ ကြက်ဖဟာ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင် ထားတာကို တွေ့ရပါ တယ်။ အဲ့ဒီနောက် ပရိသတ်အတွက် သီချင်းအသစ်တွေကိုလည်း ဖန်တီးနေတယ်လို့ သိရပါတယ်။ မကြာခင်က ရုံတင်ပြသခဲ့တဲ့ ငဒူ ရုပ်ရှင်ဇာတ်ကားကြီးထဲက ဇာတ်ဝင်တေးသီချင်းကိုလည်း ကြက်ဖကိုယ်တိုင်ပဲ ရေးပေးခဲ့တာပါ။

Share

Loading Next Article...
က္က