ဒီနေ့မနက်က လူဝတ်လဲခဲ့တာပါ။

အောက်တိုဘာ(၁၅) ရက်နေ့ကနေ (၂၀)ရက်နေ့အထိ သာသာနာ့ဘောင်ထဲ ဝင်ရောက်ခဲ့ တဲ့နေတိုးဟာ လူဝတ်ပြန်လဲ တဲ့နေ့မှာ  ပိုက်ဆံတွေ ကြဲပြီး ကုသိုလ်ထပ်ယူခဲ့ပါသေးတယ်။



မင်းသွေးအတွက် ရည်စူးပြီး သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့တဲ့ သရုပ်ဆောင် နေတိုးက ဒီနေ့(အောက်တိုဘာ၂၀ရက်)မှာ လူဝတ်ပြန်လဲ ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ(၁၅) ရက်နေ့ကနေ (၂၀)ရက်နေ့အထိ သာသာနာ့ဘောင်ထဲ ဝင်ရောက်ခဲ့ တဲ့နေတိုးဟာ လူဝတ်ပြန်လဲတဲ့နေ့မှာပိုက်ဆံတွေ ကြဲပြီး ကုသိုလ်ယူခဲ့ပါတယ်။

 

လူဝတ်လဲပြီးချိန်မှာ အောင်ဇဗ္ဗူတောရကျောင်းတွင် ပိုက်ဆံကြဲြ့ပီး သူပြုလုပ်ခဲ့တဲ့ ကုသိုလ်များအားလုံးကို ညီလေးငယ်(မင်းသွေး) အတွက် အမျှပေးဝေခဲ့ပါတယ်။ နေတိုးနဲ့အတူ သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့တဲ့ သူငယ်ချင်းများ အားလုံးက လည်း သူတို့ပြုလုုပ် ခဲ့တဲ့ အလှူဒါနများကို မင်းသွေးအတွက် အမျှပေးဝေခဲ့ပါတယ်။

 

နေတိုးဟာ မင်းသွေးဆုံးပါးသွားချိန်ကစပြီး ညီဖြစ်သူအတွက် အလှူဒါနတွေ ဆက်တိုက်ဆိုသလို ပြုလုပ်ပေးပြီး သာသနာ့အလှူကိုပါ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ နားထားတဲ့ နေတိုးဟာ အောက်တိုဘာ(၂၅) ရက်နေ့ကစပြီး သူ့ရဲ့ အနုပညာ အလုပ်တွေကို ပြန်လည် လုပ်ကိုင်သွားမယ်လို့ အောက်တိုဘာ(၁၃) ရက်နေ့က ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

မင်းသွေးအတွက် ရည်စူးပြီး အလှူတွေလုပ်နေတဲ့ နေတိုးတို့မိသားစု 

နေတိုးဟာ ညီဖြစ်သူရဲ့ နောက်ဆုံးခရီးကို တည်တည်ငြိမ်ငြိမ်နဲ့ အကိုကြီး ပီပီအကောင်းဆုံးဖြစ်အောင် မိသားစုကို ဦးဆောင်ပြီး လုပ်ဆောင် သွားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ များပြားလှတဲ့ လူအုပ်ကြီးထဲမှာ မိခင်ဖြစ်သူကို ရင်ခွင်ထဲမှာထည့် မိသားစုကို ဦးဆောင်ပြီး ညီဖြစ်သူရဲ့ နောက် ဆုံး ခရီးကို တည်ငြိမ်စွာ လိုက်ပို့နိုင်ခဲ့သူပါ။

 

မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ မင်းသွေးဟာ သူချင်းတွေနဲ့ အတူ ဘောလုံးကန်ရင်းကနေ မောလို့ ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ ပို့လိုက် ရာ က သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ(၇) ရက်နေ့ မနက်ပိုင်းက ရေဝေး သုဿန် မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းထားတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က