အလှူတွေလည်း လုပ်ခဲ့ရတယ်။

သူမရဲ့ မွေးနေ့ကို သူမကို ချစ်တဲ့ ပရိသတ်တွေ က  အလှူအတန်းတွေ ပြုလုပ်ပေးခဲ့ကြသလို မွေးနေ့ပွဲလေးကိုလည်း စီစဉ်ပေးခဲ့ပါတယ်။

 

အောက်တိုဘာ(၁၈) ရက်နေ့က ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ မွေးနေ့လေးပါ။ သူမရဲ့ မွေးနေ့ကို သူမကို ချစ်တဲ့ ပရိသတ်တွေ က  အလှူအတန်းတွေ ပြုလုပ်ပေးခဲ့ကြသလို မွေးနေ့ပွဲလေးကိုလည်း စီစဉ်ပေးခဲ့ပါတယ်။ ချစ်တဲ့သူတွေ ဖန်တီးပေးတဲ့ မွေးနေ့ကို ပျော်ရွှင်စွာ ဖြတ်သန်းခွင့်ရခဲ့တဲ့အတွက် မွေးနေ့ပွဲဖန်တီးပေးသူတွေကို ဒါရိုက်တာ ခရစ္စတီးနားခီက ကျေးဇူးတင်စကား ပြောထားပါ သေးတယ်။

 

" Birthday !! အလှူငွေတွေထည့်ပြီး ပါဝင်လှူဒါန်းကြသူတွေ..ပွဲစီစဉ်ပေးသူတွေ...မွေးနေ့ဆုတောင်းရေးပေးကြသူတွေ...မွေးနေ့မှာ လူကိုယ်တိုင် လာတွေ့ကြသူတွေ...လက်ဆောင်တွေတကူးတကလာပို့ပေးကြသူတွေ...ပျော်ရွှင်စရာနေ့ လေးဖြစ်အောင် ဖန်တီးပေး ကြသူ ချစ်သူတိုင်းကို အထူးကျေးဇူးတင်ပါတယ်...အားလုံးလည်း လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ..အကျႌလှလှလေး မွေးနေ့ လက် ဆောင် ပို့ပေးတဲ့ ဒီဇိုင်းနာ ငြိမ်းကို, မွေးနေ့မှာ အလှူငွေ ၂သိန်းထည့်လှူရုံမက အမနဲ့အကို့ကိုအမြဲလှနေအောင်ပြင်ဆင်ပေးတဲ့ မိတ်ကပ် လင်းလင်း နဲ့ ဓါတ်ပုံဆရာလေး မောက်ခမ်းဝါကိုကျေးဇူးအထူးတင်ပါတယ်။" ဆိုပြီး အောက်တိုဘာ(၂၀) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ မွးနေ့ပွဲလေးကို ဖန်တီးပေးသူအားလုံးကို ကျေးဇူးတင်စကား ပြောထားတာပါ။

 

ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ မွေးနေ့အလှူကို အောက်တိုဘာ(၁၈) ရက်နေ့က ရန်ကုန်မြို့၊ သုခရိပ်မြုံဂေဟာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ချစ်တဲ့သူတွေနဲ့ မွေးနေ့ကိတ်လေး ခွဲခဲ့ပါတယ်။သူမရဲ့ မွေးနေ့မှာလည်း ခင်ပွန်းဖြစ်သူနဲ့သူငယ်ချင်းတွေက မွေးနေ့ Surprise လေး ပြုလုပ်ပေးခဲ့ပါသေးတယ်။

အိမ်ထောင်သက်တမ်း (၁၂)နှစ်ကျော်လာပြီဖြစ်တဲ့ ခီစုံတွဲဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်စနိုးခေါ်ကြတဲ့ အခေါ်အဝေါ် လေး ကလည်း ပရိသတ်တွေကို တော်တော်ဆွဲဆောင်နိုင်ခဲ့ပါတယ်။

နေတိုးအမေကို ကိုယ်ချင်းစာတယ်လို့ ဆိုလာတဲ့ ခရစ္စတီးနားခီ 

ဇဏ်ခီက ခရစ္စတီးနားခီကို ချစ်စနိုးနဲ့ ဘယ်လိုခေါ်လဲဆိုတာ ယခုလို ပြောပြထားပါတယ်။

"အများသိထားတာကတော့ ချစ်လေးပေ့ါ။ ကျွန်တော်တို့ စကြိုက်တုန်းကတော့ သူ့ကို ပိစိလို့ ခေါ်တယ်။အသေးလေးလို့လည်း ခေါ်တယ်။ အားလုံးက သေးသေးမွှားမွှားနဲ့ ဆိုင်တာလေးတွေပဲ။ ဟန်နီတို့ ဒါလင်တို့တော့ မရှိပါဘူး။နောက်(၁၀)နှစ်လောက်ကြာ ရင်တော့ တစ်မျိုး ပြောင်း ရင်ပြောင်းသွားနိုင်တယ်။ မိန်းမလို့ ခေါ်ရင်ခေါ်မှာပေါ့ ပြောလို့တော့မရဘူး" ဆိုပြီး ပရိသတ် တွေရဲ့ရှေ့ မှာ ပွင့်ပွင့်လင်းလင်းနဲ့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

 

သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာသွားသွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေး လည်း ဖြစ်ပါတယ်။ ဇဏ်ခီတို့မိသားစုလေးဟာ အလှူအတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ '' ဥပါယ်တံမျဉ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာနိုင်ငံက ပရိသတ် တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ မုဒြာရဲ့ ခေါ်သံ ဆိုတဲ့ ဒုတိယမြောက် ရုပ်ရှင် ဇာတ်ကားကြီး ကလည်း အောင်မြင်ခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က