ဇာတိမြေနဲ့ ဝေးကွာနေတာ ကြာပြီတဲ့။

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ခါရာက ဒီနှစ်သီတင်းကျွတ်ကို မိုးကုတ်မှာ ရှိမယ်လို့ ဆိုပါတယ်။

Photo : ခါရာ FB

 

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ခါရာက ဒီနှစ်သီတင်းကျွတ်ကို မိုးကုတ်မှာ ရှိမယ်လို့ ဆိုပါတယ်။ ခါရာဟာ ဇာတိမြေဖြစ်တဲ့ မိုးကုတ်မြေနဲ့ဝေးကွာနေတာ (၉)နှစ်လောက် ရှိနေပြီလို့ ဆိုပါတယ်။

"မိုးကုတ်သီတင်းကျွတ် နဲ့ဝေးနေတာ ၉ နှစ်လောက်ရှိပြီလေ ... သတိရခြင်းများစွာနဲ့ ဒီနှစ်တော့ မိုးကုတ်မှာ ဖြတ်သန်းမယ်။ ဇာတိမြေကို သွားမယ်ဆိုတာနဲ့ အလိုလိုနေရင်း ပျော်နေသူပါ" ဆိုပြီး အောက်တိုဘာ(၁၉) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားပါတယ်။

Photo : ခါရာ FB

မိုးကုတ်က ပရိသတ်တွေကတော့ သူပြန်လာမယ်ဆိုတဲ့ သတင်းကြောင့် ပျော်လို့နေပါတယ်။ မော်ဒယ်သရုပ်ဆောင် ခါရာဟာ လက်ရှိမှာ "မနေ့ကဖြစ်သည်၂ "ဇာတ်လမ်းတွဲထဲက ရဲနောင်ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာကို ရရှိထားတာပါ။ ခါရာဟာ ဒုရဲအုပ် ရဲနောင်ဆိုတဲ့ ကာရိုက်တာကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူပါ။

 

ကိုလူချော လေး လို့ ပရိသတ်တွေ သိထားကြတဲ့ ခါရာမှာ ဒီလို ချောချောမောမော ခန့်ခန့်ညားညား မဖြစ်ခင်တုန်းက သူ့ကိုယ်သူ ပြန်မကြည့် ချင်တော့လောက်တဲ့ ခန္ဓာကိုယ်အချိုးအစား ပိုင်ဆိုင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ကျောင်းတက်နေရတဲ့ အချိန်လည်း ဖြစ်တော့ စားလိုက် သောက် လိုက် အိပ်လိုက်နဲ့ပါပဲ လို့ ဆက်လက်ပြောပြလာပါတယ်။

'' အရင်တုန်းကဆို ကိုယ့်ကိုယ်ကို ပြန်မကြည့်ချင်လောက်တော့တဲ့ အထိ ဖြစ်ခဲ့တဲ့ အချိန်တွေလည်းရှိပါတယ်။ ကျွန်တော် အရမ်းဝခဲ့ဖူးပါတယ်။ တက္ကသိုလ်တက်တုန်းကပေါ့နော် တစ်ရက်ကို ခေါက်ဆွဲထုတ် ၄ ထုတ်၊ ၅ ထုတ်လောက်စားတယ်။ အစားအသောက်လည်း အရမ်းကြိုက်တယ်၊ အမြဲတမ်းစားခဲ့တယ် စပြီးတဲ့အချိန် အမြဲအိပ်တော့ ကျွန်တော့် မျက်နှာက ဇကောလောက်ကြီးရှိတယ်'' ဆိုတာကို စက်တင်ဘာလ ၂၉ ရက်နေ့ က EMPORIO & ARMANI (ဆိုင်ဖွင့်ပွဲ)ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ.

 

အခုလက်ရှိမှာတော့ ခါရာဟာ ဇာတ်ကားတွေ ရိုက်နေရပြီ ဖြစ်တဲ့အတွက် အားကစားအပိုင်းကို ပိုပြီးတော့ ဦးစားပေးလုပ်ဖြစ်တယ်လို့ ဆို ပါတယ်။ အရမ်းဝခဲ့တုန်းကလည်း ဝိတ်ချဖို့ စီစဉ်ခဲ့ဖူးတယ် လို့ ဆက်လက်ပြောပြလာပါတယ်။

'' အခုနောက်ပိုင်း အားကစားကို ဦးစားပေးပြီးတော့ လုပ်တယ်။ အလုပ်နဲ့ ပတ်သက်လာလို့လည်းမဟုတ်ဘူး အစကတည်းက ဝိတ်ချဖို့ အစီအစဉ်ရှိတယ်။ အခုဆို ဒီအလုပ်နဲ့လည်း တိုက်ရိုက်ပတ်သက်နေတဲ့အတွက်ကြောင့် ပုံမှန်လေး Gym ဆော့ဖြစ်ပါတယ်။ အားကစားကို ကျွန်တော် ဖိလုပ်ဖြစ်နေပါတယ်'' လို့ သူကဆိုပါတယ်။

Photo : ခါရာ FB

 

ခါရာဟာ Bonanza ထုတ်လုပ်ရေးနဲ့အတူ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ သူဟာ Professional Model တစ်ယောက် အနေနဲ့ ပရိသတ်တွေ စတင်အားပေးခြင်းကို ခံခဲ့ရသူပါ။ အခုချိန်မှာတော့ ခါရာပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာတွေ၊ ရုပ်ရှင် ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲ တွေကလည်း ပရိသတ်ရှေ့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က