မွေးနေ့လက်ဆောင်လေးကလည်း အမိုက်စားနော်။

သရုပ်ဆောင် အဆိုတော် ဆန်းသစ်လက ချစ်သူကောင်လေးအတွက် မွေးနေ့လက်ဆောင်ကို ရိုမန့်တစ်ဆန်ဆန်လေး လုပ်ပေးထား တာတွေ့ရပါတယ်။ သူမတန်ဖိုးထားရတဲ့ သူမရဲ့ ဆံပင်လေးကိုဖြတ်ပြီး ချစ်သူအတွက် ပေးခဲ့တာပါ။



Photo : ဆန်းသစ်လ FB

 

သရုပ်ဆောင် အဆိုတော် ဆန်းသစ်လက ချစ်သူကောင်လေးအတွက် မွေးနေ့လက်ဆောင်ကို ရိုမန့်တစ်ဆန်ဆန်လေး လုပ်ပေးထား တာတွေ့ရပါတယ်။ သူမတန်ဖိုးထားရတဲ့ သူမရဲ့ ဆံပင်လေးကိုဖြတ်ပြီး ချစ်သူအတွက် ပေးခဲ့တာပါ။ ချစ်သူကောင်လေး ဘယ်နားသွားသွား သူမအငွေ့အသက်လေး ပါအောင် သူမဆံပင်လေးနဲ့ ကျစ်ထားတဲ့ လက်ဖွဲ့ ဟန်းချိန်းလေးကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo : ဆန်းသစ်လ FB

 

သူမ ဆံပင်လေးနဲ့ ကျစ်ထားတဲ့ ဟန်းချိန်းလေးကို လက်ဆောင်ပေးခဲ့တဲ့အပြင် ချစ်သူအတွက် ယခုလို မွေးနေ့ဆုတောင်းစကားလေး ဆိုထားတာတွေ့ရပါတယ်။

"ပျော်ရွှင်စရာ Birthday လေးပါချစ်ဆုံး"ကို"ရေ  "ကို့"ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေအားလုံးပြည့်ဝအောင်မြင်ပါစေ  "ကို"ချစ်ရတဲ့ မိသားစု သူငယ်ချင်းတွေနဲ့အတူ ရွှေလအနားမှာလည်း အမြဲတမ်းပျော်ရွှင်စွာနဲ့ အချစ်တွေ အပြည့်ပေးနိုင်ပါစေ ရွှေလကိုလည်း ဒီထက်မက ချစ်နိုင်ပါစေရှင့်  အရမ်းချစ်တယ်ချစ်ဆုံးရေ" ဆိုပြီး သူမရဲ့ အောက်တိုဘာ(၂၃) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ဆန်းသစ်လ FB

သားမက်လောင်းကို သားအရင်းတစ်ယောက်လို သဘောထားတဲ့ မေရွက်ဝါ 

ဆန်းသစ်လ ပေးတဲ့ လက်ဆောင်ကြောင့်  ချစ်သူကောင်လေးကလည်း အရမ်းကို ပျော်နေတာ တွေ့ရပါတယ်။

"မွေးနေ့လက်ဆောင်ပေးတာတဲ့....သူ့ဆံပင်နဲ့ကျစ်ထားတဲ့ Charm လေးတွေ ဘယ်သွားသွား အမြဲသူ့အငွေ့အသက်တွေပါအောင်တဲ့...အရမ်း အရမ်းချစ်ပါတယ် နားလည်မှုအပြည့်နဲ့အမြဲဂရုစိုက်ပြီး အရမ်းချစ်ပေးလို့....ဒီကမ္ဘာပေါ်မှာတော့ ကိုက ကံအကောင်း ဆုံးယောင်္ကျား တွေထဲက တစ်ယောက်ပါပဲ။Love you so so much ကိုယ့်အသည်းတုံးလေး" ဆိုပြီး ဆန်းသစ်လ ချစ်သူက ပြောထားတာတွေ့ရပါတယ်။

Photo : ဆန်းသစ်လ FB

 

ဝါရင့်အဆိုတော်၊ သရုပ်ဆောင်မေရွက်ဝါရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်တဲ့ အဆိုတော်ဆန်းသစ်လမှာ ချစ်သူရှိနေပြီဆိုတာကို ပရိသတ်တွေ သိရှိပြီးသားဖြစ်ပါတယ်။ ဆန်းသစ်လ တို့ရဲ့ ချစ်သူသက်တမ်းက ၂ နှစ်ကျော်သွားပြီတဲ့ ။ ဒီချစ်သူက သူ့အတွက် ဖူးစာမှန်တဲ့ လူလည်းဖြစ်သလို နားလည်မှုအပြည့်ပေးတဲ့ ချစ်သူလို့လည်း Duwun media ကနေပြောပြခဲ့ပါတယ်။

'' အချစ်ရေးလေးကတော့ အေးအေးဆေးဆေးပဲ၊ ရွှေလတို့ ချစ်သူသက်တမ်းကလည်း ၂ နှစ်ကျော်သွားပြီ။ ကိုယ်တွေ မျှော်မှန်းထားတာ၊ ရည်ရွယ်ထားတာလေးတွေရှိတယ်။ ဒါပေမယ့် အကောင်အထည်ဖော်ဖို့ကတော့ ကြိုးစားနေဆဲပေါ့နော်။ အဲ့ဒီတော့ နှစ်ယောက်အတွက်က အေးအေးဆေးဆေးပဲ သူလည်း ကိုယ့်အပေါ် နားလည်မှုအပြည့်ရှိတယ်၊ သူလည်း ကိုယ့်အပေါ် နားလည်မှုအပြည့်ပေးထားတယ်'' လို့ ဆိုပါတယ်။

Photo : ဆန်းသစ်လ FB

 

ချစ်သူသက်တမ်း ၂ နှစ်ကျော်ကြာခဲ့ပြီဖြစ်တဲ့ ကိုဝင်းမြတ်နဲ့ အဆိုတော်မလေး ဆန်းသစ်လ တို့ရဲ့ မင်္ဂလာသတင်းကိုတော့ သေချာပြီဆိုရင် ပရိသတ်တွေကို အမြန်ဆုံး သတင်းပေးသွားမယ်လို့ ဆိုပါတယ်။ ဆန်းသစ်လကို ဝါရင့်အဆိုတော် သရုပ်ဆောင် မေရွက်ဝါရဲ့ သမီး တစ်ယောက် အဖြစ် အနုပညာအသိုင်းအဝိုင်းကရော၊ ပရိသတ်တွေကပါ သိရှိခဲ့ပါတယ်။ နောက်ထပ်လည်း ဆန်းသစ်လဟာ ဝါရင့် သရုပ်ဆောင်ကြီး ဝါးခယ်မ ရဲမောင် ရဲ့  မြေးမလေး တစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆန်းသစ်လက သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ တစ်ကိုယ်တော်အခွေ လည်း လုပ်ဖြစ်နေပါတယ်။ အခွေကတော့ ၂နှစ်လောက်ရှိပြီ။ ဘယ်တော့ထွက်မလဲဆိုတာ ပရိသတ်တွေကို ပြန်ပြီး ပြောပြပေးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က