မင်္ဂလာသက်တမ်း (၁၀)နှစ်ပြည့်သွားပြီတဲ့။

မင်္ဂလာသက်တမ်း (၁၀)နှစ်ပြည့်တဲ့နေ့လေးမှာ မိသားစုလိုက ်အလှူအတန်းတွေ ပြုလုပ်နေတာတွေ့ရပါတယ်။ လမ်းပေါ်မှာ သွားလာလှုပ်ရှား နေတဲ့ ဈေးသည်တွေ၊ စည်ပင်ဝန်ထမ်းတွေကို တတ်နိုင်သလောက် အလှူအတန်းတွေ လုပ်နေတာပါ။

Photo : ဟဲလေး FB

 

အဆိုတော် ဟဲလေးနဲ့ ဇနီးဖြစ်သူ မြတ်သီရိလွင်တို့ရဲ့ မင်္ဂလာသက်တမ်းက ဒီနေ့(အောက်တိုဘာ၂၃ရက်)က (၁၀)နှစ်ပြည့်လို့သွားပါပြီ။ သူတို့ဇနီးမောင်နှံဟာ မင်္ဂလာသက်တမ်း(၁၀)နှစ်ပြည့်မှာ အမှတ်တရဖြစ်အောင် တစ်ခုခု လုပ်ဖို့ စီစဉ်ထားခဲ့ပါတယ်။ သူတို့ စီစဉ်ထားတဲ့ အတိုင်း ဒီနေ့မှာ အကောင်အထည်ဖော်ခဲ့တာ တွေ့ရပါတယ်။

မင်္ဂလာသက်တမ်း (၁၀)နှစ်ပြည့်တဲ့နေ့လေးမှာ မိသားစုလိုက ်အလှူအတန်းတွေ ပြုလုပ်နေတာတွေ့ရပါတယ်။ လမ်းပေါ်မှာ သွားလာလှုပ်ရှား နေတဲ့ ဈေးသည်တွေ၊ စည်ပင်ဝန်ထမ်းတွေကို တတ်နိုင်သလောက် အလှူအတန်းတွေ လုပ်နေတာပါ။

Photo : ဟဲလေး FB

 

ဖေဖေနဲ့ မေမမေတို့ရဲ့ နှစ်ပတ်လည်အလှူအတွက် မိုးရွာကြီးထဲမှာ သားလေးနှစ်ယောက်ကလည်း ပါရမီ ဖြည့်ပေးနေတာလေးက ကြည်နူးဖို့ ကောင်းလှပါတယ်။ ဟဲလေးကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ချစ်ဇနီးနဲ့ ပုံလေးတွေတင်ရင်း "တကယ်ချစ်တော့လည်း ၁၀နှစ်ဆိုတာ ခဏလေး ပါလား မိန်းမရယ်" ဆိုပြီး ပြောထားပါသေးတယ်။

မင်္ဂလာသက်တမ်း ၁၀ နှစ်အတွင်းမှာ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ပိုင်ဆိုင်ထားတဲ့ ဟဲလေးနဲ့ မြတ်သီရိလင်းတို့ ဇနီးမောင်နှံ  တို့ မိသားစုကလည်း ပရိသတ်တွေ အားကျရတဲ့ မိသားစုလေးဖြစ်ပါတယ်။

Photo : ဟဲလေး FB

BMW ကားအသစ်ကြီးပိုင်ဆိုင်သွားတဲ့ နိုင်းဝမ်းနဲ့ ဟဲလေး 

သားလေးတွေကို လူတန်းစေ့နေနိုင်ဖို့ နဲ့ တာဝန်ကျေတဲ့ မိဘဖြစ်ချင် တယ်ဆိုတဲ့ ဟဲလေးရဲ့ ဇနီးမြတ်သီရိလင်းရဲ့ ရင်ထဲက စကားသံကိုလည်း Duwun Media ကို ပြောပြခဲ့ဖူးပါတယ်။

'' ပိုက်ဆံတွေအများကြီးချမ်းသာပြီး စိတ်တွေဆင်းရဲတာ မလိုချင်ဘူး၊ သားလေးတွေ လူတန်းစေ့နေနိုင်မယ်၊ သားလေးတွေကိုလည်း ကောင်းကောင်း မွန်မွန်ပြုစု ပျိုးထောင်နိုင်မယ်၊ တာဝန်ကျေတဲ့ မိဘဖြစ်ရင် ကျေနပ်ပြီ။ သားကြီးလေးကတော့ အခု နှစ်တန်းရောက်ပြီ။ အငယ်လေးက သူငယ်တန်းပေါ့နော်။ နှစ်ယောက်စလုံးကတော့ အင်္ဂလိပ်ကျောင်း Total School မှာ တက်တယ်။ မြန်မာစာကိုလည်း အစ်မက သူတို့ကို အိမ်မှာ သင်ပေးမယ်။ မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့အတွက် သူတို့ကိုလည်းမြန်မာစာ ကျွမ်းကျွမ်းကျင်ကျင် တက်စေချင်တယ်''လို့ သူကဆိုပါတယ်။

Photo : ဟဲလေး FB

 

အဆိုတော်ဟဲလေးနဲ့ ဇနီးဖြစ်သူ မြတ်သီရိလင်းတို့ဟာ နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေဟာ ၂၄နှစ်တာရှိခဲ့ပါပြီ။ ရည်စားမဖြစ် ခင် (၆)နှစ်၊ ရည်းစားဖြစ်ပြီး (၈)နှစ်နဲ့ အိမ်ထောင်သက်က(၁၀)နှစ် ပါတဲ့။ အိမ်ထောင်သက်(၁၀)နှစ်အတွင်းမှာ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။

အဆိုတော် ဟဲလေးဟာ ယခုနောက်ပိုင်းရှိုးပွဲတွေသွားနေရသလို မကြာသေးခင်က သူ့ရဲ့ "မှည့်" သီချင်းဟာလည်း ပရိသတ်အားပေးမှု ရရှိခဲ့ တဲ့ သီချင်းဖြစ်ပါတယ်။ဟဲလေးဟာ ဂီတလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က