Fan တွေကိုလည်း တောင်းပန်ပါတယ်တဲ့။

ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ ထွန်းအိန္ဒြာဗိုလ်က သရုပ်ဆောင် အလုပ်ကနေ အနားယူတော့မယ်လို့ ဆိုပါတယ်။သူမဟာ ဂီတနယ်ပယ်မှာတင်မက သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်သူ တစ်ယောက်ဖြစ်ကာ အားလုံးက လေးစား အားကျရတဲ့ သူတစ်ဦးပါ။

 

ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ ထွန်းအိန္ဒြာဗိုလ်က သရုပ်ဆောင် အလုပ်ကနေ အနားယူတော့မယ်လို့ ဆိုပါတယ်။ သူမဟာ ဂီတနယ်ပယ်မှာတင်မက သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်သူ တစ်ယောက်ဖြစ်ကာ အားလုံးက လေးစားအားကျရတဲ့ သူတစ်ဦးပါ။ အခုချိန်မှာတော့ သူမဟာ အသက်အရွယ်အရ သရုပ်ဆောင်အလုပ်ကနေ နားပြီး ဘာသာရေးဘက်ကို သေသေချာချာလေး လုပ်သွားချင် တယ်လို့ ပြောပါတယ်။

 

"ကျွန်မရဲ့ Fan စစ်စစ်များအားလုံုးကို တောင်းပန်ပါတယ်။ ကျွန်မရှောင်လွဲလို့မရတဲ့စကားကိုတော့ ကျွန်မပြောရမှာပါပဲ။ ကျွန်မပရိသတ် တွေကတော့ အဲ့ဒါပြောရင် မကြိုက်ကြဘူး။ ဒါပေမယ့် ကျွန်မပြောရမှာပါ။ဒါရှောင်လွဲလို့မရသလိုငြင်းလို့လည်း မရဘူးလေ။ အသက်အရွယ် ကြောင့် သရုပ်ဆောင်အလုပ်က အနားယူတော့မယ်။ နားဖြစ်ရင်လည်း ကျွန်မဘာသာရေးပဲ လုပ်မှာပါ။ ချမ်းသာလွန်းလွန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်သင့်တာကို လုပ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကြောင့်ပါ" လို့ အောက်တိုဘာ(၂၃) ရက်နေ့ ပြုလုပ်ခဲ့တဲ့ ရွှေနန်းတော် ဆိုင်သစ်ဖွင့် ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာလည်း ဖြစ်ပါတယ်။

ငယ်စဉ်တုန်းက သူမဟာ သရုပ်ဆောင်ဘက်ကိုလည်း အရမ်းဝါသနာပါတဲ့အချိန်၊ တက်ကြွတဲ့အချိန်ဖြစ်တာကြောင့် အိုက်တင်တွေ လုပ်တဲ့ အခါမှာ ကိုယ့်ကိုကိုယ် ပြန်ပြီး ထိန်းနေရပေမယ့် အခုအသက်အရွယ်မှာတော့ သရုပ်ဆောင်ဖို့အတွက် စိတ်တွေ မနည်းစုစည်းပြီး ဆွဲတင်နေရ တယ်လို့ မီဒီယာတွေကို ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

သူမအနေနဲ့ သရုပ်ဆောင်ဘက်ကို အနားယူသွားပေမယ့်လည်း အနုပညာမောင်နှမတွေနဲ့ အဆက်အသွယ်မပြတ်အောင် ထုတ်လုပ်ရေး ဘက်ကို ဆက်ပြီးလုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

 

လက်ရှိမှာ ငပလီတွင် ရိုက်ကူးခဲ့တဲ့ "အောက်ဖဲမလှန်ကြေး " ရုပ်ရှင်ကို အပြီးသတ်ရိုက်ကူးပြီးခဲ့သလို နောက်ပိုင်းမှာလည်း လက်ခံပြီးတဲ့ ဇာတ်ကား တွေကိုတော့ ပြီးဆုံးအောင် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ မကြာခင်မှာ Golden Hour Production နဲ့ ဇာတ်ကားတစ်ကား ရိုက်ကူးဖို့အတွက် လက်ခံထားတာ ရှိတယ်လို့ သိရပါတယ်။

ထွန်းအိန္ဒြာဗိုလ်ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က