ဒီနေ့မနက်ကတဲ့။

နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါကို ခံစားနေရပြီး ဆေးကုသမှု ခံယူနေရတဲ့ ဒေါ်စံပယ်ဟာ အောက်တိုဘာ(၂၄) ရက်နေ့ နံနက်(၃)နာရီက ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီ ဖြစ်တယ်လို့ သားဖြစ်သူက ဆိုပါတယ်။



 

ရုပ်ရှင်နဲ့ ဗီဒိယို သရုပ်ဆောင် ဒေါ်စံပယ်က သူချစ်တဲ့ အနုပညာလောကနဲ့ ချစ်တဲ့ပရိသတ်တွေ မိသားစုတွေကို နှုတ်ဆက်ထွက်ခွာလို့ သွားပါပြီ။  နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါကို ခံစားနေရပြီး ဆေးကုသမှု ခံယူနေရတဲ့ ဒေါ်စံပယ်ဟာ အောက်တိုဘာ(၂၄) ရက်နေ့ နံနက်(၃)နာရီက ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီ ဖြစ်တယ်လို့ သားဖြစ်သူက ဆိုပါတယ်။

"အမေဆုံးပြီဆိုတဲ့သတင်းက ဟုတ်ပါတယ်။ မနက်(၃)နာရီလောက်ကပါ။ အခုလက်ရှိကတော့ အိမ်မှာ သက်ပျောက်ဆွမ်းကပ်နေတယ်။ Dead Body ကတော့ ဆေးရုံမှာပါ။ ဆေးရုံကို (၁၁)နာရီလောက် လာခဲ့ဖို့ခေါ်ထားတယ်။ သက်ပျောက်ဆွမ်းကပ်ပြီး အဲ့ကိုသွားမှာပါ" လို့ သားဖြစ်သူ က Duwun Media သို့ ပြောပြခဲ့ပါတယ်။

အခုလက်ရှိမှာ ကျန်ရစ်သူ မိသားစုက ဒေါ်စံပယ်အတွက် နေအိမ်တွင် သက်ပျောက်ဆွမ်း ကပ်လှူနေတယ်လို့ သားဖြစ်သူက ဆက်လက် ပြောပြခဲ့ ပါတယ်။ သရုပ်ဆောင် ဒေါ်စံပယ် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကြောင့်ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

ဒေါ်စံပယ်ဟာ ကျန်းမာရေး မကောင်းခဲ့စဉ်ကလည်းနေပြန်ကောင်းဖို့ ဆုတောင်းခဲ့ပြီး အခွင့်အရေးရရင် သူဝါသနာပါတဲ့ အနုပညာအလုပ် တွေကို ပြန်လုပ်ချင်သေးတယ်လို့ သားဖြစ်သူကို တစ်ဖွဖွ ပြောခဲ့သူပါ။ အခုတော့ သူဝါသနာတဲ့ အနုပညာအလုပ်တွေနဲ့ သူချစ်တဲ့ ပရိသတ်တွေအားလုံးကို နှုတ်ဆက်သွားခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က