သီတင်းကျွတ်နဲ့ ပတ်သက်တဲ့ အကြောင်းလေးပါ။

ဒါရိုက်တာ သားညီက သီတင်းကျွတ်နဲ့ ပတ်သက်ပြီး ဦးကျော်ဟိန်း ပြောခဲ့တဲ့ စကားတစ်ခွန်းကို မှတ်မှတ်ရရနဲ့ ပြန်ပြောပြထား တာတွေ့ရ ပါတယ်။

Photo : သားညီ FB

 

ဒါရိုက်တာ သားညီက သီတင်းကျွတ်နဲ့ ပတ်သက်ပြီး ဦးကျော်ဟိန်း ပြောခဲ့တဲ့ စကားတစ်ခွန်းကို မှတ်မှတ်ရရနဲ့ ပြန်ပြောပြထား တာတွေ့ရ ပါတယ်။ သီတင်းကျွတ်ကာလမှာ ကန်တော့တာနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။ မင်းသားပေါက်စဘဝတုန်းက သားညီဟာ ဦးကျော်ဟိန်းဆီကို သွားကန်တော့ခဲ့ပါတယ်တဲ့။

ဒါပေမယ့် ဦးကျော်ဟိန်းက ကန်တော့မခံဘဲ ခြံတံခါးပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဦးကျော်ဟိန်းတစ်ယောက် ဘာလို့ တံခါးပိတ်ထားခဲ့ တာလဲဆိုတဲ့အကြောင်းကိုယခုလို ပြောပြခဲ့ပါတယ်။

 

"သူများတွေနဲ့တွေးခေါ် စဉ်းစားပုံမတူတဲ့ ဦးလေးတစ်ယောက် ကျွန်တော့်မှာရှိတယ်ဗျ အဲ့ဒါ ဦးကျော်ဟိန်း ပဲ /ကျွန်တော်ငယ်ငယ် မင်းသား ပေါက်စဘဝကတစ်ခုသော သီတင်းကျွတ်မှာ ဦးကျော်ကို သွားကန်တော့ခဲ့ပါတယ်။သူခြံတံခါးဝရောက်တော့ တံခါးပိတ်ထားလို့ phone ဆက်ပြီးလာကန်တော့တာပါလို့ ပြောတော့ သူများတစ်ကာနဲ့မတူသော ကျွန်တော့်ဦးလေး ဘာပြောတယ်ထင်လဲဗျ ။မင်း တစ်နှစ်ပတ်လုံး စော်ကားချင်သလိုစော်ကား ပြစ်မှားချင်သလိုပြစ်မှားပြီးမှ သီတင်းကျွတ်ကိုအကြောင်းပြ ကိတ်မုန့်လေး အသီးလေးနဲ့ လက်အုပ်ချီ တောင်းပန် တာကို ငါ ကလက်ခံရမှာလားတဲ့ ။အစကတည်းက မကန်တော့ရအောင် နေပါလားတဲ့ ကန်တော့ချင်ရင်လည်း သီတင်းကျွတ် အထိစောင့် စရာ မလို ဘူးဆိုပြီး" တံခါးကို ပိတ်ထားခဲ့တာလိုု့ သားညီက ဆိုပါတယ်။

Photo : သားညီ FB

သားညီလည်း စိတ်ဆိုးပြီး ကန်တော့ဖို့ ယူသွားတဲ့ ကိတ်မုန့်တွေ အသီးတွေကို ခြံရှေ့မှာပဲ အကုန်ထိုင်စားခဲ့လိုက်တယ်တဲ့။ နောက်တော့မှ ကျော်ဟိန်းပြောချင်တဲ့ အဓိပ္ပါယ်ကို သူသဘောပေါက်လာတယ်ဆိုတဲ့အကြောင်းကိုလည်း ဆက်လက်ပြောခဲ့ပါသေးတယ်။

"သူပြောချင်တဲ့ အဓိပ္ပါယ်ကို ကျွန်တော်သဘောပေါက်လာတယ်။ကျွန်တော်တို့တွေ ပတ်ဝန်းကျင်ကို လူကြီးမိဘဆရာသမားတွေကို မရည် ရွယ်ပဲဖြစ်ဖြစ် ရည်ရွယ်ပြီးတော့ တမင်သက်သက်ပဲဖြစ်ဖြစ် ပြစ်မှားကျူးလွန်ခဲ့တဲ့အပြစ်တွေရှိခဲ့မှာပဲ ။သူပြောချင်တာက ပတ်ဝန်း ကျင်အပေါ်လူကြီးမိဘ ဆရာသမားတွေ အပေါ် မစော်ကားမိအောင်နေရမယ်။အပြစ်တွေမကျူးလွန်မိအောင် ထိန်းချုပ်ရမယ်။ ကျူးလွန်မိခဲ့ ရင်လည်း ကိုယ့်အမှားအတွက် အချိန်မရွေးတောင်းပန်ရဲတဲ့သတ္တိရှိရမယ်ဆိုတာပါပဲ ။သားညီ" ဆိုပြီး ပြောပြခဲ့ပါတယ်။

Photo : သားညီ FB

 

သူပြောချင်တဲ့ အကြောင်းအရာဟာ ဘာသာရေးအမြင်နဲ့လည်း မဆိုင်သလို သူ့ရဲ့ လူငယ်ဘဝအမှတ်တရတစ်ခုကို ပြန်ပြောပြတာ ဖြစ်တယ်ဆိုပြီး ရှင်းပြခဲ့ပါသေးတယ်။ သီတင်းကျွတ်ကာလမှာ လူကြီးမိဘ ဆရာသမားတွေကို ကန်တော့ကြတာ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုပါဆိုပြိး ဆက်လက်ပြောပြခဲ့ပါတယ်။

ဒါရိုက်တာသားညီဟာ သရုပ်ဆောင်ဒွေး(ခ) ကိုသားကြီးရဲ့ ချစ်လှစွာသော ညီအရင်းတစ်ယောက်ဖြစ်ပါတယ်။ အရင်က သရုပ်ဆောင် အလုပ် တွေ ကိုလည်း အစ်ကိုဖြစ်သူနဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့ပါသေးတယ်။ ဒွေးသေဆုံးသွားပြီးတဲ့နောက် သားညီကလည်း အနုပညာလောကနဲ့ အနည်းငယ် ဝေးကွာသွားခဲ့ပါသေးတယ်။

Photo : သားညီ FB

 

ခုနောက်ပိုင်းမှာတော့ အနုပညာလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက် ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက် တစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။

သားညီအနေနဲ့ သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူး တွေမှာ ဖြေဆိုဖူးပါတယ်။

Share

Loading Next Article...
က္က