ဖေဖေ မေမေ တို့လည်း ပါပါတယ်။

ပရိသတ်အချစ်တော်လေးတွေ ဖြစ်ကြတဲ့ ခေတ် နဲ့ သစ်တို့ ညီအစ်မ နှစ်ယောက်က ဖေဖေ မေမေ တို့နဲ့ အတူ ဘိုးဘိုး ဘွား ဘွားတွေကို သွား ကန်တော့ခဲ့ကြတာကို တွေ့ရပါတယ်။ ချစ်သုဝေ ကလည်း လိမ္မာတဲ့ သမီးလေး နှစ်ယောက်ကြောင့် သားသမီး ရ ကံကောင်းတယ်လို့ဆိုပါတယ်။

Photo: ချစ်သုဝေ ဖေ့စ်ဘွတ်

 

အဆိုတော်လင်းလင်း နဲ့ ချစ်သုဝေတို့ မိသားစုလေးက သီတင်းကျွတ်မှာ လူကြီး မိဘတွေကို လိုက်ကန်တော့နေတယ်လို့ ဆိုပါတယ်။ လိမ္မာပြီး ချစ်စရာကောင်းတဲ့ သမီးလေးမေမြန်မာခေတ်၊ မေမြန်မာသစ် တို့နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူး ဖြစ်နေကြတာကိုလည်း တွေ့ရ ပါတယ်။

'' သီတင်းကျွတ်မှာ ဖိုးဖိုးဖွားဖွားကိုကန်တော့၊ မေမေဖေဖေနဲ့ တီမာ့ကိုကန်တော့။ ပြီးတော့ စားမယ်သောက်မယ်ကဂျားမယ် အစီအစဉ်

ပျော်ရွှင်စရာ သီတင်းကျွတ်ပါနော်'' ဆိုပြီးတော့ အောက်တိုဘာလ ၂၄ ရက်နေ့ ည ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ခေတ် နဲ့ သစ် တို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေလည်း တင်ခဲ့ပါသေးတယ်။

Photo: ချစ်သုဝေ ဖေ့စ်ဘွတ်

 

မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ရဲ့ မေမေ ဖြစ်တဲ့ ချစ်သုဝေက လက်ရှိပိုင်ဆိုင်ထားတဲ့ အမြွှာသမီးလေးတွေကြောင့် အရမ်းကို ပျော်ရွှင် နေရပါတယ်။ ဇနီးမောင်နှံ နှစ်ယောက်ကိုသာမက သမီးလေးတွေကိုလည်း ပရိသတ်အများကြီးက ချစ်ပေးကြလို့ ဝမ်းသာမဆုံး ဖြစ်ရတယ်လို့ ပြောပြပါသေးတယ်။

'' '' မမက သားသမီးရ ကံကောင်းတယ်၊ မမ သားသမီးလေးတွေကို ချစ်ကြတယ်။ အဲ့ဒီအတွက် သူတို့ကို နွေးနွေးထွေးထွေး မေတ္တာလေးတွေနဲ့ ပဲ သူတို့ကို ရှင်သန်စေချင်တယ်။ အဲ့ဒီ ဆုတောင်းလေး မမပြည့်ခဲ့တယ်။ သူတို့ကို မမြင်ရသေးခင်ကတည်းက ချစ်ကြတာ၊ ဘုရားသခင်ရဲ့ စောင့်ရှောက်ခြင်းကိုလည်း ခံရတယ်၊ ပရိသတ်တွေကလည်း သမီးလေးတွေကို ချစ်ပေးကြလိ့ု ဝမ်းသာတယ်'' လို့ သြဂုတ်လ ၁၀ ရက်နေ့ ချစ်သုဝေရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ ဆိုပါတယ်။

Photo: ချစ်သုဝေ ဖေ့စ်ဘွတ်

သမီးလေးတွေကြိုက်တဲ့ မုန့်ကို ကိုယ်တိုင်လုပ်ကျွေးနေတဲ့ ချစ်သုဝေ 

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။

Photo: ချစ်သုဝေ ဖေ့စ်ဘွတ်

 

မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ ပုံလေးတွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်းနဲ့ချီ ရှိနေတာပါ။

Share

Loading Next Article...
က္က