ဒီဇာတ်လမ်းတွဲကြောင့် ပရိသတ်တွေနဲ့ ပိုရင်းနှီးလာခဲ့တာလေ။

ပရိသတ်တွေကြားထဲမှာ အောင်မြင်မှုရရှိနေတဲ့ "မနေ့ကဖြစ်သည်၂" ဇာတ်လမ်းတွဲက ဒီနေ့(အောက်တိုဘာ၂၉ရက်)မှာ ဇာတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲထဲမှာ ဒုရဲအုပ်ရဲနောင် အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ခါရာကတော့ ဒီဇာတ်လမ်းတွဲကို မပြီးစေချင် သေး ဘူးလို့ ဆိုပါတယ်။

Photo : ခါရာ FB

 

ပရိသတ်တွေကြားထဲမှာ အောင်မြင်မှုရရှိနေတဲ့ "မနေ့ကဖြစ်သည်၂" ဇာတ်လမ်းတွဲက ဒီနေ့(အောက်တိုဘာ၂၉ရက်)မှာ ဇာတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲထဲမှာ ဒုရဲအုပ်ရဲနောင် အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ခါရာကတော့ ဒီဇာတ်လမ်းတွဲကို မပြီးစေချင် သေး ဘူးလို့ ဆိုပါတယ်။

ဒီဇာတ်လမ်းတဲကြောင့် အနယ်နယ် အရပ်ရပ်က ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး ရှိခဲ့သလို မိသားစုဝင်တွေ တိုးလာသလို ခံစားရပြီး ည(ရး၀၀)နာရီ အချိန်လေး ရောက်တာနဲ့ပျော်ခဲ့ရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ပြောထားတာတွေ့ရပါတယ်။

Photo : ခါရာ FB

 

"မနှုတ်ဆက်ချင်သေးပေးမဲ့ ဘာလိုလိုနဲ့ အခုဇာတ်သိမ်းပိုင်းကိုတောင်ရောက်လာပြီနော် အမှန်တိုင်းပြောရရင် ဒီဇာတ်လမ်းကိုတောင် မပြီးစေချင်သေးဘူးဗျ။ဒီ 'မနေ့ကဖြစ်သည်၂' ဇာတ်လမ်းတွဲကြောင့် တစ်လခွဲ နီးပါး အနယ်နယ် အရပ်ရပ်မှ ပရိတ်သတ်အားလုံးနဲ့ ည ၇:၀၀ ဆိုတာနဲ့ ရင်းရင်းနှီးနှီးအတူတူရှိနေသလို ခံစားရတယ် မိသားစုဝင်တွေတိုးလာသလိုပေါ့ အဲ့အချိန်လေးရောက်တာနဲ့လဲ ပျော်ခဲ့ရတယ် " ဆိုပြီး သူ့ရဲ့ ဖေ့်ဘွတ်ပေ့ချ်မှာ အောက်တိုဘာ(၂၉) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ခါရာ FB

 

ခါရာဟာ "မနေ့ကဖြစ်သည် ၂ "ထဲမှာ သူသရုပ်ဆောင်ထားတဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူ ဖြစ်ပါတယ်။သူ့ရဲ့ ကြိုးစားမှုကို ပရိသတ်တွေ အသိအမှတ်ပြုပေးကြတဲ့အတွက်လည်း ဝမ်းသာကြောင်း ပြောထားတာ တွေ့ရပါတယ်။

"ဒီဇာတ်လမ်းထဲမှာ ကျွန်တော့်အနေနဲ့ 'ဒုရဲအုပ် ရဲနောင်' အဖြစ် အစွမ်းကုန်ကြိုးစားထားပါတယ်။ ပရိတ်သတ်တော်တော်များများလဲ အဆင်ပြေ တယ်လို့ပြောတာတွေ တွေ့ရ ကြားရတော့ ကျွန်တော်ကြိုးစား လုပ်ထားတာတွေအတွက် ဝမ်းသာမိပါတယ်ဗျာ" ဆိုပြီး ဆက်လက်ရေးသား ထားပါတယ်။

Photo : ခါရာ FB

 

ကိုယ့်ရုပ်ကိုယ် ပြန်မကြည့်ချင်တဲ့ အချိန်တွေ ရှိခဲ့တဲ့ ခါရာ 

သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားတာ ရှိတာကြောင့် ဒီဇာတ်လမ်းတွဲ ပြီးသွားပေမယ့်လည်း နောက်လာမယ့် ရုပ်ရှင် တွေ ကိုလည်း အားပေးဖို့အတွက် ပရိသတ်တွေကို တောင်းဆိုထားတာတွေ့ရပါတယ်။

"ကျွန်တော်အနေနဲ့ ရုပ်ရှင်ကားကြီးတွေလဲ ရိုက်ကူးထားပါတယ် ရုံတင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ကားကြီးတွေလဲရှိသလို ဆက်လက်ပြီးလဲ ရုပ်ရှင်ကားကောင်းတွေ ရိုက်ကူးနေပါတယ်ဗျာ  ။ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးများအတွက် မတူညီတဲ့ ရသတွေ ဖန်းတီးမှုတွေကို အကောင်းဆုံး တင်ဆက်ချပြသွားပါ့မယ်လို့ ပြောရင်းနဲ့ ခဏတာ နှုတ်ဆက်ပါရစေ။ ရုပ်ရှင်ကားကြီးတွေရုံတင်ရင်လဲ အခုလိုပဲ အားရပါးရ အားပေးမယ်လို့ မျှော်လင့်ပါတယ်နော် " ဆိုပြီး ပရိသတ်တွေကို ပြောထားပါတယ်။

Photo : ခါရာ FB

 

ခါရာဟာ Bonanza ထုတ်လုပ်ရေးနဲ့အတူ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ သူဟာ Professional Model တစ်ယောက် အနေနဲ့ ပရိသတ်တွေ စတင်အားပေးခြင်းကို ခံခဲ့ရသူပါ။ အခုချိန်မှာတော့ ခါရာပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာတွေ၊ ရုပ်ရှင် ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲ တွေကလည်း ပရိသတ်ရှေ့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က