အဲ့မုန့်ဖိုးနဲ့ နောက်လ ပတ္တယားကမ်းခြေသွားမယ်တဲ့။

ယုန်လေးကတော့ သီတင်းကျွတ် မုန့်ဖိုး သိန်း(၂၀၀) ရလို့ နောက်လမှာ ထိုင်းနိုင်ငံ၊ ပတ္တယားကမ်းခြေသွားမယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။



 

အဆိုတော် သရုပ်ဆောင်ယုန်လေးက သီတင်းကျွတ်မုန့်ဖိုး သိန်း(၂၀၀)ရလို့ ပျော်နေပါတယ်။  သူရိုက်ကူးခဲ့တဲ့ Special 9 ရုပ်ရှင်ဇာတ်ကားနဲ့ ORIGINAL GANGSTER 4  ရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ်ပေးခဲ့တဲ့ ထုတ်လုပ်ရေး နှစ်ခုရဲ့ ပိုင်ရှင်တွေကို သွားကန်တော့ခဲ့တာပါ။

ယုန်လေးကတော့ သီတင်းကျွတ် မုန့်ဖိုး သိန်း(၂၀၀) ရလို့ နောက်လမှာ ထိုင်းနိုင်ငံ၊ ပတ္တယားကမ်းခြေသွားမယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

 

"Special 9 ကို လုပ်ချင်ရာ လုပ်ခွင့်ပေးခဲ့တဲ့ ကိုဖိုးဝ နဲ့ မမူ (Shwe Myanmar Film Production )၊ ORIGINAL GANGSTER 4 ကို စိတ်ကြိုက် လုပ်ပိုင်ခွင့်ပေးတဲ့ မစန္ဒာ ( Power King Film Production ) သွားကန်တော့ မုန့်ဖိုး သိန်း၁၀၀ စီရခဲ့ အရမ်းပျော် ။ ဒိုးမယ် နောက်လ PATTAYA လိုက်ချင်တဲ့သူလိုက်ခဲ့ " ဆိုပြီး အောက်တိုဘာ(၂၉) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားတာပါ။

နောက်ထပ်ရိုက်မယ့် ဇာတ်ကားအတွက် စတင်ပြင်ဆင်နေပြီဆိုတဲ့ ယုန်လေး 

ယုန်လေးဟာ လက်ရှိမှာ ဖျော်ဖြေပွဲတွေ သွားဖြစ်နေသလို နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့အတွက် ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။ယုန်လေးကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပြင်ဆင်မှုတွေ စနေပြီလို့ သိရပါတယ်။ အဲ့ဒီဇာတ်ကားမှာ ပါဝင်မယ့်  သရုပ်ဆောင်တွေဖြစ်တဲ့  တိုင်ရွန်၊ အောင်လေး၊ ခင်ဝင့်ဝါ တို့နဲ့လည်း ဇာတ်ကားအတွက် ဆွေးနွေးတိုင် ပင်နေပြီလို့ သိရပါတယ်။

 

ယုန်လေး ရိုက်ကူးခဲ့တဲ့ Original Gangster ရုပ်ရှင်ဇာတ်ကားကြီး၊ Speical 9 ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူ ကျခဲ့တာဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားကောင်းကောင်းတွေကို ဖန်တီးတတ်တဲ့ ယုန်လေးကတော့ နောက်ထပ် ဘယ်လို ဇာတ်ကောင်းတွေ ပြင်ဆင်သွားမလဲဆိုတာကတော့ မကြာခင် သိရတော့မှာပါ။

သူဟာ အနုပညာအလုပ်တွေလည်း ဆက်တိုက်ဆောင်ရွက်နေသလို ပရဟိတအလှူဘက်မှာလည်း မပြတ်မကွက် ဆောင်ရွက်နေ သူဖြစ်ပါ တယ်။ လက်ရှိမှာလည်း အနုပညာနဲ့ပတ် သက်တဲ့ အလုပ်တွေ အများကြီးဆောင်ရွက်နေတာကို တွေ့ရပါတယ်။

 

ယုန်လေးက  သူကိုယ်တိုင်ရေးသားတဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၁ ၊ Original Gangster 1 စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင် ခဲ့သူပါ။ ဒီရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်အားပေးမှုလည်း ပိုမိုရရှိလာတာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သီချင်းတွေ ရေးပေးဖြစ်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က