ဇာနည်နဲ့ဝမ်းတို့ရဲ့ crystal anniversary ပွဲလေးကို တက်ရောက်ခဲ့ပါသေးတယ်။

အောက်တိုဘာ(၂၉) ရက်နေ့က ကျင်းပခဲ့တဲ့ အဆိုတော် အာဇာနည်နဲ့ ဝမ်းတို့ရဲ့မင်္ဂလာသက်တမ်း(၁၅)နှစ်ပြည့် ပွဲလေးကို အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ တက်ရောက်ခဲ့ပါတယ်။ခင်ပွန်းနဲ့အတူ နှစ်ယောက်တွဲလေး ပွဲတက်ရလို့ ချစ်သုဝေတစ်ယောက် ပျော်လို့နေပါတယ်။



Photo : ချစ်သုဝေ FB

 

အောက်တိုဘာ(၂၉) ရက်နေ့က ကျင်းပခဲ့တဲ့ အဆိုတော် အာဇာနည်နဲ့ ဝမ်းတို့ရဲ့မင်္ဂလာသက်တမ်း(၁၅)နှစ်ပြည့် ပွဲလေးကို အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ တက်ရောက်ခဲ့ပါတယ်။ခင်ပွန်းနဲ့အတူ နှစ်ယောက်တွဲလေး ပွဲတက်ရလို့ ချစ်သုဝေတစ်ယောက် ပျော်လို့နေပါတယ်။

မင်္ဂလာသက်တမ်း (၁၅)နှစ် ပြည့်သွားတဲ့ အာဇာနည်တို့ ဇနီးမောင်နံှအတွက်ကိုလည်း ချစ်သုဝေက ဂုဏ်ပြုစကား ပြောထားပါသေးတယ်။

Photo : ချစ်သုဝေ FB

 

"အိမ်ထောင်တစ်ခုကိုတည်ထောင်ရတာခက်ခဲတယ်..သားသမီးတွေရလာရင်မိသားစုကိုခိုင်မြဲအောင် ခရီးဆက်ရတာလည်း ခက်ခဲတယ်.. ကိုဇာနည် နဲ့မဝမ်း ရဲ့ crystal anniversary အတွက် "Congratulations ။ မနေ့က မိတ်ဆွေတွေနဲ့ပြန်တွေ့ စကားတွေပြောနဲ့ ကလေးမေ တော်တော်ပျော်ပဲ။ပွဲလေး၁ခါသွားဖို့ မိတ်ကပ်ကို အပိုင်းပေါင်းများစွာခွဲလိမ်း(ယူတို့ရဲ့ပေတလူးလေး၂ယောက်လိုက်ဆွဲလို့).dress လေးအတွက် မပူရအောင် စီစဉ်ပေးတဲ့ t pauk(Mogoke Pauk Pauk..ready to wear) Chic Paukကိုလည်းကျေးဇူးပါ ၂ယောက်တွဲလေးတက်ရတော့ ကလေးမေ ပျော်နေရော  ပွဲမှာ ကလေးမေဖြစ်တဲ့အလွဲပေါင်းများစွာကိုတော့ပြောတော့ဘူး" ဆိုပြီး အောက်တိုဘာ(၃၀) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ချစ်သုဝေ FB

ဘိုးဘိုးဘွားဘွားကို ကိုယ်တိုင်သွားကန်တော့ခဲ့ကြတဲ့ ခေတ်နဲ့ သစ်  

ချစ်သုဝေတစ်ယောက် ခင်ပွန်းနဲ့အတူ နှစ်ယောက်တည်း ပွဲတက်ရလို့ တော်တော့်ကို ပျော်နေတာပါ။ သူမရဲ့ ခံစားချက်လေးကိုယခုလို ပြောထားသလို ခင်ပွန်းသည်နဲ့အတူ နှစ်ယောက်တည်း ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါသေးတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အနုပညာလောကမှာ အောင်မြင်တဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ အဆိုတော်လင်းလင်းဟာ ဂီတဘက်ထူး ချွန်သူတစ်ယောက်ပါ၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတွေကလည်း ပရိသတ်အကြိုက် နဲ့ ထပ်တူ ကျခဲ့တဲ့ သီချင်းတွေပါပဲ။ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

Photo : ချစ်သုဝေ FB

 

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က