ကွယ်လွန်တာ ၄ နှစ်ပြည့်ပါပြီတဲ့။

ဂျွန်ဂို ကွယ်လွန်တာ ၄ နှစ်ပြည့် အနေနဲ့ အစ်မကြီးဖြစ်သူ မြသင်းခြယ် ကတော့ မေ့လို့ မရနိုင်သေးတဲ့ အကြောင်းတွေ ရင်ဖွင့် ပြောပြ ထားပါ တယ်။ မောင်လေးဖြစ်တဲ့ ဂျွန်ဂိုရဲ့ အကြောင်းတွေကို ပြောပြခဲ့ပါသေးတယ်။

Photo: မြသင်းချယ်ဖေ့စ်ဘွတ်

သရုပ်ဆောင် ဂျွန်ဂို ကွယ်လွန်ခဲ့တာ အောက်တိုဘာလ ၃၁ ရက်နေ့က ၄ နှစ်ပြည့်ခဲ့ပြီလို့သိရပါတယ်။ ဒီ့အတွက်ကြောင့် သူ့ရဲ့ အစ်မဖြစ်သူ သရုပ်ဆောင် မြသင်းခြယ်ကတော့ သူတို့ရဲ့ နေအိမ်မှာ သံဃာတော်တွေကို ဆွမ်းကပ်ခဲ့တယ်လို့ ဆိုပါတယ်။ အနုပညာလောကမှာ အောင်မြင် မှုတွေရရှိခဲ့တဲ့ မောင်လေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ သူမရဲ့ ခံစားချက်တွေကိုလည်း အခုလို ပြောပြထားတာ တွေ့ရပါတယ်။

'' တစ်ချိန်တုန်းက အရမ်းဖြူစင်ပြီးသိပ်ချစ်စရာကောင်းတဲ့မောင်လေးတစ်ယောက်ရှှိခဲ့ဖူးတယ် ''ဂျွန်ဂို''လို့ ခေါ်တဲ့လူအများကြီးရဲ့ အချစ်တွေ ရရှိခဲ့တဲ့ လူဆိုးလေး ခုတော့ သူကချစ်တဲ့သူတွေ သူ့ကိုချစ်တဲ့သူတွေကိုပစ် ပြီးခရီးအဝေးကြီးထွက်သွားတာ (၄)နှစ်ရှိပြီ ဘယ်နေ့ ပြန်လာ မှာ လဲ၊ ဘယ်တော့ပြန်လာမှာလဲ၊ ဘယ်အချိန်ပြန်လာမှာလဲ၊ ဘယ်နေရာ ဘယ်အချိန်မှာပြန်တွေ့ခွင့် ရမယ်ဆိုတာ မသိရတော့ တဲ့ မောင်လေးရေ'' လို့ ဆိုပါတယ်။

Photo: မြသင်းချယ်ဖေ့စ်ဘွတ်

 

ဂျွန်ဂိုဟာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ြမြသင်းခြယ်ရဲ့ မောင်လေး အငယ်ဆုံးဖြစ်သလို သရုပ်ဆောင် နေထူးနိုင်ရဲ့ ယောက်ဖ တော်စပ်သူဖြစ်ပါတယ်။

''မင်းအစ်ကိုယောက်ဖက အာဇာနည်မျိုးသေရိုးမရှိ လို့မင်းကိုတင်စားထားတယ်။ မင်းကိုချစ်တဲ့သူတွေရဲ့ ရင်ထဲမှာမင်းက အမြဲတမ်း ရှင်သန်နေတယ်ဆိုတာယုံပါကွယ်။ အမြဲလွမ်းနေ တယ်နော်။ မမကြီး'' ဆိုပြီးတော့ အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လည်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: မြသင်းချယ်ဖေ့စ်ဘွတ်

 

ဂျွန်ဂိုဟာ အက်ရှင်မင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အရပ်ရှည်ရှည် အသားညိုညို အသက် ကလည်း ငယ်တော့ တစ်ချိန်က ကောင်မလေး ပရိသတ်တွေရဲ့ အသဲစွဲ မင်းသားတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ ဂျွန်ဂိုနောက်ဆုံးရိုက်ခဲ့တဲ့ ဇာတ်ကား နာမည်လေးကတော့ '' ငရဲအိုး'' ဆိုတဲ့ အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။

Photo: မြသင်းချယ်ဖေ့စ်ဘွတ်

 

မြသင်းခြယ်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်နေပေမယ့် မိသားစုကို ပိုပြီးအချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။ မကြာသေးခင် ကလည်း သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ '' တစ်နေ့မှ မေ့မရပါ'' ဆိုတဲ့ တေးစီးရီးကို ထွက်ရှိထားတာဖြစ်ပါတယ်။ သူမဟာ မျက်နှာဝိုင်း ဝိုင်း ဆံပင်ရှည်ရှည်နဲ့ ပရိသတ်အချစ်တွေ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က