ရင်ထဲမှာလည်း ပျော်နေတယ်တဲ့။

ဆိုင်က ဝန်ထမ်းတွေ သီတင်းကျွတ် ကန်တော့ကြလို့ စိုးပြည့်သဇင်တစ်ယောက် နေမထိ ထိုင်မသာ ဖြစ်လို့နေပါတယ်။

Photo : စိုးပြည့်သဇင် FB

 

စိုးပြည့်သဇင်က ဆိုင်က ဝန်ထမ်းတွေ သီတင်းကျွတ် ကန်တော့ကြလို့ နေမထိ ထိုင်မသာ ဖြစ်လို့နေပါတယ်။ မင်းသမီး ပိုးထည်တိုက်မှာ ခန့်ထားတဲ့ ဝန်ထမ်းတွေထဲက သူမထက် ငယ်တဲ့ ဝန်ထမ်းတွေက သူမကို သီတင်းကျွတ် ကန်တော့ကြတာဖြစ်သလို ကန်တော့ခံရတဲ့ အတွက် လည်း ရင်ထဲမှာ ပျော်နေတယ်လို့ စိုးပြည့်က ဆိုပါတယ်။

Photo : စိုးပြည့်သဇင် FB

 

"ဒီနေ့ဆိုင်ကညီမငယ်လေးတွေက သီတင်းကျွတ်ကန်တော့ကြတယ်...ကိုယ့်ထက်ငယ်တာတော့ လေးယောက်ဘဲ ရှိတာ ရင်ထဲမှာပျော်လည်း ပျော်သလို ဘာဆုပေးရမှန်းလည်းမပြောတတ်ဘူး။ မဒါတို့ကစနေတော့ပိုဆိုး  ဒီကဘဲဆုပေးလိုက်မယ်နော် စိတ်ချမ်းသာကိုယ် ကျန်းမာနဲ့ အမြဲပျော်ရွှင်ပါစေ။ ညီမတွေအမတွေအားလုံးကိုလည်းချစ်ပါတယ်နော်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၁) ရက်နေ့က ရေးသားထား ပါတယ်။

Photo : စိုးပြည့်သဇင် FB

စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ သီဆိုထားတဲ့ "Don't make me lonely "  

စိုးပြည့်သဇင်ဟာ လက်ရှိမှာ သူတိုု့ ညီအစ်မတွေ ဖွင့်လှစ်ထားတဲ့ "မင်းသမီးပိုးထည်တိုက်" ဆိုင်အတွက် ကူညီလုပ်ကိုင်ပေးလျက်ရှိပါတယ်။ အနုပညာအလုပ်တွေလုပ်ရင်းနဲ့ ကိုယ်ပိုင်စီးပွားရေးအတွက်တစ်ဖက်တစ်လမ်းက ကြိုးစားနေတာတွေ့ရပါတယ်။မင်းသမီးပိုးထည်တိုက်ဟာ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ပေါင်းပြီး ဖွင့်ထားတဲ့ ပိုးထည်တိုက်ဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

Photo : စိုးပြည့်သဇင် FB

 

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်း နဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က