ကျန်းမာရေးအခြေအနေ ဆိုးရွားလျှက်ရှိပါတယ်။

ကစ်ကစ်ရဲ့ ကျန်းမာရေး အခြေအနေအရ အခုလက်ရှိမှာလည်း ကုတင် ၅၀၀ ဆေးရုံကြီးမှာ အရေးပေါ် ဆေးရုံတင်လိုက်ရပြီလို့ သိရပါတယ်။ သူမဟာ အနုပညာကို ရူးသွပ်သူဖြစ်တာကြောင့် ပရိသတ်တွေကို ဟာသတွေနဲ့ တင်ဆက်ချင်သေးတဲ့ အကြောင်း ပြော ပြထားပါသေးတယ်။



Photo: Min Ko Fb

 

ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေး အခြေအနေကတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ ကုတင် ၅၀၀ ဆေးရုံကြီးမှာရှိတဲ့ ဆီးနဲ့ ကျောက်ကပ် အထူးကုဌာနမှာ ဆေးကုသမှုခံထားရတယ်လို့ အနုပညာသစ်ပြတိုက်က တေးရေး ကိုမင်းကို က ပြောပြထားပါတယ်။

'' ဒီနေ့ခက်ခက်ခဲခဲအရေးပေါ်ဆေးရုံထပ်တင်ပေးလိုက်ရတဲ့ဟာသသရုပ်ဆောင်မကစ်ကစ် ဖြူစင်မေတ္တာလူမှုုရေးအသင်း ကားနဲ့ မနက် ခြောက်နာရီသွားခေါ်ပေးခဲ့ပါတယ်။  တစ်ကိုယ်လုံးချမ်းတုံနေတယ် သတိတစ်ချက် တစ်ချက်လွတ်သလိုဖြစ်ဖြစ်သွားတယ်။ ခန္ဓာကိုယ်ထဲမှာ ရေတွေများနေပြီးဖောရောင်နေတယ်။ ကုပ်မိလို့ပဲထွက်တဲ့ အရေပြားကနေ အရည်များယိုစိမ့်ထွက်နေတယ်။ ဆီးခုံနဲ့ အသားများ တင်းကား ပြီး နေထိုင်ရခက်ခဲနေတယ်။ အောက်ဆီဂျင်ပေးထားရပြီးကျောက်ကပ်ဆေးဖို့ပြင်ဆင်ပေးနေပါတယ်''ဆိုတာကို နိုဝင်ဘာလ ၂ ရက်နေ့ မနက် ၈ နာရီ ၄၄ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Min Ko Fb

 

ကစ်ကစ်ဟာ ကျောက်ကပ်ဆေးချင်ပေမယ့်လည်း ငွေကြေးမပြည့်စုံတဲ့ အနေအထားကြောင့် ကုသမှု မလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ ကျောက် ကပ်အစားထိုး ကုသပါက ၅ နှစ်ထက်ပို မနေရနိုင်ဘူးလို့လည်း ကိုမင်းကိုက အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ် မှာ ဆက်လက်ပြောပြထားတာ တွေ့ရပါတယ်။

'' မကစ်ကစ်ကကျောက်ကပ်ရောဂါတစ်မျိုးတည်းခံစားနေရတာမဟုတ်ဘူး ကျောက်ကပ်သွေးတိုး နှလုံးနဲ့အဆုပ်ထဲပါရေ ကဝင်ဝင်နေတာဆို တော့ နေရမယ့်သက်တမ်းကို စဉ်းစားလို့ရနေပါတယ်။ ကျောက်ကပ်ကလည်းမဆေးရသေးဘူး ဒီတိုင်းသာဆက်သွားနေမယ် ဆိုရင်တော့ မတွေးဝံ့စရာပါ'' လို့ ဆိုပါတယ်။

Photo: Min Ko Fb

ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတဲ့ ဟာသသရုပ်ဆောင်ကစ်ကစ် 

အနုပညာကိုလည်း ရူးသွပ်သူဖြစ်တစ်ဦးဖြစ်တဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ ဆန္ဒတွေကိုလည်း ကိုမင်းကို က အခုလို ပြောပြထားတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ကစ်ကစ်ရဲ့ ရောဂါအတွက် ကုသမှုပေးနိုင်မယ့် အလှူရှင်တွေ အများကြီး လိုအပ်နေတယ် လို့လည်း ပြောပြခဲ့ပါတယ်။

''သူကျောက်ကပ်လည်းဆေးချင်တယ်။ ကျောက်ကပ်လှူပေးမယ့်သူ ခွဲတာစိတ်တာတွေလှူပေးမယ့်အလှူရှင်ရှိမယ်ဆိုရင် သူ့ကျောက်ကပ်ကို သူအစားထိုးချင်ပါတယ်တဲ့။ သူ့သမီးလေးဘဝရှေ့ရေးကရှိသေးတယ်။ သူ့ကိုအားပေးချစ်ခင်ကြတဲ့ ပရိတ်သတ်ကြီးကိုလည်းဟာသ တွေနဲ့ ဖျော်ဖြေချင်ပါသေးတယ်တဲ့'' လို့ သူကဆိုပါတယ်။

Photo: Min Ko Fb

 

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က