အားပေးကြမ်းချက်ပဲ။

မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ ၁၉ နာရီအတွင်းမှာပဲ အားပေးကြည့် ရှုသူ တစ် သန်း ကျော်သွား ပြီလို့ သိရပါတယ်။ ဒီဇာတ်ကား ဖြစ်လာဖို့ ပါဝင်ထားကြတဲ့ အနုပညာရှင်တို့ရဲ့ စကားသံကိုလည်း အခုလို ပြောပြခဲ့ပါတယ်။



 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီက မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီး ဖေ့စ်ဘွတ်ပေ့ချ် ကနေ တရားဝင်မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ ဇာတ်ကားထွေလာကို မိတ်ဆက်ပေးလိုက်တဲ့ ၁၉ နာရီ အတွင်းမှာပဲ စိတ်ဝင်တစားနဲ့ အားပေး ကြည့်ရှုသူ တစ်သန်းကျော် ရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီး စင်ကာပူနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ တစ်ပြိုင်တည်း ပြသသွားမှာဖြစ်ပါတယ်။

စင်ကာပူ နဲ့ မြန်မာနိုင်ငံမှာ တစ်ပြိုင်တည်းပြသသွားမယ့် မုန်းစွဲ 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားက ဆိုရင် ဒါရိုက်တာ ကိုယ်တိုင် သေသေချာချာ ဇာတ်လမ်းရေးပြီး ဂရုတစိုက် ရိုက်ခဲ့ရတဲ့ ဇာတ်ကားဖြစ်တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

'' မုန်းစွဲ ဇာတ်ကားကတော့ လုံးဝ ရို့မန့်၊ အက်ရှင်၊ ဒရာမာပေါ့နော်၊ ဟဲဗီးဒရာမာလို့တောင်ပြောလို့ရတယ်။ ကျွန်တော် အချိန်အများကြီး ယူပြီးတော့ ပြင်ဆင်ခဲ့ရတယ်။ ဇာတ်လမ်းရေးတဲ့အခါမှာလည်း ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့အတွက် ဒါကိုသေချာ ဂရုစိုက်ပြီးရေးခဲ့ ရတယ်'' လို့ သူကဆိုပါတယ်။

 

ဒီဇာတ်ကားထဲမှာ အဓိက ဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ အကယ်ဒမီ နေတိုးကလည်း သူပါဝင်ခဲ့ရတဲ့ ဇာတ်ကောင် ကာရိုက်တာ အကြောင်းတွေကို Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုပေးထားခဲ့ဖူးပါတယ်။

'' ဒီဇာတ်လမ်းထဲမှာ ကျွန်တော့် အနေနဲ့ ကာရိုက်တာ ၂ မျိုးရှိပါတယ်။ ကျွန်တော်ပါဝင်ရမယ့် နေရာ ၂ခုကကျတော့ အမှန်က စိတ် ကတော့ တစ်ခုတည်းပဲ ဒါပေမယ့် ဘဝပြောင်းသွားတဲ့ အခါကျတော့ စိတ်ခံစားမှု အမုန်းတရားတွေကြောင့် ဖြစ်လာတဲ့ ဘဝတစ်ခုမှာ ငြိမ်းချမ်းမှုနဲ့ လွတ်မြောက်ရာကို ရှာဖွေတဲ့ ကာရိုက်တာ တစ်ခုပေါ့။ ဒါကတော့ ရဟန်းအမြွှာ အနေနဲ့ သရုပ်ဆောင်ထားတာပါ'' လို့ ဆိုပါတယ်။

 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကလည်း အများကြီးရှိပါတယ်။ ဒီဇာတ်ကားကို 7th Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး(အကယ် ဒမီ)၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး(အကယ်ဒမီ)၊ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က