လေကြီးမိုးကြီး ဝုန်းဒိုင်းပါပဲတဲ့။

နေခြည်ဦးက သူ့ရဲ့ လက်ရှိအချစ်ရေးအခြေအနေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါပြီ။ နိုဝင်ဘာလ အတွင်းမှာလည်း ထူးခြားမှု တွေ ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေ အံ့အားသင့်ရဦးမယ်လို့ ဆိုပါတယ်။



Photo: Aung Nway Oo (Instagram)

 

သရုပ်ဆောင်နေခြည်ဦး ကတော့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောပြလာပါတယ်။ အချစ်ရေးမှာ လည်း သာယာနေတဲ့ အခြေအနေ မဟုတ်ဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ နည်းနည်းလန်းဆန်းလာတဲ့ စိတ်လေးကြောင့် ပရိသတ်တွေ အရှေ့ကို ပြန်ရောက်လာတာပါလို့ သူကဆက်လက်ပြောပြထားပါတယ်။

'' အချစ်ရေးကတော့ အခုချိန်မှာ သာယာသောနံနက်ခင်းလေးတော့ မဟုတ်ဘူးပေါ့။ လေကြီးမိုးကြီး ဝုန်းဒိုင်းပြီးတဲ့ အချိန်မှာ သက်တန့်လေး လည်း ပေါ်ရင် ပေါ်လာနိုင်တယ်။ နောက်မုန်တိုင်းတွေလည်း ဆက်ပြီးလာရင် လာနိုင်တယ်။ အရာရာအားလုံးက ပြောင်းလဲသွားနိုင်တယ် ပေါ့။ ဒါပေမယ့် အခုချိန်မှာတော့ အလုပ်ကိုပဲ ပိုပြီးတော့ ကြိုးစားချင်ပါတယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၃ ရက်နေ့ ၈ နာရီက Beauty by naychioo Facebook Page ကနေ Live လွှင့်ရင်း ပြောပြခဲ့ပါတယ်။

Photo: Aung Nway Oo (Instagram)

ကိုယ်ချစ်တာထက် သူချစ်တာက ပိုများတယ်လို့ ဆိုလာတဲ့ နေခြည်ဦး 

အဲ့ဒီနောက် နေခြည်ဦးဟာ နိုဝင်ဘာလ အတွင်းထဲမှာ ထူးထူးခြားခြား အစီအစဉ်လေး ဆက်လုပ်သွားမယ့် အကြောင်းကိုလည်း ပြောပြ ခဲ့ပါတယ်။ မကြာခင်ကျရောက်မယ့် သူ့ရဲ့ မွေးနေ့မှာလည်း We Love လေးတွေနဲ့ အလှူလုပ်မယ်လို့ သိရပါတယ်။ မွေးနေ့ မလုပ်ရတာ ၄ နှစ် ရှိပြီလို့ ဆက်လက်ပြောပြထားပါသေးတယ်။

'' နိုဝင်ဘာလ ၁၅ ရက်နေ့ မတိုင်ခင်မှာ ကြားထဲမှာ တစ်ခုခုလေးတွေ လာလိမ့်မယ်။ Beauty by nay chi Page ကနေ စလွှင့်ပါလိမ့်မယ်။ စောင့်ကြည့်ပေးပါ။ လာမယ့် ဇန်နဝါရီ ၂၅ ဆိုရင် နေခြည့်မွေးနေ့လာတော့မယ် အဲ့ဒီအခါကျရင် မွေးနေ့မတိုင်ခင် Fan တွေနဲ့ Activity တစ်ခုခု လုပ်ချင်တယ်။ Fan တွေ အကုန်လုံးနဲ့ ခြုံငုံပြီးပြောရရင် အလှူလေး တစ်ခုလုပ်ဖို့ရှိတယ်။ မွေးနေ့ မလုပ်ရတာလည်း ၄ နှစ်လောက် ရှိပြီ'' လို့ ဆိုပါတယ်။

Photo: Aung Nway Oo (Instagram)

 

နေခြည်ဦးဟာ ရန်သူ ရုပ်ရှင်ဇာတ်ကား၊ ဧည့်သည် ရုပ်ရှင်ဇာတ်ကားနဲ့ အောက်ဖဲမလှန်ကြေးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူး ခဲ့ပြီးဖြစ် ပါတယ်။ မကြာခင်မှာလည်း ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသတော့မှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေတယ်လို့ သိရပါတယ်။

'' နေခြည်ရုပ်ရှင်ရိုက်ရတာ အရမ်းဝါသနာပါတယ်။ ဒီနှစ်ထဲမှာ ၃ ကားရိုက်ပြီးပြီ ဒီဇင်ဘာလ ထဲမှာလည်း နေခြည့်ကို ကမ်းလှမ်းထားတာတွေ ရှိတယ်။ နေခြည့် ကားလေးလည်း ထွက်တော့မှာဆိုတော့ ကြည့်ပေးပါ။ နေခြည်ဆက်ပြီးတော့ သရုပ်ဆောင်သင့်လား သရုပ်မဆောင်သင့်ဘူး လားဆိုတာလည်း ပြောပါ။ ကိုယ်က ဝါသနာပါပေမယ့် ကိုယ့်ကို အားပေးမယ့် ပရိသတ် မရှိရင် ဘာမှလုပ်လို့မရဘူး'' လို့ သူကပြောပါတယ်။

 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က