အကူအညီတွေလည်း လိုအပ်နေပါတယ်။

ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေး အခြေအနေက စိုးရိမ်နေရတဲ့ အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။ ကစ်ကစ် ဟာ ဆီးချို ရောဂါခံစားနေရသလို ကျောက်ကပ် ကပါ မကောင်းတဲ့အခြေအနေဖြစ်နေတာပါ။ လက်ရှိမှာ လည်ပင်း ဖောက်ပြီး ကျောက်ကပ် စစ်ဆေး မှုတွေ လုပ်နေရပြီလို့ သိရပါတယ်။

Photo : မင်းကို FB

 

ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေး အခြေအနေက စိုးရိမ်နေရတဲ့ အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။ ကစ်ကစ်ဟာ ဆီးချို ရောဂါခံစားနေရသလို ကျောက်ကပ် ကပါ မကောင်းတဲ့အခြေအနေဖြစ်နေတာပါ။ လက်ရှိမှာ လည်ပင်းဖောက်ပြီး ကျောက်ကပ် စစ်ဆေး မှုတွေ လုပ်နေရပြီလို့  အနုပညာသစ်ပြတိုက်က တေးရေး ကိုမင်းကိုရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာတွေ့ရပါတယ်။

"မကစ်ကစ်ပရိသတ်တွေမေးမေးနေကြလို့ သတင်းတင်ပေးလိုက်ရပါတယ်။ ညာဘက်လည်ပင်းကို ဖောက်ပြီးမနေ့က ကုတင်ငါးရာမှာ တင်ထားပေးပြီး ကျောက်ကပ်စတင်ဆေးနေပါပြီ။လည်ပင်းဖောက်ထားရလို့ ကိုက်ခဲတာရယ် နေထိုင်ရခက်တာ ရယ်တော့ရှိပါတယ်။ အစား သောက်တော့အနည်းငယ်စားနိုင်ပါပြီ။သွားရောက်အားပေးစကားပြောပေးကြပါဦး။ကူညီစောင့်ရှောက်ပေးမယ့်သူလိုအပ်လျက်ရှိပါတယ်" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၃) ရက်နေ့က ရေးသားထားတာပါ။

Photo : မင်းကို FB

သရုပ်ဆောင် ကစ်ကစ်ဟာ လက်ရှိမှာ ကုတင် ၅၀၀ဆေးရုံကြီးမှာရှိတဲ့ ဆီးနဲ့ကျောက်ကပ် အထူးကုဌာနာမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ကစ်ကစ်ဟာ ကျောက်ကပ်ဆေးချင်ပေမယ့်လည်း ငွေကြေးမပြည့်စုံတဲ့ အနေအထားကြောင့် ကုသမှု မလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ 

ကျောက် ကပ်အစားထိုး ကုသပါက ၅ နှစ်ထက်ပို မနေရနိုင်ဘူးလို့လည်း ကိုမင်းကိုက အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့တာတွေ့ရပါတယ်။

''မကစ်ကစ်ကကျောက်ကပ်ရောဂါတစ်မျိုးတည်းခံစားနေရတာမဟုတ်ဘူး ကျောက်ကပ်သွေးတိုး နှလုံးနဲ့အဆုပ်ထဲပါရေ ကဝင်ဝင်နေတာဆို တော့ နေရမယ့်သက်တမ်းကို စဉ်းစားလို့ရနေပါတယ်။ ကျောက်ကပ်ကလည်းမဆေးရသေးဘူး ဒီတိုင်းသာဆက်သွားနေမယ် ဆိုရင်တော့ မတွေးဝံ့စရာပါ'' လို့ ဆိုပါတယ်။

Photo : မင်းကို FB

 

ကစ်ကစ်ရဲ့ ရောဂါအတွက် ကုသမှုပေးနိုင်မယ့် အလှူရှင်တွေ အများကြီး လိုအပ်နေတယ် လို့ ကိုမင်းကို  ပြောထားပါသေးတယ်။

''သူကျောက်ကပ်လည်းဆေးချင်တယ်။ ကျောက်ကပ်လှူပေးမယ့်သူ ခွဲတာစိတ်တာတွေလှူပေးမယ့်အလှူရှင်ရှိမယ်ဆိုရင် သူ့ကျောက်ကပ်ကို သူအစားထိုးချင်ပါတယ်တဲ့။ သူ့သမီးလေးဘဝရှေ့ရေးကရှိသေးတယ်။ သူ့ကိုအားပေးချစ်ခင်ကြတဲ့ ပရိတ်သတ်ကြီးကိုလည်းဟာသ တွေနဲ့ ဖျော်ဖြေချင်ပါသေးတယ်တဲ့'' လို့ သူကဆိုပါတယ်။

Photo : မင်းကို FB

 

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။

Share

Loading Next Article...
က္က