"ငါမုန်းတဲ့အက္ခရာ"ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။
ဒါရိုက်တာ  ညွှန့်မြန်မာညီညီအောင် ရိုက်ကူးမယ့် "ငါမုန်းတဲ့အက္ခရာ" ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသမီး အပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ်။

Photo : မကလျာ FB



 

ဒါရိုက်တာ  ညွှန့်မြန်မာညီညီအောင် ရိုက်ကူးမယ့် "ငါမုန်းတဲ့အက္ခရာ" ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသမီး အပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ်။ ရွှေမှုံရတီနေရာမှာ သရုပ်ဆောင် ခင်ဝင့်ဝါနဲ့ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ဆိုပါတယ်။

"ဆရာအဲ့သတင်းနဲ့ ပတ်သက်ပြီး အခုလောလောဆယ်မှာ မပြောပြချင်သေးဘူး။ ဒါပေမယ့် ရွှေမှုံနေရာမှာ ခင်ဝင့်ဝါနဲ့ရိုက်မယ်ဆိုတဲ့ သတင်းကအမှန်ပါ။ နေပြည်တော်မှာပဲ ရိုက်မှာပါ။ ရိုက်ရက်ကတော့ မသတ်မှတ်ရသေးပါဘူး" ဆိုုပြီး ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

Photo : ခင်ဝင့်ဝါ FB

 

 "ငါမုန်းတဲ့အက္ခရာ"ဇာတ်ကားရိုက်ကူးဖို့ မပြီးပြတ်သေးခင်မှာ ရွှေမှုံရတီက ယခုလို မင်္ဂလာပွဲ ပြုလုပ်လိုက်တဲ့အတွက် ဇာတ်ကားရိုက်ကူးမှုတွေ နှောင့်နှေးခဲ့ပြီး အခက်အခဲတွေ ဖြစ်ခဲ့ရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

မကြာသေးမီကမှ ချစ်သူတွေဖြစ်သွားခဲ့ကြတဲ့ အဆိုတော် သရုပ်ဆောင် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့ဟာ ဒီလ (နိုဝင်ဘာလ) ၁၁ ရက်မှာပဲ မင်္ဂလာဆောင်တော့မယ့်အကြောင်းကို နိုဝင်ဘာ(၂) ရက်နေ့က သူတို့ရဲ့ ဖေ့စ်ဘွတ်တွေကနေတဆင့် ကြေညာခဲ့တာ ဖြစ်ပါတယ်။

Photo : ရွှေမှုံရတီ

 

"ငါမုန်းတဲ့အက္ခရာ" ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲကို အောက်တိုဘာ(၂၃) ရက်နေ့က ကန်တော့ကြီး Royal Garden Hotel မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ယင်းဇာတ်ကားကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ရိုက်ကူးမှာ ဖြစ်ပြီး အောင်ရဲလင်း၊  တိုင်ရွန်၊ စိုးမြတ်သူဇာနဲ့ ရွှေမှုံရတီတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး နေပြည်တော်မှာ ရိုက်ကူးဖို့ ပြင်ဆင်ထားခဲ့တာပါ။

ယခုအချိန်မှာတော့ ဇာတ်ကားရိုက်ကူးဖို့အတွက် ရိုက်ရက်ကို ပြန်ညှိနေပြီး ရွှေမှုံရတီနေရာမှာ ခင်ဝင့်ဝါကို  အစားထိုး ရိုက်ကူးသွားတော့မှာ ဖြစ်ပါတယ်။

Photo : မကလျာ FB

ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်နဲ့ ရွှေမှုံရတီတို့ဟာ ဇာတ်ကားတွေ တော်တော်များများကို အတူတူတွဲရိုက်ဖူးခဲ့ပါတယ်။ မကြာခင်ရုံတင် တော့မယ် ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဒါရိုက်တာညွှန့်မြန်မာညီညီအောင်ပဲ ရိုက်ကူးခဲ့တာပါ။ အဲ့ဒီဇာတ်ကားမှာ ရွှေထူး၊ ရွှေမှုံရတီနဲ့နေခြည်ဦးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒါရိုက်တာညွှန့်မြန်မာညီညီအောင်ဟာ ၂၀၁၆ခုနှစ်မှာ "အုတ်ကြားမြတ်ပေါက်" ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာဆုကို ပိုင်ဆိုင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က