သမီးလေးအတွက် ဆက်ကြိုးစားသွားမယ်တဲ့။

ဟန်ဆောင်မှုတွေများလွန်းတဲ့  ပတ်ဝန်းကျင်မှာ သမီးလေးကို သူမလိုပဲ နာကျင်မှုတွေနဲ့ မကြီးပြင်းစေရဘူးလို့ဆို ပါတယ်။

Photo : အေသင်ချိုဆွေ FB

 

Single Mother တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ အေသင်ချိုဆွေဟာ လက်ရှိမှာ ဆွဲတင်မယ့် လူထက် မသိမသာလေးနဲ့ ဆွဲချနေတာမျိုးတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ဟန်ဆောင်မှုတွေများလွန်းတဲ့  ပတ်ဝန်းကျင်မှာ သမီးလေးကို သူမလိုပဲ နာကျင်မှုတွေနဲ့ မကြီးပြင်း စေရဘူးလို့လည်း ပြောထားတာတွေ့ရပါတယ်။

Photo : အေသင်ချိုဆွေ FB

 

"emotional သမား တယောက်အတွက် Single mother တစ်ယောက် ဖြစ်နေလို့ လူတိုင်းရဲ့ အချစ်တွေ အားပေးနှစ့်သိမ်မှု တွေရနေတယ် မထင်ပါနဲ့ တချို့(အများစု) သော လူတွေရဲ့ မျက်လုံးတွေ စကားတွေ အပြုအမှုတွေကို ကောင်းကောင်းကြီးသိတာပေါ့။ မသိချင်ယောင်ဆောင် နေတာ ဘဲရှိတယ်။ စိတ်ချပါ။ ကျွန်မသမီးကို မူယာမာယာတွေများပြီး ဟန်ဆောင်မှုတွေများလွန်းတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မလိုဘဲ နာကျင်မှု တွေနဲ့  မကြီးပြင်းစေရဘူး။ ကျွန်မ ကြိုးစားသွားမှာ(အနုပညာနဲ့လည်းဖြစ်ချင်မှဖြစ်မယ်)၊ကျွန်မ မလုပ်နိုင်တာဘာမှမရှိဘူး၊ ကျွန်မကိုယ် ကျွန်မ ယုံကြည် တယ်။ခုချိန်မှာ ဆွဲ တင်မယ့် လူထက်၊ မသိမသာ လေးနဲ့ ဆွဲချနေတာမျိုးဘဲကြုံနေရတယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၅) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : အေသင်ချိုဆွေ FB

 

ခံစားချက်တွေကို ရင်ဖွင့်ထားတဲ့ အေသင်ရဲ့ ပို့စ်အောက်မှာလည်း ပရိသတ်တွေက အားပေးစကားတွေ ပြောထားကြပါတယ်။ အေသင် ချိုဆွေဟာ Single Mother အဖြစ် ခံယူထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ Single Mother အဖြစ်ဖွင့်ပြောခဲ့ချိန်မှာလည်း ပရိသတ် တွေရဲ့ ဝေဖန်မှုထက ်ပရိသတ်တွေရဲ့ အားပေးမှုကို  အခိုင်အမာရရှိခဲ့တာပါ။

လက်ရှိမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတဲ့သူမဟာ ပရိသတ်တွေအတွက် သီချင်းအသစ်တွေ ဖန်တီးလျက်ရှိပါတယ်။

Photo : အေသင်ချိုဆွေ FB

သမီးကြောင့်လိုချင်တဲ့ နွေးထွေးမှုတွေ ရလာတာပါဆိုတဲ့ အေသင်ချိုဆွေ

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာ "ကမ္ဘာကြီးလောက်" ဆိုတဲ့ သီချင်းလေး ကိုလည်း အွန်လိုင်းကနေ ထပ်ပြီး ဖြန့်ချိခဲ့ပါသေးတယ်။

လက်ရှိမှာ သူမက ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ဆက်လုပ်သွားဖို့ ပြင်ဆင်နေသလို အွန်လိုင်းကနေ သီချင်းသစ်တွေ တင်နိုင် ဖို့ ကြိုးစားလျက်ရှိပါတယ်။

Photo : အေသင်ချိုဆွေ FB

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ် ပါတယ်။

Share

Loading Next Article...
က္က