ဒီနေ့မနက်က မွေးတာတဲ့။

ဒုတိယမြောက် ရင်သွေးလေးကို ဒီနေ့မနက် (၈း၄၄)က နေပြည်တော်၊ ပျဥ်းမနားမြို့မှာရှိတဲ့ ဘောဂသိဓ္ဒိဆေးရုံမှာ မွေးဖွားခဲ့ တာပါ။

Photo : မေထွဋ်ခေါင် FB

 

သရုပ်ဆောင် မေထွဋ်ခေါင်က ဒုတိယမြောက် ရင်သွေးလေးဖြစ်တဲ့ သားလေးကို ဒီနေ့(နိုဝင်ဘာ၅ရက်)မှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ ဒုတိယမြောက် ရင်သွေးလေးကို ဒီနေ့မနက် (၈း၄၄)က နေပြည်တော်၊ ပျဥ်းမနားမြို့မှာရှိတဲ့ ဘောဂသိဓ္ဒိဆေးရုံမှာ မွေးဖွားခဲ့တာပါ။ မွေးဖွား ချိန်မှာ သားလေးဟာ(၇.၅)ပေါင်ရှိတယ်လို့ သိရပါတယ်။

တုတ်တုတ်ခဲခဲကြီးနဲ့ ချစ်စရာကောင်းတဲ့ သားလေးကို ပရိသတ်တွေကလည်း ချစ်မဝဖြစ်လို့နေပါတယ်။

Photo : မေထွဋ်ခေါင် FB

 

လက်ရှိမှာ သားလေးရော မိခင်ရော ကျန်းကျန်းမာမာရှိနေတယ်လို့ သိရပါတယ်။ သရုပ်ဆောင် မေထွဋ်ခေါင်က ဖေ့စ်ဘွတ်မှာ သားလေးရဲ့ ပုံတွေတင်ရင်း သူမနဲ့ မတူမချင်း နောက်ထပ်တစ်ယောက်ထပ်မွေးဦးမယ်လို့ ပြောထားပါသေးတယ်။

သမီးလေး တစ်ယောက်ရှိနေတဲ့ သူတို့မိသားစုလေးကို သားလေးတစ်ယောက် ထပ်ရောက်လာပြီဖြစ်လို့ မေထွဋ်ခေါင်တို့ ဇနီးမောင်နှံဟာ ပျော်လို့နေပါတယ်။သူတို့နဲ့အတူ ပရိသတ်တွေကော အနုပညာမောင်နှမတွေ သူငယ်ချင်းတွေကပါ နောက်ထပ် ရင်သွေးလေးအတွက် ပျော်နေကြပါတယ်။

Photo : မေထွဋ်ခေါင် FB

ဝိတ်ချပြီး ဇာတ်ကားတွေ ပြန်ရိုက်ဦးမယ့် မေထွဋ်ခေါင် 

မေလ(၂၉)ရက်နေ့ ၂၀၁၆ခုနှစ်က ဆီဇာညီညီနဲ့ မေထွဋ်ခေါင် တို့ရဲ့ဟာ နှစ်ယောက်တစ်ဘဝ တည်ထောင်ခဲ့ကြတာပါ။ သူတို့နှစ်ဦးရဲ့ ဘဝထဲကို ၂၀၁၆ခုနှစ် အောက်တိုဘာလက သမီးလေးတစ်ယောက် ဝင်ရောက်လာခဲ့ပါတယ်။ သမီးလေးနာမည်က မေနန်းစံလို့ ခေါ်ပါတယ်။

သရုပ်ဆောင် မေထွဋ်ခေါင်ဟာ ၂၀၁၇ခုနှစ်က ကျင်းပပြုလုပ်တဲ့ အကယ်ဒမီပေးပွဲမှာ  ရင်ဘက်အရမ်းဟိုက်တဲ့ အကျႌကို ဝတ်ဆင်ခဲ့လို့ ပရိသတ်တွေ တစ်ချို့ရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။

Photo : မေထွဋ်ခေါင် FB

ဒါပေမယ့်လည်း အကျႌအဲ့လို ဖြစ်ခဲ့ရခြင်းဟာ သမီးလေး နို့ဆာချိန်တိုင်း ပွဲခင်းထဲမှာ သမီလေးကို နို့တိုက်ခဲ့ရတဲ့ သူမရဲ့ အဖြစ်ကို ပရိသတ်တွေ သိရှိသွားပြီးတဲ့နောက်မှာ သူမရဲ့ မိခင်စိတ်ကို လေးစားသွားကြတာ ပရိသတ်တွေပါးစပ်ဖျား ချီးကျူးခံခဲ့ရတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က