ပြေတီဦးပညာရေး ဖောင်ဒေးရှင်းက မကြာခင် ၉ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။

ပြေတီဦး ပညာရေးဖောင်ဒေးရှင်းကတော့ နိုဝင်ဘာလ ၃၀ ရက်နေ့ဆိုရင် ၉ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် နဲ့ ဥပဒေပညာရပ် ကို သင်ကြားချင်ကြတဲ့ ကျောင်းသား၊ ကျောင်းသူ တွေကို စိစစ် ရွေးချယ်ပြီး ထောက်ပံ့ကြေးပေးသွား မယ်လို့ သိရပါတယ်။



Photo: ပြေတီဦး Facebook

 

သရုပ်ဆောင်အကယ်ဒမီ ပြေတီဦးကိုယ်တိုင် ဦးစီးဆောင်ရွက်လျှက်ရှိတဲ့ ပြေတီဦး ပညာရေးဖောင်ဒေးရှင်းဟာ နိုဝင်ဘာလ ၃၀ ရက်နေ့ဆိုရင် ၉ နှစ်ပြည့်ပြီလို့ သိရပါတယ်။ ၉ နှစ်တာကာလအတွင်းမှာလည်း ပညာတတ်ကျောင်းသား၊ ကျောင်းသူ များစွာကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ ပြေတီဦးက ပြောပြလာပါတယ်။

'' ကျွန်တော်တို့ကို ချစ်ခင်အားပေးခဲ့တဲ့ ပရိသတ်ကြီးကို ကျေးဇူးဆပ်သောအားဖြင့် ပြေတီဦး ပညာရေးဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပညာသင်ကြားရေးအတွက်အခက်အခဲ ရှိနေသော ကျောင်းသား/သူ များကို ကျောင်းထားပေးခဲ့တာ အခုလာမည့် နိုဝင်ဘာ ၃၀ ရက်နေ့ဆိုရင် ကိုးနှစ်တိုင်တိုင် ရှိပြီဖြစ်ပါတယ်။ ဒီလောက်နှစ်ကာလကို အောင်အောင်မြင်မြင်ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက် ပျော်ရွှင် ဂုဏ်ယူမိသလို ချစ်လှစွာသော ပရိသတ်ကြီးနဲ့ ကျေးဇူးတင်ထိုက်သူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်'' လို့ ဆိုပါတယ်။

ဂေါက်ရိုက် ပြိုင်ပွဲမှာ ဒုတိယဆုရလို့ ပျော်ရွှင်နေတဲ့ ပြေတီဦး  

Photo: ပြေတီဦး Facebook

 

လက်ရှိမှာလည်း တက္ကသိုလ်ဝင်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် နဲ့ ဥပဒေပညာရပ် ကို သင်ကြားချင်ကြတဲ့ ထောက်ပံ့ကြေး လျှောက်ထားသူတွေကိုလည်း သေချာ စိစစ်ရွေးချယ်ပြီးနောက် ၁၂ ယောက်ကို အပြီးသတ်ရွေးချယ် သွားမယ်လို့ နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

'' အပြီးသတ်ရွေးချယ်ခံရသော ကျောင်းသား/သူ များကို မကြာခင်မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့ ဖောင်ဒေးရှင်းမှ ဆရာဝန်ဖြစ်သွားသော ကျောင်းသားများ၊ အင်ဂျင်နီယာ ဖြစ်သွားသောကျောင်းသားများ မှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား လာပြီဖြစ်ပါတယ်'' လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: ပြေတီဦး Facebook

 

ပြေတီဦး ပညာရေးဖောင်ဒေးရှင်းကနေ ထောက်ပံ့ပေးခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ပညာတတ်ကြီးတွေ ဖြစ်ခဲ့ကြလို့ စိတ်ချမ်းသာ ရတဲ့အကြောင်း ကို မီဒီယာအင်တာဗျူးတွေမှာ ပြေတီဦးကိုယ်တိုင် ဖြေဆိုခဲ့ဖူးပါတယ်။

''ထိုကျောင်းသား/သူ များ ကျွန်တော်တို့ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာမှ တာဝန်ကျေသည်ဆိုလျှင် ကျွန်တော်တို့ ပင်ပန်းရကျိုး နပ်ပါပြီ။  ဒါကြောင့် ဖောင်ဒေရှင်း ရေရှည်တည်တံ့အောင် ကြိုးစားရင်း ပရိသတ်ကြီး၏ ကျေးဇူးကို သက်ဆုံးတိုင် ဆပ်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ''လို့ သူကဆိုပါတယ်။

Photo: ပြေတီဦး Facebook

 

ပြေတီဦးဖောင်ဒေးရှင်းကို ငွေကျပ်(၁၀)သန်းနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နှစ်စဉ်ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် အတွက် ကျောင်းသားကျောင်းသူများကို ထောက်ပံ့ကြေး ပေးလျက်ရှိရာ ၂၀၁၇-၂၀၁၈ ပညာနှစ်အတွက် ဆေးတက္ကသိုလ်အတွက် (၆)ဦး စက်မှုတက္ကသိုလ် (၅)ဦးနဲ့ ဥပဒေအတွက်(၁)ဦး ဆိုပြီးတော့ ရွေးချယ်ခဲ့သေးတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က