ဗီဒီယိုဖိုင်လေးက ကြည့်ရှုသူ ၆ သိန်းကျော်သွားခဲ့ပါပြီ။

အဆိုတော် ရွှေထူးက ချစ်သူရွှေမှုံရတီကို ရိုမန့်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ရိုမန့်တစ် ဆန်လွန်းလှတဲ့ ရွှေထူးရဲ့ ပြင်ဆင် ထားမှုတွေက ရွှေမှုံကို အံ့သြစေခဲ့ပါတယ်။



Photo : ထူးခန့် FB

 

အဆိုတော် ရွှေထူးက ချစ်သူရွှေမှုံရတီကို ရိုမန့်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ချစ်သူကို လက်ထပ်ခွင့် တောင်းထားတဲ့ ဗီဒီယို ဖိုင်လေးကို ရွှေထူးရဲ့ ဖေ့စ်ဘွတ်မှာ  နိုဝင်ဘာ(၅) ရက်နေ့က တင်ထားခဲ့တာ တွေ့ရပါတယ်။ ရိုမန့်တစ် ဆန်လွန်းလှတဲ့ ရွှေထူးရဲ့ ပြင်ဆင် ထားမှုတွေက ရွှေမှုံကို အံ့သြစေခဲ့ပါတယ်။

ရွှေထူးက ရွှေမှုံကို ဘောလုံးကွင်းတစ်ကွင်းလုံးငှားပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။ လက်ထပ်ခွင့်တောင်းမယ့်နေရာမရောက်ခင် လမ်းတစ်လျှောက်လုံးမှာ ရွှေမှုံမျက်လုံးကို ပဝါလေးစည်းပြီး ရွှေထူးက ခေါ်သွားခဲ့ပါတယ်။

Photo : ထူးခန့် FB

 

ဘောလုံးကွင်းရဲ့ အလယ်မှာ နှင်းဆီပွင့်ဖက်လေးတွေကို အသဲပုံလေး သဏ္ဍန်ပြင်ဆင်ထားခဲ့ပါတယ်။ အဲ့ဒီ အသဲပုံလေးရဲ့ အလယ်မှာ ရွှေမှုံ့ကို ရွှေထူးက  ဒူးထောက်ပြီး လက်ထပ်ဖို့ ခွင့်တောင်းရင်း လက်ထပ်လက်စွပ်လေး စွပ်ပေးခဲ့တာဖြစ်ပါတယ်။ပျော်ရွှင် ကြည်နူးဖို့ ကောင်းလွန်း လှတဲ့ သူတို့ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးလို့ နေကြပါတယ်။

ရွှေထူးလက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုဖိုင်လေးက အခုဆိုရင် ကြည့်ရှုတဲ့ပရိသတ်တွေ ၆သိန်းကျော် ရှိခဲ့ပါပြီ။ ရွှေထူးတင်ထားတဲ့ ဗီဒီယိုဖိုင်လေး ကို မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက်ကိုလည်း ဗီဒီယိုဖိုင်လေး ထည့်ပေးလိုက်တယ်နော်။

 

ရွှေထူးနဲ့ ရွှေမှုံတို့ဟာ အောက်တိုဘာ(၃၀) ရက်နေ့က နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။ စေ့စပ်ပြီး သိပ်မကြာခင်မှာ သူတို့နှစ်ယောက်ရဲ့ ဖေ့စ်ဘွတ်တွေကနေတစ်ဆင့် နိုဝင်ဘာ(၁၁) ရက်နေ့မှာ မင်္ဂလာဆောင်တော့မယ့် အကြောင်းကို ကြေညာခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ သတင်းကြောင့် ပရိသတ်တွေရော  အနုပညာအသိုင်းအဝိုင်းက မောင်နှမတွေရော  အားလုံး အံ့သြသွားကြပါတယ်။

Photo : Nay Min Tun FB

 

အခုဆိုရင် သူတို့နှစ်ဦးဟာ နိုဝင်ဘာ(၁၁) ရက်နေ့မှာ ပြုလုပ်မယ့် မင်္ဂလာပွဲအတွက် အလုပ်တွေ ရှုပ်နေကြပါတယ်။ရွှေထူးနဲ့ ရွှေမှုံတို့က နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၊ Inya Late Hotel (Pool Side Lawn) မှာ မင်္ဂလာပွဲ ကျင်းပသွားမှာပါ။ သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူးရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေး တစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

Photo : Nay Min Tun FB

 

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်က တည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က