AD
AD
AD

အိစိကွေးကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြုလုပ်ကျင်းပသွားမယ့် ကထိန်ပွဲတော်အတွက် ဘုရားဆင်းတုတော် လှူ ဒါန်း ခဲ့တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ လက်ရှိမှာ ပရဟိတအလုပ်တွေ၊ အနုပညာအလုပ်တွေနဲ့ ပညာရေးကို ဦးစားပေးနေ ရသူဖြစ်ပါတယ်။

play
Photo: အိစိကွေးဖေ့စ်ဘွတ်

 

အိစိကွေးက အလှူအတန်း၊ ပရဟိတအလုပ်တွေနဲ့ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ဖြစ်ပါတယ်။ အခုလည်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ကထိန်အတွက် ဘုရားဆင်းတုတော် အလှူကို လှူဒါန်းခဲ့ပြန်ပါသေးတယ်။

'' ဒီနေ့တော့ ရုပ်ရှင်အစည်းအရုံး ကထိန်အတွက် ဘုရားဆင်းတုတော် သွားလှူဒါန်းဖြစ်ခဲ့ပါတယ်။ ကျွန်တော့ ပရိသတ်တွေအားလုံး ကျွန်တော် နဲ့ထပ်တူ ကုသိုလ်ရအောင် သာဓု သုံးကြိမ်ခေါ်ဆိုနိင်ပါတယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

play
Photo: အိစိကွေးဖေ့စ်ဘွတ်

 

အိစိကွေးရဲ့ ဘုရား ဆင်းတုတော်အလှူကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးရဲ့ ဒု ဥက္ကဌ ဦးအေးကြူလေးက လက်ခံရယူခဲ့တာဖြစ်ပါတယ်။ ရင့်ကျက်မှုမရှိသေးတဲ့ အချိန်မှာ ပြုလုပ်ခဲ့တဲ့ အမှားတွေရှိခဲ့တာကြောင့် အခုချိန်မှာ ကုသိုလ်ရေးတွေဆောင်ရွက်ရင်း အကောင်းမွန်ဆုံး ဖြစ်အောင် ကြိုးစားနေထိုင်နေတယ်ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။

 

play
Photo: အိစိကွေးဖေ့စ်ဘွတ်

 

အိစိကွေးဟာ အသက် ၄ နှစ်ခွဲကတည်းက အနုပညာအလုပ်တွေ ဆောင်ရွက်လာတာဖြစ်ပါတယ်။ သူ့အနေနဲ့ အားပေးတဲ့ ပရိသတ်ရှိသလို ဝေဖန်တိုက်ခိုက်ကြတဲ့ ပရိသတ်တွေလည်းရှိတယ်လို့ဆိုပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေအပေါ်မှာလည်း အားတင်းခဲ့ရတာ များပေမယ့် အခုချိန်မှာတော့ အရမ်းပင်ပန်းနေပြီလို့လည်း သူချစ်ရတဲ့ ပရိသတ်တွေကို မကြာခဏ ပြောပြခဲ့လေ့ရှိသူ တစ်ယောက်ပါ ။

play
Photo: အိစိကွေးဖေ့စ်ဘွတ်

 

ကလေးသရုပ်ဆောင်အရွယ်ကတည်းကနေ အနုပညာအလုပ်တွေ လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။ သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD