G Fatt က နိုဝင်ဘာ(၁၁) ရက်နေ့မှာ တစ်ကိုယ်တော်ဖျေ်ာဖြေပွဲ ပြုလုပ်မှာပါ။

"သူနဲ့စတွေ့တည်းက သူပြောတဲ့ 'တစ်နေ့'ဖြစ်ကိုဖြစ်ရမယ် လုပ်ကိုလုပ်နိုင်ရမယ်လို့ တစိုက်စိုက်မတ်မတ်ကြိုးစားခဲ့တာ မကြာခင် ရောက်လာ တော့မှာပါလား အခုလို 'တစ်နေ့' ဆိုတဲ့နေ့လေးကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ခဲ့လို့ ဝမ်းသာ ပီတိဖြစ် ရပါ တယ် "

Photo : နန်းဆုရတီစိုး FB

 

သရုပ်ဆောင် နန်းဆုရတီစိုးက မကြာခင်မှာ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်တော့မယ့် ချစ်သူအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ နိုဝင်ဘာ(၁၁) ရက်နေ့မှာ ပြုလုပ်မယ့် G Fatt ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုးက ယခုလို ပြောပြထားတာ တွေ့ရပါတယ်။

"သူနဲ့စတွေ့တည်းက သူပြောတဲ့ 'တစ်နေ့'ဖြစ်ကိုဖြစ်ရမယ် လုပ်ကိုလုပ်နိုင်ရမယ်လို့ တစိုက်စိုက်မတ်မတ်ကြိုးစားခဲ့တာ မကြာခင် ရောက်လာ တော့မှာပါလား အခုလို 'တစ်နေ့' ဆိုတဲ့နေ့လေးကို အလျင်အမြန်အကောင်အထည်ဖော်နိုင်ခဲ့လို့ဝမ်းသာပီတိဖြစ်ရပါတယ် " ဆိုပြီး နိုဝင်ဘာ(၈) ရက်နေ့က နန်းဆုရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : နန်းဆုရတီစိုး FB

 

မကြာခင် ပြုလုပ်မယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် ချစ်သူတစ်ယောက် နေ့မအားညမအားကြိုးစားနေပုံကို ကြည့်ပြီး ပရိသတ်တွေပေါ် ထားရှိတဲ့ G Fatt ရဲ့ စိတ်ကိုလည်း နန်းဆုတစ်ယောက် မြင်တွေ့ခဲ့ရပါတယ်။

"နှစ်ရက်ပဲလိုတော့တဲ့ဒီပွဲမှာသူ့ရဲ့ ရှိသမျှစိတ်အင်အား အနုပညာအင်အားနဲ့အကောင်းဆုံးကြိုးစားဖျော်ဖြေမှာမို့ နေ့မနားညမနား အပင်ပန်းခံ ကြိုတင်ပြင်ဆင်မှုကြီးကို ကြည့်ပြီးဘေးကလူတွေကတောင်တားယူရတဲ့အထိ သူ့ပရိသတ်အပေါ် အရမ်းချစ်တာပါ ဒါကြောင့် သူ့ပရိသတ်တွေ လည်းသူု့ပင်ပန်းရကြိုးနပ်အောင် သူ့ကိုဘယ်လောက်ချစ်ကြောင်း ဒီပွဲလေးမှာသက်သေထူလိုက်ရအောင် အားလုံးကိုသူမြင်ချင်မှာပါ အားလုံး တက်ညီလက်ညီ လာရောက်အားပေးပါ " ဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။

Photo : နန်းဆုရတီစိုး FB

G Fatt ရဲ့One Man Show အတွက် ကြေညာမောင်းခတ်လိုက်တဲ့ နန်းဆု 

တစ်ကိုယ်တော်ပွဲနဲ့ ပတ်သက်ပြီး ပြောထားတဲ့ နန်းဆုရတီစိုးရဲ့ ပို့စ်အောက်မှာလည်း G Fatt က ယခုလို ကောမန့်လေး ပေးထား တာ တွေ့ရပါတယ်။

"ဘယ်အလုပ်တွေပဲလုပ်လုပ် နားလည်မှုရှိရှိနဲ့ ဘေးက လိုအပ်သမျှကို ဝိုင်းကူပေးခဲ့တဲ့အရာတွေအတွက်ကျေးဇူး " ဆိုပြီး  G Fatt က ကောမန့်ပေးထားတာပါ။

Photo : နန်းဆုရတီစိုး FB

 

G Fatt ရဲ့ ကောမန့်လေးကို ပရိသတ်တွေဖတ်ပြီး အားကျနေကြပါတယ်။ ပရိသတ်တွေ အားကျပြီး ချစ်စရာကောင်းတဲ့ သူတို့စုံတွဲဟာ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က နားလည်ပြီးတော့ အားသာ ချက် အဖြစ် ပြုပြင်ပြောင်းလဲမှုတွေနဲ့ Relationship တစ်ခုကို တည်ဆောက်ထားတာပါ။

နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။

Photo : နန်းဆုရတီစိုး FB

 

G Fatt ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၆ နာရီ အချိန် ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်သွားမယ် လို့ သိရပါတယ်။ G Fattဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။

Share

Loading Next Article...
က္က