AD
AD
AD

သရုပ်ဆောင် မေထွဋ်ခေါင်က ပြီးခဲ့တဲ့ ရက်ပိုင်းကမှ လူ့လောကထဲကို ရောက်လာတဲ့ သားလေးကို ချစ်ပေးဖို့ ပရိသတ်တွေကို ပြောထားပါ တယ်။ သားလေးကို နိုဝင်ဘာ(၅) ရက်နေ့က နေပြည်တော်မှာ မွေးဖွားခဲ့တာပါ။

play
Photo : မေထွဋ်ခေါင် FB

 

သရုပ်ဆောင် မေထွဋ်ခေါင်က ပြီးခဲ့တဲ့ ရက်ပိုင်းကမှ လူ့လောကထဲကို ရောက်လာတဲ့ သားလေးကို ချစ်ပေးဖို့ ပရိသတ်တွေကို ပြောထားပါ တယ်။ သားလေးကို နိုဝင်ဘာ(၅) ရက်နေ့က နေပြည်တော်မှာ မွေးဖွားခဲ့တာပါ။

မေထွဋ်ခေါင်ရဲ့ ဒုတိယမြောက် ရင်သွေးလေးဟာ တနင်္လာသားလေးဖြစ်တာကြောင့် "မောင်ခန့်သူရအောင်" ဆိုပြီး နာမည်လေး ပေးထား တာတွေ့ရပါတယ်။ သားလေးကို ခန့်ခန့်ကြီးနဲ့ ချောချောလေးဖြစ်အောင်ကိုခန့်လို့ပဲ ခေါ်မယ်ဆိုပြီး မေထွဋ်ခေါင်က ပြောထားပါသေးတယ်။

play
Photo : မေထွဋ်ခေါင် FB

 

"မောင်ခန့်သူရအောင် လေးကိုချစ်ပေးကြပါအုန်း ပညတ်သွားရာ ဓါတ်သက်ပါဆိုတဲ့အတိုင်းသားသားကို ခန့်ခန် ချောချောကြီးဖြစ်အောင်လို့ ကိုခန့်    လို့ပဲခေါ်တော့မယ်။နော် မေမေ့ သားငယ်လေး ကိုခန့်ရေ။" ဆိုပြီး နိုဝင်ဘာ(၈) ရက်နေ့က မေထွဋ်ခေါင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထား တာတွေ့ရပါတယ်။သားလေးက မွေးဖွားချိန်မှာ (၇.၅)ပေါင် ရှိတယ်လို့ သိရပါတယ်။

တုတ်တုတ်ခဲခဲကြီးနဲ့ ချစ်စရာကောင်းတဲ့ သားလေးကို ပရိသတ်တွေကလည်း ချစ်မဝဖြစ်လို့နေပါတယ်။လက်ရှိမှာ သားလေးရော မိခင်ရော ကျန်းကျန်းမာမာရှိနေတယ်လို့ သိရပါတယ်။ သရုပ်ဆောင် မေထွဋ်ခေါင်က ဖေ့စ်ဘွတ်မှာ သားလေးရဲ့ ပုံတွေတင်ရင်း သူမနဲ့ မတူမချင်း နောက်ထပ်တစ်ယောက်ထပ်မွေးဦးမယ်လို့ ပြောထားပါသေးတယ်။

play
Photo : မေထွဋ်ခေါင် FB

 

သမီးလေး တစ်ယောက်ရှိနေတဲ့ သူတို့မိသားစုလေးကို သားလေးတစ်ယောက် ထပ်ရောက်လာပြီဖြစ်လို့ မေထွဋ်ခေါင်တို့ ဇနီးမောင်နှံဟာ ပျော်လို့နေပါတယ်။သူတို့နဲ့အတူ ပရိသတ်တွေကော အနုပညာမောင်နှမတွေ သူငယ်ချင်းတွေကပါ နောက်ထပ် ရင်သွေးလေးအတွက် ပျော်နေကြပါတယ်။

မေလ(၂၉)ရက်နေ့ ၂၀၁၆ခုနှစ်က ဆီဇာညီညီနဲ့ မေထွဋ်ခေါင် တို့ရဲ့ဟာ နှစ်ယောက်တစ်ဘဝ တည်ထောင်ခဲ့ကြတာပါ။ သူတို့နှစ်ဦးရဲ့ ဘဝထဲကို ၂၀၁၆ခုနှစ် အောက်တိုဘာလက သမီးလေးတစ်ယောက် ဝင်ရောက်လာခဲ့ပါတယ်။ သမီးလေးနာမည်က မေနန်းစံလို့ ခေါ်ပါတယ်။

play
Photo : မေထွဋ်ခေါင် FB

 

သရုပ်ဆောင် မေထွဋ်ခေါင်ဟာ ၂၀၁၇ခုနှစ်က ကျင်းပပြုလုပ်တဲ့ အကယ်ဒမီပေးပွဲမှာ  ရင်ဘက်အရမ်းဟိုက်တဲ့ အင်္ကျီကို ဝတ်ဆင်ခဲ့လို့ ပရိသတ်တွေ တစ်ချို့ရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း အင်္ကျီအဲ့လို ဖြစ်ခဲ့ရခြင်းဟာ သမီးလေး နို့ဆာချိန်တိုင်း ပွဲခင်းထဲမှာ သမီလေးကို နို့တိုက်ခဲ့ရတဲ့ သူမရဲ့ အဖြစ်ကို ပရိသတ်တွေ သိရှိသွားပြီးတဲ့နောက်မှာ သူမရဲ့ မိခင်စိတ်ကို လေးစားသွားကြတာ ပရိသတ်တွေပါးစပ်ဖျား ချီးကျူးခံခဲ့ရတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD