တူတစ်ယောက်လို သားတစ်ယောက်လို ချစ်ရတဲ့ သရုပ်ဆောင် ကျော်ထူးက လာပြီး ကန်တော့တာကြောင့် ဦးမန်းဝင်းတစ် ယောက် ဝမ်းသာမျက်ရည်ကျခဲ့တယ်လို့ ဆိုပါတယ်။

Photo : ဦးမန်းဝင်း FB

 

ဒီနေ့(နိုဝင်ဘာ၈ရက်)မှာ သရုပ်ဆောင် ကျော်ထူးက  လူရွှင်တော် ဦးမန်းဝင်းကို သတိတရနဲ့ သွားကန်တော့ခဲ့တယ်လို့ သိရပါတယ်။ တူတစ်ယောက်လို သားတစ်ယောက်လို ချစ်ရတဲ့ သရုပ်ဆောင် ကျော်ထူးက သူ့ဆီကို လာပြီး ကန်တော့တာကြောင့်ဦးမန်းဝင်းတစ်ယောက် ဝမ်းသာမျက်ရည်ကျခဲ့တယ်လို့ ဆိုပါတယ်။

"တူလို သားလို ညီအစ်ကိုလိုချစ်ရတဲ့ ညီလေးကျော်ထူးက ဒီနေ့ သတိတရနဲ့ လာကန်တော့ တော့ ဝမ်းသာမျက်ရည်ကျမိတယ်။အနုပညာပိုးလဲ ပြန်အသက် ဝင်လာမိတယ်" ဆိုပြီး ဦးမန်းဝင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ နိုဝင်ဘာ(၈)ရက်နေ့က ရေးသားထားပါတယ်။

Photo : ဦးမန်းဝင်း FB

 

သရုပ်ဆောင် ကျော်ထူးရောက်လာတာကြောင့် ဦးမန်းဝင်းရဲ့ အနုပညာပိုးတွေလဲ ပြန်ပြီး အသက်ဝင်လာမိတယ်လို့ ပြောထားတာတွေ့ရပါ တယ်။ ဦးမန်းဝင်းအနေနဲ့ ကျောက်ကပ်ဆေးနေရတာ အကြိမ်(၂၅၀)ကျော် ရှိသွားပြီလို့ သိရပါတယ်။ ဒီနေ့ဒီအချိန်ထိ ကျောက်ထပ်ဆေးဖို့ ကိုလည်း ကူညီခဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြောထားတာတွေ့ရပါတယ်။

Photo : ဦးမန်းဝင်း FB

ဦးမန်းဝင်းအတွက် ကျန်းမာရေးထောက်ပံ့ငွေလှူခဲ့တဲ့ J-me နဲ့ ယုန်လေး 

"ကျွန်တော်ချစ်ရတဲ့ ပရိသတ်ကြီးခင်ဗျာကျွန်တော် အခု ကျောက်ကပ်ဆေးရတာ အကြိမ်၂၅၀ကျော်ရှိသွားပါပြီ။ ခုလို ကျွန်တော့် မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင် ရာသက်ပန်ကျောက်ကပ်အလှူရှင် နှင့် ဆက်သွယ်ပေးပါသော ကိုလူချောတို့အဖွဲ့မှ အကယ်ဒမီကို အောင်ခိုင်၊ ဟာသသရုပ်ဆောင် ဂွမ်းပုံကြီး၊ မြန်မာ့သြဘာနှင့် ဆက်သွယ်ပေးသော သဘင်အစည်းအရုံးမှ သမီးလေးပတ္တမြားကေခိုင်

စင်္ကာပူနိုင်ငံမှ အလှူရှင် ခုနှစ်ရက်သားသမီးများနှင့် ချိတ်ဆက်ပေးသော lazy clubအဖွဲ့မှ ကိုနိုင်ဇော် တို့အား ကျေးဇူးအထူးပင် တင်ရှိပါသည်။

ကျွန်တော့်ကို ခုလိုကူညီလှူဒါန်းပေးသော ခုနှစ်ရက်သားသမီး ထမင်းရှင် ဟင်းရှင် ပရိသတ်ကြီးအားလုံး ကျန်းမာချမ်းသာလန်းဖြာ၍ မရှိစကား မကြားရလေအောင် ဥစ္စာဓနများပေါကြွယ်ဝပါစေ" ဆိုပြီး ဦးမန်းဝင်းက ဆက်လက်ပြောထားပါတယ်။

Photo : ဦးမန်းဝင်း FB

 

ဦးမန်းဝင်းဟာ ကျာက်ကပ်ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိနေပါပြီ။ အဆုတ်အားနည်းတဲ့အတွက် အောက်ဆီဂျင်က အမြဲအမြတ်ပေး နေရပြီး ကျောက်ကပ်လည်း နှစ်ရက်တစ်ကြိမ် ဆေးနေရကာ နေ့တိုင်းလိုလို ဆေးခန်းပြနေရတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က