သမီးလေး ဂျူဝယ်လ် ၄ နှစ်ပြည့်ပါပြီ။

မျိုးစန္ဒီကျော်ရဲ့ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော သမီးလေး အိမ်စည်မြင့်မိုရ်ကျော်(ခ) ဂျူဝယ်လ် လေးက ဒီနေ့မှာ အသက် ၄ နှစ်ပြည့်ပါ ပြီ။ ဂျူဝယ်လ် လေး က တော့ လက်ရှိမှာ ILBC pre school  ကျောင်းမှာ တက်ရောက် ပညာသင်ကြား နေတာပါ။



Photo: မျိုးစန္ဒီကျော်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် မျိုးစန္ဒီကျော်ရဲ့ တစ်ဦးတည်းသော သမီးချောလေး အိမ်စည်မြင့်မိုရ်ကျော်(ခ) ဂျူဝယ်လ်လေးကတော့ (နိုဝင်ဘာလ ၉ )ရက်နေ့ မှာပဲ အသက် ၄ နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ သမီးလေးကိုလည်း အသိပညာ အတတ်ပညာနဲ့ ပြည့်စုံတဲ့ မိန်းကလေး ဖြစ်စေချင်တဲ့ မျိုးစန္ဒီကျော်ရဲ့ မွေးနေ့ဆုတောင်းစကားကိုလည်း အခုလိုပြောပြထားပါတယ်။

'' 9.11.2018 အိမ်စည်မြင့်မိုရ်ကျော် @ Jewel  Happy Birthday ပါ။ မေ့သမီးလေးရေ သမီးလေးရဲ့(၄)နှစ်ပြည့်မွေးနေ့မှစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဘဝတစ်လျှောက်လုံး အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ။ အသိဉာဏ်ပညာနဲ့ ယှဉ်၍ အရာရာကိုရဲရဲဝင့်ဝင့် ပိုင်းခြား ဆုံးဖြတ်နိုင်သော ကိုယ့်အားကိုယ်ကိုးပြီး ထက်မြတ်လိမ္မာသော ကျေးဇူးတရားကိုသိတတ်ပြီး လူအများကချစ်ခင်လေးစားရတဲ့ ပညာတတ် ကြီးဖြစ်ပါစေနော်'' ဆိုပြီးတော့ နိုဝင်ဘာလ ၈ ရက်နေ့ည ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: မျိုးစန္ဒီကျော်ဖေ့စ်ဘွတ်

 

မျိုးစန္ဒီကျော်မှာတော့ အရမ်းကို ချစ်စရာကောင်းပြီး အရမ်းလိမ္မာတဲ့ သမီးလေး jewel ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဂျူဝယ်လ် လေး က တော့ လက်ရှိမှာ ILBC pre school  ကျောင်းမှာ တက်ရောက်ပညာသင်ကြားနေတာပါ။ သမီးလေးကို ပါးစပ်ကနေ ချစ်တယ်လို့ ထုတ် မ ပြော တတ်တဲ့ အကြောင်းတွေကိုလည်း နိုဝင်ဘာလ ၇ ရက်နေ့ ည ၁၂ နာရီ ၁၂ မိနစ်က သူ့ရဲ့ ဖေ့ဘွတ်မှာ ရေးသားခဲ့တာပါ။

 

''ကျွန်မကပါးစပ်ကနေသမီးကိုချစ်တယ်ချစ်တယ်နဲ့ပြောမနေဘူး ။ ပါးစပ်ကချစ်တယ်ပြောရတာတော့အရမ်းလွယ်တာနော် ။ ပါးစပ်ကပြော လိုက် ဖေ့စ်ဘုတ်ပေါ်တက်ရေးလိုက်နဲ့ဟုတ်နေတာပဲ ။ကျွန်မကအလုပ်နဲ့ပဲသက်သေပြတယ်။ အခုကျွန်မအလုပ်လုပ်နေတာ တွေက သမီး အတွက် ချည်းပဲ ။ ကျွန်မရဲ့စိတ်နေသဘောထားနဲ့ ကျွန်မအကြောင်းကိုကျွန်မရဲ့အနီးနားမှာရှိတဲ့သူတွေအကုန်သိတယ် ။ ကျွန်မ အကြောင်း သေချာမသိတဲ့သူတွေကိုသိအောင်ပြောပြတာပါ'' လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: မျိုးစန္ဒီကျော်ဖေ့စ်ဘွတ်

အလုပ်လုပ်နေတာမှန်သမျှက သမီးလေးအတွက်ပါပဲဆိုတဲ့ မျိုးစန္ဒီကျော် 

ဇာတ်ကားမရိုက်တာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်ကို မကြာခင် TV ဖန်သားပြင်ထက်မှာ ပြန်လည် မြင်တွေ့ရတော့မှာပါ။ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့သူမဟာ အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ရတာပါ။ အခုတော့ သူမဟာ သမီးလေးနဲ့ မိသားစုအတွက် အရင်ကထက် အလုပ်တွေ ပိုပြိး ကြိုးစားတော့မယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

Photo: မျိုးစန္ဒီကျော်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် မျိုးစန္ဒီကျော်ဟာ လက်ရှိမှာတော့ မိခင်တစ်ယောက်တည်း အင်အားနဲ့ ပညာသင်ရမယ့် အရွယ်ရောက်နေပြီဖြစ်တဲ့ သမီးလေး ရဲ့ ပညာရေးအတွက် ကျောင်းထားပေးနေရပြီလို့ဆိုပါတယ်။ သူမအနေနဲ့ လုပ်သမျှ အရာရာတိုင်းဟာ သမီးလေး အတွက်ပဲ ဖြစ်တယ် ဆိုတာကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က