သူကတော့ အခု ခရီးတွေထွက်နေရသူပါ။

ကောင်းခန့် ကတော့ အလုပ်ကိစ္စနဲ့ မန္တလေးကို ရောက်ရှိနေတာကြောင့် အိမ်မှာကျန်ခဲ့တဲ့ ဇနီးနဲ့ သမီးလေးကို လွမ်းတဲ့ အ ကြောင်း တွေ ပြောပြ ထားပါတယ်။  သူ့အနေနဲ့ လက်ရှိမှာ အနုပညာအလုပ်အပြင် ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုပါ ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

Photo: ကောင်းခန့်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် ကောင်းခန့်တစ်ယောက် အလုပ်ကိစ္စနဲ့ ခရီးတွေထွက်ရင်း သမီးလေးကြာဖြူကောင်းခန့် နဲ့ ဇနီးရူပါတို့ကို လွမ်းတဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြ ထားပါတယ်။ လက်ရှိမှာတော့ ကောင်းခန့်က မန္တလေးကို ရောက်ရှိနေတာပါ။

'' ကုလေးကို ဖေဖေချစ်တာ ဖေဖေ့ကိုယ် ဖေဖေချစ်တာထက် ပိုတယ် သမီး P.S သမီး မေမေ့ ကိုရောဘဲ'' ဆိုပြီးတော့ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ကောင်းခန့်ရဲ့ သမီးလေးကတော့ အခုဆိုရင် အသက် တစ် နှစ် ပြည့်ပြီးဖြစ်ပါတယ်။

Photo: ကောင်းခန့်ဖေ့စ်ဘွတ်

ချစ်ဇနီးအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ကောင်းခန့် 

သရုပ်ဆောင် ကောင်းခန့်နဲ့ မရူပ တို့ဟာ အိမ်ထောင်သက်တမ်း ၂ နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ သူတို့ရဲ့ သမီးဦးလေး ကြာဖြူကောင်းခန့်(ခ) ကုကုလေး ကိုတော့ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ သမီးလေးက လူချစ်လူခင်များတဲ့ သမီးလေး တစ်ယောက်ဖြစ်လို့နေပါပြီ။

Photo: ကောင်းခန့်ဖေ့စ်ဘွတ်

 

အနုပညာအလုပ်တွေရော၊ တခြားစီးပွားရေးအလုပ်တွေကိုပါ ဆောင်ရွက်နေရတဲ့ ကောင်းခန့်က ဝိတ်ချဖို့အတွက် Gym မဆော့ဘူး လို့ဆိုပါ တယ်။ ဝိတ်ချနေစဉ်အတွင်းမှာလည်း သူ လုပ်စရာရှိတဲ့ စီးပွားရေးအလုပ်တွေ၊ အနုပညာအလုပ်တွေကို ဆက်လက် ဆောင်ရွက်သွားမှာပါလို့ သူက ပြောပါတယ်။

'' Gym တော့ ကျွန်တော်မဆော့ဘူး။ အချိန်မပေးနိုင်လို့ မဆော့ဖြစ်တာပါ၊ တကယ်အရေးကြီးတာက အစားအသောက်ကို အဓိက ထားပြီး တော့ ဝိတ်ချသွားမှာပါ။ အနုပညာအလုပ်တွေကိုလည်း ဆက်လုပ်သွားဦးမှာပါ'' ဆိုပြီးတော့ ဇူလိုင်လ ၂၂ ရက်နေ့တုန်းက သမီးလေး ကြာဖြူ ကောင်းခန့်ရဲ့ မွေးနေ့ပွဲမှာ Duwun Media ကို ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: ကောင်းခန့်ဖေ့စ်ဘွတ်

 

သရုပ်ဆောင်ကောင်းခန့်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ပညာ ပေး ဇာတ်လမ်းတိုတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။ ကောင်းခန့်ဟာ အိမ်ထောင်ရှင်ဘဝ ရောက်ရှိသွားချိန် မှာတော့ အရင်တုန်းကလောက် အနုပညာအလုပ်တွေ လုပ်တာ သိပ်မတွေ့ရတော့ပါဘူး။

Share

Loading Next Article...
က္က