သားလေးကလည်း ဝါသနာပါပုံရတယ်။

ကောင်းကောင်းတစ်ယောက် သားလေးကို  ပီယာနိုတီးတာ လေ့ကျင့်ပေးနေပြီဖြစ်ပါတယ်။ သူ့ရဲ့ဇနီးချောလေးနဲ့ တစ်ဦးတည်း သော သားလေး အိုမဟာ ကို ချစ်တဲ့ ပရိသတ်တွေကတော့ အများကြီးပါပဲ။

Photo: ကောင်းကောင်းဖေ့စ်ဘွတ်

 

အဆိုတော် ကောင်းကောင်း တစ်ယောက် သူ့ရဲ့ တစ်ဦးတည်းသော သားလေး အိုမဟာကို ပီယာနိုတီးတတ်အောင် လေ့ကျင့်ပေးနေပြီလို့ သိရပါတယ်။ သားလေး ဟာ ၁၀ လကျော်ကျော်လေးပဲ ရှိသေးတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ အမူအယာလေးတွေ လုပ်တတ်လို့လည်း ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

'' အိုမဟာလေးက ၁၀လ စွန်းစွန်းပဲရှိသေးတာ ကဲ ကားလဲမောင်းနေပြီလိုက်ထိန်းစရာတောင်မလိုဆရာကျနေတာ Piano လဲတီးနေပြီ

မနိုင်တော့ဘူး'' ဆိုပြီးတော့ မိုင်းမိုင်း ရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီခွဲက တင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ကောင်း ကောင်းနဲ့ သားလေးတို့ရဲ့ ပီယာနို တီးနေတဲ့ ပုံလေးတွေကိုလည်း အမှတ်တရ တင်ထားတာ တွေ့ရပါတယ်။

Photo: ကောင်းကောင်းဖေ့စ်ဘွတ်

 

အဆိုတော်ကောင်းကောင်းက အခုဆိုရင် ချောမောလှပတဲ့ ဇနီးလေးနီလာထူး နဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင် ထား နိုင်ပါပြီ။ လွတ်လပ်တဲ့ ဇနီးမောင်နှံ နှစ်ယောက်မှာ ချစ်စရာသားလေးရှိလာပြီဖြစ်လို့ အရမ်းကို ပြည့်စုံတယ်လို့ ဆိုပါတယ်။ သားလေးရဲ့ ထူးခြားချက်တွေကိုလည်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာပြောပြခဲ့ပါသေးတယ်။

'' သားလေးရဲ့ ထူးခြားချက်က Ever Smile ပဲ သူအိပ်ရာနိုးလာတာနဲ့ အမြဲတမ်းပြုံးနေတော့တာပဲ။ ညဘက်ဆိုလည်း သူက အိပ်လိုက်နိုးလိုက် ဆိုတော့ ကိုယ်တွေကိုယ်တိုင် နို့ထဖျော်ပေးရတာတွေရှိတယ်။ မနက်ပိုင်းဆိုလည်း ကျွန်တော်တို့ထက် အိပ်ရာစောစောနိုးပြီး အဖေကို စလိုက်၊ အမေကို စလိုက်နဲ့ တော်တော်ကို ချစ်စရာကောင်းပါတယ်'' လို့ သူကဆိုပါတယ်။

Photo: ကောင်းကောင်းဖေ့စ်ဘွတ်

ချစ်ဇနီးလေးအကြောင်း သီချင်းရေးထားတယ်ဆိုတဲ့ ကောင်းကောင်း 

ဂီတနဲ့ ပတ်သက်ပြီး သီချင်းရေးလိုက်၊ သီချင်းဆိုလိုက် နဲ့ အလုပ်တွေရှုပ်နေတဲ့ အဆိုတော် ကောင်းကောင်းကတော့ သူ့ရဲ့ ဇနီးလေးက ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်လို့သိရပါတယ်။ အစစအရာရာ ပံ့ပိုးပေးတဲ့ ဇနီးလေး အကြောင်းကိုလည်း သြဂုတ်လ ၁၂ ရက်နေ့က A moment of Love Wedding Showcase ပွဲကြီးမှာ Duwun Media ကိုပြောပြခဲ့ပါတယ်။

'' ဇနီးဖြစ်သူကလည်း အရမ်း ပံ့ပိုးပေးပါတယ်။ ကျွန်တော် သီချင်းရေးတဲ့အခါမှာလည်း သူက ကော်ဖီပေါ့ပေါ့လေးကြိုက်တော့ အမြဲတမ်း ကော်ဖီဖျော်ပေးတယ်။ ကျွန်တော်မအိပ်ပဲနဲ့ သူမအိပ်ဘူး ကလေးတာဝန်လည်း သူက ပိုယူရတာ ပိုပင်ပန်းတယ်။ ကျွန်တော့်ရဲ့ အစစအရာရာ ကအစ သူဖြည့်ဆည်းပေးတယ်ဆိုတော့ အရမ်းကို ချစ်ဖို့ကောင်းပါတယ်'' လု့ိ ကောင်းကောင်းက ပြောပါတယ်။

Photo: ကောင်းကောင်းဖေ့စ်ဘွတ်

 

အဆိုတော်ကောင်းကောင်းက အခုလက်ရှိမှာ မိသားစုကို အချိန်ပိုပေးရင်း သီချင်းတွေ ရေးနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် အခွေထွက်နိုင်ဖိို့လည်း ကြိုးစားနေတာဖြစ်ပါတယ်။ကောင်းကောင်းဟာ အိမ်ထောင်ပြုပြီးသွားတဲ့နောက် ပရိသတ်အရှေ့ သိပ်မရောက်ဖြစ် တဲ့အတွက် အဆိုတော်မလုပ်တော့ဘူးလားလို့ မေးတဲ့ ပရိသတ်တွေတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က