မင်္ဂလာ လက်ကိုင်ပန်းစည်းလေး ပိုင်ဆိုင်ခဲ့ပါတယ်တဲ့။

ရွှေထူးနဲ့ ရွှေမှုံရတီ တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ အဆိုတော် ပိုပိုက မင်္ဂလာလက်ကိုင် ပန်းစည်းလေးကို ပိုင်ဆိုင်ခွင့် ရလိုက်တာကြောင့် မကြာခင် စွံတော့မယ်လို့ စိတ်လှုပ်ရှားရင်း ပြောပြခဲ့ပါတယ်။ လက်ရှိမှာတော့ ပိုပိုက ချစ်သူ မရှိသေးတဲ့ ခပ်ချောချော ကောင်မလေး တစ် ယောက်ဖြစ်ပါတယ်။

Photo: ပိုပို Page

 

အဆိုတော်မလေး ပိုပို တစ်ယောက် နိုဝင်ဘာလ ၁၁ ရက်နေ့ညက ရွှေထူးနဲ့ ရွှေမှုံရတီ တို့ရဲ့  မင်္ဂလာ ညစာစားပွဲကို တက်ရောက်ရင်း မင်္ဂလာ လက်ကိုင်ပန်းစည်း ပိုင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ မမ အပျိုကြီးတစ်ယောက် စွံတော့မယ် လို့လည်း ပြောပြထားပါသေးတယ်။

''သတို့သမီး လက်ကိုင်ပန်း မထင်မှတ်ပဲ ဖမ်းမိလိုက်တဲ့ မတ်မတ် အပျိူကြီး စွံတော့မယ် စွံတော့မယ်။ ကဲကဲ တန်းစီ မောင်လေးတို့ အစ်ကိုကြီး တို့။ Congratulation Shwe Htoo+ Shwe Mhone yat'' ဆိုပြီးတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ပိုပို Page

 

အချစ်အကြောင်း သီချင်းလေးတွေ အမြဲ သီဆို တတ်တဲ့ အဆိုတော်မလေး ပိုပိုက လက်ရှိမှာတော့ Single တစ်ယောက်ပါလို့ သိရပါတယ်။ လက်ရှိမှာ ပညာရေးနဲ့ အနုပညာအလုပ်တွေကို ဦးစားပေးနေရတာကြောင့် အချစ်ရေးကို မတွေးသေးတဲ့အကြောင်းကို နိုဝင်ဘာလ ၂ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

'' ကျွန်မ ကို သူ့ အသက်လောက်ချစ်မယ့် သူကိုသာသူ့လက်ထဲ ကျွန်မဘဝ ကို ထည့်ပေးဝံ့မှာပါ။ အဲ့ဒီ့လူကို ကျမ မတွေ့သေးဘူး ဒါကြောင့် ဘုရင်မ တစ်ပါးလို အမြဲ လှလှ ပပ လေး နေလို့ရပြီး ချစ်စရာကောင်းတဲ့ မတ်မတ်ကို အပျိူကြီးလို့ပဲ ဆက်ခေါ်နိုင်ပါတယ်။ အဲ့ဒီ့ အပျိုကြီး ဂုဏ် ပုဒ်ကို ကျွန်မချစ်တယ်။ ထူးခြားချက်က ၂၈ ကျော်ဆိုပေမဲ့ ၁၈ လောက် ထင်နေလောက်အောင် လှနေတာပါပဲ အယ့်လယ်'' လို့ ဆက်လက် ပြောပြထားပါသေးတယ်။

Photo: ပိုပို Page

ချစ်သူ မထားသေးတဲ့အကြောင်း ပြောလာတဲ့ ပိုပို 

ပိုပိုဟာ အခုလက်ရှိမှာတော့ ဒဂုံတက္ကသိုလ် မှာ အဝေးသင်ကျောင်းသူအဖြစ် ဥပဒေမေဂျာကို လေ့လာဆည်းပူးနေသူဖြစ်ပါတယ်။ အဝေးသင် ကျောင်းသူဖြစ်တာကြောင့် စာမေးပွဲ မဖြေခင် အနီးကပ် ကျောင်း ၁၀ ရက်တက်နေတယ်လို့ သိရပါတယ်။ ပညာရေးမှာလည်း ကြိုးစားနေရတဲ့ အဆိုတော်မလေး ပိုပိုက အနုပညာဘက်မှာလည်း ပရိသတ်နဲ့ အဆက်မပြတ်သွားဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

Photo: ပိုပို Page

 

ပိုပိုရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ Master Piece တစ်ကိုယ်တော် MTV အခွေလေးကို စက်တင်ဘာလ ၉ ရက်နေ့က The Sun Music Production ကနေ ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ဒီ MTV မှာ အောင်ရဲလင်းက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အမိုက်စားတင်ဆက်မှုတွေနဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုအများကြီး ရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က